ရန်ကုန်အနောက်ပိုင်းနည်းပညာ တက္ကသိုလ် နှင့် Nippon Steel Kowa Real Estate Co., Ltd. (Head Office: Tokyo, Japan) တို့ ပူးပေါင်း၍ ကြီးမှူးကျင်းပခဲ့တဲ့ “The Golden Terrace” ဝန်ဆောင်မှု အဆောက်အဦ၏ အဓိပ္ပာယ်ကို ဖော်ဆောင်ပေး နိုင်သော လိုဂိုဒီဇိုင်းပြိုင်ပွဲ “Logo Mark Contest” ၏ ဆုပေးပွဲအခမ်းအနားကို ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ရန်ကုန်အနောက်ပိုင်းနည်းပညာ တက္ကသိုလ် (WYTU Community Center Hall) ၌ကျင်းပ ပြုလုပ်ခဲ့ပါသည်။ ထိုပွဲတွင် ပြိုင်ပွဲဝင် ကျောင်းသားကျောင်းသူများ၏ ဆန်းသစ်လှတဲ့ ကိုယ်ပိုင်ပြိုင်ပွဲဝင်လိုဂို ဒီဇိုင်း ၁၅၆ ခုအနက် အကောင်းဆုံး ၁၀ ခုအား သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် အညီ ရွေးချယ်၍ ဆုအသီးသီး ပေးအပ်ချီးမြှင့် ခဲ့ပါသည်။

“Logo Mark Contest” ပြိုင်ပွဲကို ကျောင်းသူကျောင်းသားများ၏ ကိုယ်ပိုင်စွမ်းဆောင်ရည်များကို ထုတ်ဖော်ပြနိုင်ရန်နှင့် အောင်မြင်သော ဗိသုကာပညာရှင်များနှင့် အင်ဂျင်နီယာပညာရှင်များ မွေးထုတ် နိုင်ရန် ရည်ရွယ်၍ Online မှတဆင့်ကျင်းပပြုလုပ်ခဲ့ပါသည်။ပြိုင်ပွဲတွင်ရန်ကုန်အနောက်ပိုင်း နည်းပညာ တက္ကသိုလ် (WYTU) တွင် တက်ရောက် ပညာသင် ကြားလျက်ရှိသော ကျောင်းသားကျောင်းသူများ (Master တန်းအပါအဝင်) ဝင်ရောက်ယှဉ်ပြိုင် ခွင့်ရရှိခဲ့သည်။

ပြိုင်ပွဲဝင်ရန် အချိန်ကာလကို ၂၀၂၀ ခုနှစ် ဇူလိုင်လ အလယ်မှ စက်တင်ဘာလ ၃၀ရက်နေ့အထိ သတ်မှတ်ခဲ့ပြီး ပြိုင်ပွဲဝင်ဒီဇိုင်းများကို PDF ဖိုင်ပြုလုပ်၍ ပြိုင်ပွဲဝင်လျှောက်လွှာနှင့်အတူ ပေးပို့စေခဲ့သည်။

ပြိုင်ပွဲနှင့်စပ်လျဉ်း၍ NSKRE Residence (Myanmar) Co., Ltd. (a local subsidiary of Nippon Steel Kowa Real Estate Co., Ltd.) မှ Managing Director ရာထူးအဖြစ်တာဝန်ထမ်းဆောင်နေသူ Mr.Hirosato Fukimbara ကလည်း ယခုလို ပြောကြားခဲသည်။ “ ဒီပြိုင်ပွဲလေးပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ရန်ကုန်အနောက်ပိုင်းသက္ကသိုလ်မှာ ဗိသုကာဌာနနှင့် အင်ဂျင်နီယာဌာနများ မှာ ပညာသင်ကြားနေတဲ့ ကျောင်းသား ကျောင်းသူများအနေနဲ့ သူတို့ရဲ့ကိုယ်ပိုင်စွမ်းရည်တွေကို ဒီ contest ကနေတစ်ဆင့် အများကို ထုတ်ဖော်ပြသနိုင်ဖို့ ဖြစ်ပါတယ်။ ပြိုင်ပွဲကာလမှာ ကျွန်တော်တို့ပြိုင်ပွဲအတွက် လိုဂိုဒီဇိုင်း ၁၅၆ ခုကို လက်ခံရရှိခဲ့ပြီး ကျောင်းသူကျောင်းသားများရဲ့ ကိုယ်ပိုင်စွမ်းရည်၊အတွေးအခေါ်နှင့် ဖန်တီးနိုင်စွမ်းတွေကိုလဲ မြင်တွေ့ခဲ့ရပါတယ်။ အခုလို လှပသေသပ် ကောင်းမွန်တဲ့ လက်ရာများဖန်တီးပြီး ဝင်ရောက်ယှဉ်ပြိုင်တဲ့အတွက်လည်း အားလုံးကို အထူး ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ပထမအဆင့်အဖြစ် ရွေးချယ်ခံရတဲ့ ဒီဇိုင်းလက်ရာကို တန်ဖိုးထားပြီး ကွျွန်တော်တို့ကုမ္မဏီရဲ့ Service-Apartment အတွက် တရားဝင် လိုဂိုအဖြစ်အသုံးပြုသွားမှာ ဖြစ်ပါတယ်။”

