ပရီးမီးယားလိဂ်ရဲ့ လက်ရှိချန်ပီယံဖြစ်တဲ့ လီဗာပူးလ်အသင်းကတော့ မနေ့ညက ကစားသွားခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာ မမျှော်လင့်ပဲ ဘန်လေအသင်းကို အိမ်ကွင်းအန်ဖီးလ်မှာ အက်ရှ်လေဘန်းစ်ရဲ့ တစ်လုံးတည်းသော ပင်နယ်တီသွင်းဂိုးနဲ့ အရေးနိမ့်ခဲ့ရပြီး ၂၀၁ရခုနှစ်ကတည်းက တင်ရှိထားခဲ့ရတဲ့ အိမ်ကွင်းရှုံးပွဲမရှိစံချိန်လည်း ကျိုးပျက်ခဲ့ရသလို လက်ရှိအမှတ်ပေးဇယားထိပ်ကို ရောက်ရှိနေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့လည်း ရမှတ်(၆)မှတ်အထိကို ကွာဟသွားခဲ့ရပါတယ်။

Photo Credit : Daily Mail

ဒီရှုံးပွဲက လီဗာပူးလ်ပရိသတ်တွေတင်မကပဲ ဘောလုံးပရိသတ်တွေအားလုံးကိုပါ ရှော့ခ်ရသွားစေခဲ့ပြီး လီဗာပူးလ်အသင်းရဲ့ လတ်တလော From အပေါ်မှာလည်း မေးခွန်းထုတ်စရာ ဖြစ်နေခဲ့ရပါတယ်။ အခုဆိုရင် ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း လီဗာပူးလ်အသင်း ဂိုးမသွင်းနိုင်တာဟာ (၄)ပွဲဆက်တိုက်အထိကို ဖြစ်လာခဲ့ရပြီး ဒီအခြေအနေတွေအရဆိုရင် ချန်ပီယံဆုကို ဆက်လက်ကာကွယ်ဖို့ထက် Top 4 အတွင်း ဝင်ရောက်နိုင်အောင် မနည်းရုန်းကန်ရမယ်လို့ အသင်းသားဟောင်း ဂျင်မီကာရေဂါက သတိပေးပြောဆိုသွားခဲ့ပါတယ်။ ကာရေဂါက “ချန်ပီယံဆုဖလားနဲ့တော့ လွဲချော်ရဖွယ် ရှိလာနိုင်တယ်။ အခုအချိန်မှာက သူတို့တွေအတွက် အလွန်ခက်ခဲနေတဲ့ ကာလတစ်ခုလညး ဖြစ်နေနိုင်တယ်”

Photo Credit : Daily Mail

“ဇယားထိပ်နဲ့လည်း ရမှတ်(၆)မှတ်ထိ ကွာဟသွားခဲ့ရပြီ။ ဒါက ပြန်လိုက်လို့ရနိုင်သေးတဲ့ အနေအထားမျိုး ဆိုပေမယ့်လည်း သူတို့ရဲ့လက်ရှိကစားပုံ လာမယ့်(၂)လလောက်အတွင်း ရင်ဆိုင်ရဦးမယ့် ပွဲစဉ်တွေကြောင့် အတော်လေးတော့ ခက်ခဲသွားနိုင်တယ်။ သူတို့တွေအနေနဲ့ ချန်ပီယံဆုဖလားကို ကာကွယ်ဖို့ထက် Top 4 အတွင်း ဝင်ရောက်နိုင်ဖို့အတွက်ကိုပါ စတင်ပူပန်ရပါတော့မယ်။ ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့အတွက် တွေးဆမှုတွေ မပြုလုပ်ခင် နိုင်ပွဲတွေ ပြန်လည်ယူဆောင်ရမယ်။ သွင်းဂိုးတွေ ပြန်လည်ရရှိအောင် လုပ်ဆောင်ရပါမယ်။ သူတို့က အခုဆို ရလဒ်တွေ ဆိုးရွှားနေပါပြီ။ ကလော့အနေနဲ့လည်း သူ့အသင်းက ပဲလေ့စ်လို (၇)ဂိုးပြတ်နဲ့ကို အနိုင်ရပြီးနောက်ပိုင်းမှ ဘာတွေဖြစ်သွားရသလဲဆိုတာကို နားလည်နိုင်မှာ မဟုတ်ဘူး။ ကစားသမားများစွာကလည်း တချိန်တည်းမှာပဲ သူတို့ရဲ့ Form တွေ အကုန်ကျသွားခဲ့ရတယ်။ သူတို့တွေ ဘယ်လိုများ ဆက်ကစားနိုင်မလဲဆိုတာ စဉ်းစားရတော့မယ်။ ဒီနှစ်ဘောလုံးရာသီအတွင်း အဆင့်(၄)အတွင်း ဝင်ရောက်ဖို့အတွက် အသင်းများစွာက အပြိုင်အဆိုင်ဖြစ်နေကြတာဆိုတော့ ဒါကို လီဗာပူးလ်တို့ သတိထားရမယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ လီဗာပူးလ်ဟာ လာမယ့်တနင်္ဂနွေနေ့မှာတော့ အက်အေဖလား စတုတ္ထအဆင့်ပွဲစဉ်အဖြစ် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အိုးထရက်ဖိုဒ့်ကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး နောက်တစ်ဆင့်ကို တတ်လှမ်းဖို့အတွက် အကြိတ်အနယ် ကြိုးပမ်းရဖွယ် ရှိနေပါတယ်။

The post လီဗာပူးလ်အသင်းသားတွေအနေနဲ့ Top 4 အတွင်း ဝင်ဖို့ကိုတောင် စိုးရိမ်နေရပြီလို့ ကာရေဂါပြောဆို appeared first on MySport Myanmar.