အခြေအနေအမျိုးမျိုးကြောင့် Working From Home လုပ်နေရတဲ့သူတွေအတွက် သိထားဖို့လိုမယ့်အရာတွေကို မျှဝေပေးလိုက်ပါတယ်။

Schedule လုပ်ပါ

ကိုယ်လုပ်ရမယ့်အလုပ်တွေကို ဘယ်နေ့မှာဘာလုပ်ရမယ်ဆိုတာ သေချာ Schedule လုပ်ပါ။ အလုပ်သွားနေရသလိုပဲ ဘယ်အချိန်ကစလုပ်မယ်ဆိုတာမျိုး သတ်မှတ်ထားပါ။ ဒီလိုစနစ်တကျမလုပ်ရင် အလုပ်လုပ်ရတာစိတ်မပါပဲ ပျင်းရိလာတာ၊ အလုပ်တွေပုံလာတာမျိုး ဖြစ်တတ်ပါတယ်။

မနက်ပိုင်းကစလုပ်ပါ

Working From Home လုပ်ရတယ်ဆိုပြီး တစ်နေ့တာအလုပ်ပြီးရင် ပြီးတာပဲ လုပ်ချင်တဲ့အချိန်မှလုပ်မယ် ဆိုတာမျိုး မဖြစ်ပါစေနဲ့ အလုပ်သွားနေရသလိုပဲ မနက်ပိုင်းကစလုပ်ပါ။ ဥပမာ ၉ နာရီဆို ၉ နာရီမှာ နေ့တိုင်း အလုပ်စလုပ်တာမျိုးပေါ့။ ဒီလိုအချိန်သတ်မှတ်ပြီး အလုပ်ချိန်မှာ အလုပ်ပဲလုပ်မှသာ ကိုယ့်အလုပ်လည်း မြန်မြန်ပြီးမယ်၊ နားရတဲ့အချိန်လည် ပိုထွက်လာပါမယ်။

ကိုယ်အလုပ်လုပ်တဲ့နေရာကိုသီးသန့်ထားပါ

အိမ်မှာအလုပ်လုပ်တယ်ဆိုရင် ဟိုလူစကားပြောလည်း နားထောင်ချင်၊ ဒီလူစကားပြောလည်း နားထောင်ချင်နဲ့ အလုပ်ထဲအာရုံသိပ်မရောက်ပါဘူး။ ဒါကြောင့် ကိုယ်အလုပ်လုပ်တဲ့နေရာကို သီးသန့်ထားပေးပါ။ လေကောင်းလေသန့်ရတဲ့နေရာ၊ တိတ်ဆိတ်တဲ့နေရာမျိုးမှာ သီးသန့်တစ်ယောက်ထဲလုပ်တာက အလုပ်အပေါ်မှာ ပိုပြီးစိတ်ဝင်စားမှုရစေပါတယ်။

နားချိန်သတ်မှတ်ပါ

Working From Home မှာလည်း နားချိန်သတ်မှတ်ပါ။ ထမင်းစားချိန်သတ်မှတ်ပါ။ နားမယ့်အချိန် ၁၅ မိနစ်လောက် သတ်မှတ်ပြီးနားပါ။ လမ်းထလျှောက်တာ၊ အကြောဆန့်တာမျိုးလုပ်ပေးပါ။ ဒါမှလည်း အညောင်းမိတာ၊ Stress ပိတာမျိုး မဖြစ်မှာပါ။

အလုပ်ကိုအကြွေးမထားပါနဲ့

အရေးကြီးတာကတော့ ဘယ်လောက်ပဲ Working From Home ဖြစ်နေပါစေ အလုပ်ကို အကြွေးမထားပါနဲ့။ ဒီနေ့လုပ်ရမယ့်အလုပ်ဆိုရင် ဒီနေ့ပြီးအောင်လုပ်ပါ။ နောက်နေ့ကိုသယ်မသွားပါနဲ့။

အလုပ်ပြီးရင်အပြည့်အဝအနားယူပါ

Working From Home လုပ်နေရတယ်ဆိုပြီး ဖုန်းသုံးလိုက်၊ အလုပ်လုပ်လိုက်နဲ့ဆိုရင် အလုပ်ကတော်ရုံနဲ့မပြီးပါဘူး။ ဖုန်းကိုင်လိုက်တာနဲ့ မျောပြီး နာရီလောက်က အလုပ်ဆက်မလုပ်ဖြစ်တော့ပါဘူး။ ဒါကြောင့် ကိုယ်သတ်မှတ်ထားတဲ့ အလုပ်ချိန်မှာ အလုပ်ကိုပဲအာရုံစိုက်လုပ်ပါ။ ဖုန်းသုံးတာမျိုးမလုပ်ပါနဲ့။ သီချင်းနားထောင်တာမျိုးလောက်ပဲ လုပ်ပေးပါ။ အလုပ်အားလုံးပြီမှသာ အပြည့်အဝကို အနားယူပစ်လိုက်ပါ။

photo source:www.freepik.com