Relationship တစ်ခုမှာ ယောင်္ကျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် ကိုယ့်ရည်းစားကို ချစ်လို့ ချုပ်ချယ်ချင်တာတွေရှိကြပါတယ်။ ဒီလိုချုပ်ချယ်တာမျိုးကိုလည်း လုပ်ပေးနိုင်တဲ့အရာဆို အားလုံးက ချစ်တဲ့စိတ်နဲ့ လုပ်ပေးကြတာပါပဲ။ ဒါပေမယ့် တချို့အရာတွေကျတော့ နေရာတကာလိုက်ပြောပြီး ချုပ်ချယ်လို့ မဖြစ်ပါဘူး။ အထူးသဖြင့် မိန်းကလေးတွေက ကိုယ့်ချစ်သူကောင်လေးတွေအပေါ်မှာ ချုပ်ချယ်ကြတာ ပိုများပါတယ်။ ဒါကြောင့် Relationship တစ်ခုမှာ အမြဲတမ်းအဆင်ပြေပြီး နှစ်ဦးနှစ်ဖက်သာယာနိုင်ဖို့ ဒီအရာ ၃ ခုကိုတော့ ကိုယ့်ချစ်သူကောင်လေးကို သွားပြီးမချုပ်ချယ်သင့်ပါဘူး။

အပေါင်းအသင်း

ယောင်္ကျားလေးတွေက သူတို့အပေါင်းအသင်းတွေနဲ့ပတ်သက်ပြီး ဟိုလူနဲ့မသွားနဲ့၊ ဒီလူနဲ့မပေါင်းနဲ့ စသဖြင့်လိုက်ပြောပြီး ချုပ်ချယ်တာကို လုံးဝမကြိုက်ကြပါဘူး။ မိန်းကလေးကိစ္စနဲ့ပတ်သက်လာရင်တော့ ပြောရမှာပေါ့။ ဒါပေမယ့် ယောင်္ကျားလေးဘော်ဒါ သူငယ်ချင်းတွေနဲ့ပတ်သက်ပြီး အရမ်းသွားချုပ်ချယ်လို့တော့ မရပါဘူး။ ခဏခဏဆို သင့်အပေါ်မှာမကောင်းမြင်စိတ်ရှိလာပြီး စကားများတာ၊ ရန်ဖြစ်တာတွေ ခဏခဏဖြစ်ပေါ်လာပါလိမ့်မယ်။

သူ့ဝါသနာ

ဒါကတော့ ယောင်္ကျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ်ပါ။ ကိုယ့်ဝါသနာနဲ့ပတ်သက်ပြီး မကောင်းပြောတာ၊ ချုပ်ချယ်လာတာ၊ ဝင်ရောက်စိုးမိုးတာမျိုးကို မကြိုက်ကြပါဘူး။ ဝါသနာပါတဲ့အရာတစ်ခုကို သွားချုပ်ချယ်ရင်တော့ ကိုယ့်ဘက်က Foul ဖြစ်သွားပါလိမ့်မယ်။

အဝတ်အစား

ကိုယ့်ကောင်လေးရဲ့ အဝတ်အစားပိုင်းနဲ့ပတ်သက်ပြီး ဒီလိုဝတ်တာမကြိုက်ဘူး၊ ဒီလိုမဝတ်နဲ့၊ ငါပြောသလိုဝတ်၊ ဒါမျိုးဝတ် စသဖြင့် သွားပြောပြီး ဒါတွေကအစ လိုက်မချုပ်ချယ်သင့်ပါဘူး။ ဒါသူ့လွတ်လပ်ခွင့်ပါ။ ပြောချင်တယ်ဆိုရင်တောင်မှ ကောင်းကောင်းမွန်မွန်လေး သပ်သပ်ရပ်ရပ်ဝတ်ပါဆိုတာလောက်ပဲ ပြောသင့်ပါတယ်။

photo source: www.freepik.com