ဆုလက်ခံရရှိသူ ကျောင်းသားတစ်ဦးမှလည်း “ကျွန်တော်တို့အခုလိုပြိုင်ပွဲဝင်ခွင့် ရတဲ့အတွက် အထူးဝမ်းမြောက်ဂုဏ်ယူ မိပါတယ်။ ဒီလိုပြိုင်ပွဲလေး ပြုလုပ်ပေးတဲ့အတွက် ကျွန်တော်တို့ကိုယ်ပိုင် ဖန်တီးမှုစွမ်းရည်၊ အရည်အချင်းတွေကို ထုတ်ဖော်ပြသခွင့်ရပြီး ပိုကြိုးစားချင်စိတ်တွေလည်း ဖြစ်လာပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိလာတယ်။ နောက်ပိုင်းကို ဒီလို အခွင့်အလမ်းတွေ များများရရှိဖို့မျှော်လင့်မိပါတယ်” ဟု ပြောကြားသွားခဲ့ပါသည်။

“Logo Mark Contest” ပြိုင်ပွဲကြီးကို “The Golden Terrace” အဆောက်အဦးကို အခြေခံ ပြုလုပ်ခဲ့တာ ဖြစ်သည်။ The Golden Terrace အဆောက်အဦးမှာ High-Quality Service Apartment ဖြစ်ပြီး တာမွေ မြို့နယ် စက်မှု့ဝန်ကြီး ဌာနပိုင် မြေတွင် တည်ဆောက်ထားသည်။

ဆိုက်မြေနေရာအကျယ်အဝန်း ခန့်မှန်းခြေ မြေဧက ၁.၄၆ ဧက ပေါ်တွင် ကြမ်းခင်းဧရိယာ ခန်းမှန်းခြေ ၃၅၈,၀၀၀ စတုန်းရန်းပေဖြင့်တည် ဆောက်ထားသော အရည်အသွေးမြင့် အဆောက်အဦး တစ်ခု ဖြစ်သည်။ RC Structure တည်ဆောက်မှု စနစ်ဖြစ်ပြီး အခန်းအရေအတွက်စုစုပေါင်း ၂၃၂ ခန်းပါဝင်သည်။ တည်ဆောက်ရေး ကာလအနေဖြင့် ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလတွင် စတင်ခဲ့ပြီး ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလတွင် ပြီးစီးမည်ဟု ခန့်မှန်းသိရှိရသည်။ The Golden Terrace အဆောက်အဦးကို NSKRE Residence (Myanmar) Co.,Ltd မှ တာဝန်ယူ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိတာ ဖြစ်သည်။

ကုမ္ပဏီ ဆိုင်ရာ အသေးစိတ်အချက်အလက်များကို လေ့လာလိုပါက ယခုဖော်ပြပါလင်ခ့် NSKRE.CO.JP သို့ဝင်ရောက်လေ့လာနိုင်သည်။

The post WYTU ကျောင်းသားကျောင်းသူများ၏ဆန်းသစ်သော ကိုယ်ပိုင်အတွေး အခေါ်စိတ်ကူးများ လှုံ့ဆော်ရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခဲ့သော “Logo Mark Contest” ၏ဆုပေးပွဲ အခမ်းအနားအား ကျင်းပပြုလုပ် appeared first on MyBiz Myanmar.