ဂျာမန်လူမျိုးနည်းပြ သောမတ်စ်တူဟယ်လ်ကတော့ ချယ်လ်ဆီးအသင်းကို စတင်ရောက်ရှိလာပြီးနောက်ပိုင်းကတည်းက အသင်းကို ပရီးမီးယားလိဂ်မှာ Top 4 အတွင်းရောက်အောင် စွမ်းဆောင်ထားသလို အက်အေဖလားမှာလည်း ဗိုလ်လုပွဲထိရောက်အောင် ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ဆီမီးဖိုင်နယ်အထိ တတ်လှမ်းထားအောင် အကောင်းဆုံးလုပ်ဆောင်ထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ချယ်လ်ဆီးအသင်းဟာလည်း ခံစစ်ပိုင်းမှာ အရမ်းကို ကျစ်လစ်လာခဲ့ပြီး Clean Sheet တွေကိုလည်း ပွဲအရေအတွက်များစွာ ရယူလာနိုင်ခဲ့ပါတယ်။

Photo Credit : Goal

တူဟယ်လ်ရဲ့ ချယ်လ်ဆီးအသင်းဟာ မနေ့ညက ဖူလ်ဟမ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ လန်ဒန်ဒါဘီ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ကွင်းလယ်တိုက်စစ်ကစားသမား ကိုင်းလ်ဟားဗက်ဇ်ရဲ့သွင်းဂိုးတွေနဲ့ (၂)ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။ ဒီ Clean Sheet နိုင်ပွဲကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ဘယ်နည်းပြကမှ မရယူနိုင်ခဲ့ဖူးတဲ့ စံချိန်မှတ်တမ်းကောင်းတစ်ခုကိုပါ ချယ်လ်ဆီးနည်းပြ တူဟယ်လ်က ပိုင်ဆိုင်သွားခဲ့ရပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ နည်းပြခဲ့ကြတဲ့ နည်းပြတွေထဲကမှ အဖွင့်(၁၅)ပွဲအတွင်း (၁၀)ပွဲအထိကို Clean Sheet ရယူနိုင်ခဲ့တဲ့ နည်းပြက (၂)ယောက်ရှိခဲ့ပြီး အဲ့ဒီ(၂)ယောက်လုံးက ချယ်လ်ဆီးနည်းပြဟောင်းတွေဖြစ်တဲ့ ဟိုဆေးမော်ရင်ဟိုနဲ့ စကိုလာရီတို့ ဖြစ်ကြပါတယ်။

Photo Credit : Goal

အခုတော့ တူဟယ်လ်က ဒီနည်းပြတွေကိုပါ ကျော်လွန်ပြီး သူရဲ့ပရီးမီးယားလိဂ် အဖွင့်ပွဲ(၁၅)ပွဲမှာ ဂိုးမပေးခဲ့ရတဲ့ Clean Sheet ပွဲအရေအတွက်ပေါင်း (၁၁)ပွဲအထိကို ရယူနိုင်ခဲ့တာကြောင့် စံချိန်မှတ်တမ်းတစ်ခုကို ရေးထိုးသွားနိုင်ခဲ့တာဖြစ်ပါတယ်။ တူဟယ်လ်ဟာ တိုက်စစ်ပိုင်းကို အသားပေးတဲ့ နည်းပြမျိုးဖြစ်ပေမယ့် ချယ်လ်ဆီးကို စတင်ကိုင်တွယ်ချိန်မှာတော့ ခံစစ်ပိုင်းကို အကျစ်လစ်ဆုံးဖြစ်အောင် အရင်တည်ဆောက်ခဲ့ပါတယ်။ တူဟယ်လ်ရဲ့ ကိုင်တွယ်မှုတွေနဲ့ ချယ်လ်ဆီးအသင်းဟာလည်း ဆုဖလား(၂)လုံးလမ်းကြောင်းမှာ ဆက်လက်ရပ်တည်နေဆဲဖြစ်သလို ဒီရာသီ ပရီးမီးယားလိဂ်မှာလည်း အဆင့်(၄)နဲ့ ရာသီသိမ်းနိုင်ဖို့က အခြေအနေကောင်းနေခဲ့ရပါတယ်။ တူဟယ်လ်ရဲ့ ချယ်လ်ဆီးအသင်းဟာ ဒီတစ်ပတ်ရဲ့ကြားရက်မှာတော့ သူတို့ရဲ့ စတမ်းဖိုဒ့်ဘရစ်ကွင်းထဲမှာ ရီးယဲလ်မက်ဒရစ်အသင်းကို ဧည့်ခံကစားသွားရမှာဖြစ်ပြီး စပိန်မြေမှာ ကစားခဲ့တဲ့ ပထမအကျော့ပွဲအတွင်း အဝေးဂိုးရထားခဲ့လို့ တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို သွားရောက်ကစားရဖို့ အခြေအနေကောင်းနေပါတယ်။

The post ခံစစ်ပိုင်းနဲ့ပတ်သက်ပြီး ပရီးမီးယားလိဂ်မှာ စံချိန်သစ်တစ်ခုကို စိုက်ထူသွားနိုင်ခဲ့တဲ့ တူဟယ်လ် appeared first on MySport Myanmar.