Relationship တစ်ခုမှာ သည်းမခံနိုင်တော့တဲ့ အခြေအနေတစ်ခုကို ရောက်လာပြီဆိုရင် လူတိုင်းက စိတ်ကုန်လာတတ်ကြတယ်။ စိတ်ပျက်လာတတ်ကြတယ်။ ဒါကြီးကို လွှတ်ချလိုက်ချင်တဲ့စိတ်တွေ ပေါ်လာတတ်ပါတယ်။ သင်ကိုယ်တိုင်ကော သင့်ရည်းစားကို စိတ်ကုန်နေပြီလားဆိုတာ ဒီအချက်တွေနဲ့တင် သိနိုင်ပါတယ်။

သူပို့တဲ့စာတွေကိုလျစ်လျူရှုမိလာမယ်

သူ့ဘက်ကစာတွေပို့ရင်လည်း အရင်ကဆို Reply ပြန်ပြီး Chat နေပြောနေပေမယ့် အခုတော့ သူပို့တဲ့စာတွေကို လျစ်လျူရှုမိလာမယ်။ စာပြန်ချင်စိတ်လည်းမရှိဘူး၊ မကောင်းတတ်လို့စာပြန်နေရတဲ့ပုံစံမျိုး၊ အကြာကြီးနေမှ စာပြန်မိတာမျိုးတွေ ဖြစ်လာတယ်ဆိုတာက သင်သူ့ကိုစိတ်ကုန်လာတဲ့အချိန်မှာ ဖြစ်တာပါ။

အရင်လောက်လည်းစကားမပြောချင်တော့ဘူး

အရင်ကတော့ ကိုယ့်ရည်းစားနဲ့ စကားတွေပြောချင်တယ်၊ ပြောစရာစကားတွေကလည်း မကုန်နိုင်ဘူး။ ဒါပေမယ့် ကိုယ့်ရည်းစားကို ကိုယ်တိုင်စိတ်ကုန်နေပြီဖြစ်တဲ့ နောက်ပိုင်းမှာတော့ လုပ်ယူစရာမလိုပဲ အလိုလိုပြောင်းလဲလာပါတယ်။ အရင်လောက်လည်း စကားတွေမပြောချင်တော့ပါဘူး။ တစ်ယောက်ထဲနေရတာကပဲ ပိုပျော်စရာကောင်းသလို ဖြစ်လာပါတယ်။ သင့်အကြောင်းတွေလည်း သူ့ကိုမပြောပြတော့သလို သင်လုပ်မယ့်အရာတွေကိုလည်း အသိပေးမနေတော့ပါဘူး။။

တွေ့လည်းမတွေ့ချင်တော့ဘူး

ကိုယ့်စိတ်ထဲမှာ သူ့ကိုစိတ်ကုန်နေပြီဖြစ်တဲ့အတွက် သူနဲ့တွေ့ပြီး အတူတူသွားလာစားသောက်တာမျိုး၊ ဒိတ်တာမျိုးတွေလည်း လုပ်ချင်တော့မှာမဟုတ်ပါဘူး။ စိတ်ကပြောင်းလဲလာပြီဆိုရင် ဘာမှလုပ်ယူလို့မရတော့ပါဘူး။

သူနဲ့ပတ်သက်တာတွေကိုစိတ်မဝင်စားတော့ဘူး

အရင်ကတော့ သူမပြောပြရင်တောင် လိုက်မေးပြီး သူ့အကြောင်းတွေစိတ်ဝင်စားပေမယ့် စိတ်ကုန်လာတဲ့နောက်ပိုင်းမှာတော့ သူပြောပြနေရင်တောင် စိတ်မဝင်စားတော့ဘူး။ သူနဲ့ပတ်သက်တာတွေလည်း စိတ်မဝင်စားတော့ဘူး။ သိချင်စိတ်မရှိတော့ဘူး။ သူလည်းလုပ်ချင်တာလုပ်၊ ငါလည်းလုပ်ချင်တာလုပ်မယ်၊ ပျော်သလိုနေမယ်ဆိုတဲ့စိတ်မျိုး ဝင်လာတတ်ပါတယ်။

သူနဲ့ပတ်သက်ပြီးခံစားချက်ကသိသိသာသာကိုအေးစက်လာမယ်

တကယ်ကိုယ့်ရည်းစားကို စိတ်ကုန်လာပြီဆိုရင် ဘယ်လိုမှလုပ်ယူလို့မရတော့ပါဘူး။ အရာရာတိုင်းက အရင်နဲ့လုံးဝမတူပဲကို ပြောင်းလဲသွားတာပါ။ သူနဲ့ပတ်သက်ပြီး ခံစားချက်တွေက အေးစက်လာမယ်။ သူ့ကိုပြောဆိုဆက်ဆံတဲ့ပုံစံတွေကလည်း အေးစက်ပြီးပြောင်းလဲလာပါမယ်။

အပေါ်ကအချက်တွေအားလုံးနီးပါးနဲ့ တိုက်ဆိုင်နေပြီဆိုရင်တော့ သင့်ဘက်က စိတ်ကုန်ရုံတင်မဟုတ်ဘူး သူနဲ့တွဲချင်စိတ်ပါ မရှိတော့တာ၊ ပြတ်ချင်နေတာပါ။ သင့်ဘက်က မချစ်တော့ပဲ ပြတ်ချင်နေတာ သေချာရင်တော့ ပွင့်ပွင့်လင်းလင်းပြောပြီး လမ်းခွဲလိုက်တာ နှစ်ယောက်လုံးအတွက် ပိုကောင်းမှာပါ။ မဟုတ်ရင် ကိုယ်ကပြောင်းလဲပြီး ခံစားချက်မရှိတော့ပဲ တွဲနေရတဲ့အတွက် ကိုယ်လည်းပင်ပန်းတယ်၊ တစ်ဖက်လူအတွက်လည်း နာကျင်ခံစားရစေပါတယ်။

photo source: www.freepik.com