ပရီးမီးယားလိဂ် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြဖြစ်သူ အိုလေဂန်နာ ဆိုးလ်ရှား ကတော့ ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ်မှာ ချန်ပီယံရှစ် ကလပ် ဝက်ဖို့ဒ်အသင်းကို တစ်ဂိုး ဂိုးမရှိ ဆိုတဲ့ ရလဒ်နဲ့ အနိုင် ကစားခဲ့ပြီး နောက်မှာတော့ အဆိုပါ ပွဲစဉ်မှာ အသင်းရဲ့ အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူ ကစားခဲ့တဲ့ ကွင်းလယ်လူ တော်မီနေးကို ချီးကျူးမှုတွေ ပြုလုပ် သွားခဲ့ပါတယ်။ စကော့တလန် လက်ရွေးစင် ကွင်းလယ်လူ တစ်ဦးဖြစ်တဲ့ တော်မီနေးဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အကယ်ဒမီထွက် ကစားသမား တစ်ဦးဖြစ်ပြီး ဝက်ဖို့ဒ်အသင်းနဲ့ ပွဲစဉ်မှာလည်း အသင်းအတွက် တစ်လုံးထဲသော အနိုင်ဂိုးကို ပွဲကစားချိန် ၅မိနစ်မှာ ခေါင်းတိုက်ကာ သွင်းယူပေးခဲ့ပါတယ်။

Photo Credit: Metro

အဆိုပါ ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြဖြစ်သူ အိုလေဂန်နာ ဆိုးလ်ရှားဟာ အရန် ကစားသမား အများစုကို နေရာပေးခဲ့ပြီး မာတာလို ဝါရင့် ကစားသမား တစ်ဦး ပါဝင်နေပေမယ့် ဆိုးလ်ရှားက တော်မီနေးကို ယုံယုံကြည်ကြည်နဲ့ပဲ အသင်းခေါင်းဆောင် လုပ်ခိုင်းခဲ့ပါတယ်။ အကျိုးဆက် အနေနဲ့ ဝက်ဖို့ဒ်အသင်းနဲ့ ပွဲစဉ်မှာ တော်မီနေးရဲ့ ကစားပုံဟာ အတော်လေးကို ကောင်းမွန်ခဲ့ပြီး အသင်းအတွက် အနိုင်ဂိုးကိုလည်း သွင်းယူ ပေးနိုင်ခဲ့ပါတယ်။ ဆိုးလ်ရှား ကတော့ ဝက်ဖို့ဒ်အသင်းနဲ့ ပွဲစဉ် ပြီးဆုံးချိန်မှာ ခြေစွမ်းပြ ကစားနိုင်ခဲ့တဲ့ တော်မီနေးကို ချီးကျူးမှုတွေ ပြုလုပ် သွားခဲ့ပြီး တော်မီနေးဟာ မွန်းစတား တစ်ကောင် ဖြစ်သလို ဂိုးသွင်းနိုင်ခဲ့တဲ့ အတွက်လည်း ပျော်ရွှင်မိတယ် လို့ ဆိုသွားပါတယ်။

Photo Credit: Metro

တော်မီနေးရဲ့ ခြေစွမ်းနဲ့ ပတ်သတ်ပြီး ဆိုးလ်ရှားက “စကော့က အရမ်းကောင်းတဲ့ ရာသီတစ်ခုကို ပိုင်ဆိုင် ထားပါတယ်။ သူက တဖြည်းဖြည်းနဲ့ တစ်ဖက်အသင်း အတွက် အန္တရာယ် ရှိတဲ့ ကစားသမား တစ်ဦး ဖြစ်လာပါပြီ။ သူဟာ Box to Box ကစားသမား တစ်ဦး ဖြစ်နိုင်တယ် ဆိုတာကို ကျွန်တော်တို့ နားလည် ထားကြပါတယ်။ အရင်တုန်းက သူဟာ တည်ကန်ဘောတွေ ကနေ သွင်းဂိုးတွေ ပိုမို သွင်းယူနိုင်သင့်တဲ့ အခြေအနေမှာ ရှိပါတယ်။ အခုချိန်မှာတော့ မွန်းစတား တစ်ကောင်လို ဖြစ်နေပါပြီ။ အခုလို သွင်းဂိုးတစ်ဂိုး ရရှိခဲ့တာကြောင့် သူ့အတွက် ပျော်ရွှင်မိပါတယ်။ ဒီလို ဖလားပွဲစဉ်တွေမှာ အရေးအကြီးဆုံးက နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ဖို့ပါပဲ။ အခုချိန်မှာတော့ လူတိုင်းက ပျော်ရွှင်နေကြပါတယ်။ ဒါပေမယ့် ပွဲအစ ၁၅မိနစ် – မိနစ် ၂၀လောက် ဝန်းကျင်ကပဲ ကျွန်တော်တို့ အတွက် ဒီပွဲမှာ အကောင်းဆုံး ဖြစ်ခဲ့တဲ့ အခိုက်အတန့်ပါ” လို့ ပြောကြား သွားပါတယ်။

The post အသင်းခေါင်းဆောင် တော်မီနေးကို မွန်းစတား တစ်ကောင်လို့ ချီးကျူးခဲ့တဲ့ ဆိုးလ်ရှား appeared first on MySport Myanmar.