လက်စတာစီးတီးအသင်းဟာ လာမယ့်နွေရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာ အသင်းရဲ့ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းသွားဖို့အတွက် ဒီရာသီ လီဗာပူးလ်အသင်းမှာ ပုံမှန်နေရာရဖို့ ရုန်းကန်နေရတဲ့ ဂီနီကွင်းလယ်ကစားသမား နာဘီကီတာကို ခေါ်ယူသွားဖို့ ပြင်ဆင်လျက်ရှိနေတယ်လို့ Football Insider ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Football Insider

အသက်(၂၆)နှစ်အရွှယ်ရှိ ဂီနီလက်ရွေးစင် ကွင်းလယ်ကစားသမား ကီတာဟာ ၂၀၁၈ခုနှစ်ကမှ ဘွန်ဒစ်လီဂါကလပ် လိုက်ပ်ဇစ်အသင်းကနေ လီဗာပူးလ်အသင်းဆီကို ပြောင်းရွှေ့ကြေး ယူရို(၆၅)သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ ချန်ပီယံလိဂ် ပရီးမီးယားလိဂ်ဆုဖလားတွေ ပိုင်ဆိုင်နိုင်ခဲ့ပေမယ့်လည်း ကီတာက အသင်းမှာ ပုံမှန်နေရာရဖို့ ရုန်းကန်လျက်ရှိနေပါတယ်။ ကီတာဟာ ဒီနှစ်ဘောလုံးရာသီမှာလည်း လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲစုံ (၁၅)ပွဲသာ ပါဝင်ကစားထားခဲ့ရပြီး သွင်းဂိုးရော ဂိုးဖန်တီးမှုပါ ဘာမှမလုပ်ဆောင်ထားနိုင်ခဲ့ပဲ နေရာရဖို့ရော ခြေစွမ်းပြဖို့ပါ ရုန်းကန်နေရပါတယ်။

Photo Credit : Football Insider

ဒီလိုအခြေအနေရှိနေတဲ့ ကီတာကို လက်စတာအသင်းကနေ လာမယ့်နွေစျေးကွက်အတွင်းမှာ ကမ်းလှမ်းသွားမှုတွေ လုပ်ဆောင်သွားဖို့ ပြင်ဆင်လျက်ရှိနေပြီး တကယ်လို့ လီဗာပူးလ်အသင်းဘက်ကနေသာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဝိုင်နယ်ဒန်းကို သက်တမ်းတိုးလိုက်နိုင်မယ်ဆိုရင် ကီတာကို အသင်းကနေ ရောင်းထုတ်လာနိုင်ပါတယ်။ လီဗာပူးလ်အသင်းဟာလည်း အသင်းရဲ့ ကွင်းလယ်ပိုင်းမှာ ကီတာထက် ဖာဘင်ဟို ဟန်ဒါဆန် ဝိုင်နယ်ဒန်း သီယာဂိုအယ်ကန်တာရာ ဂျိမ်းစ်မီနာနဲ့ ကာတစ်ဂျုံးတို့ကိုသာ ဦးစားပေး အသုံးပြုနေတာကြောင့် ကီတာက ဒီရာသီမှာ ပရီးမီးယားလိဂ် (၁၀)ပွဲသာ ကစားထားရပြီး အဲ့ဒီထဲကမှ (၆)ပွဲကိုပဲ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ထားရပါတယ်။ ဒါပေမယ့် ကီတာဟာ လာမယ့် ၂၀၂၃ခုနှစ်အထိကို အသင်းနဲ့ စာချုပ်သက်တမ်း ကျန်ရှိနေသေးတာဖြစ်လို့ လက်စတာဘက်က ပြောင်းရွှေ့ကြေးကို မြင့်မြင့်မားမားနဲ့ ကမ်းလှမ်းရနိုင်ပေမယ့် လက်စတာအသင်းသာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိခဲ့မယ်ဆိုရင် ကီတာကို ခေါ်ယူဖို့က အခြေအနေ အကောင်းဆုံး ဖြစ်လာနိုင်သလို လာမယ့်နွေမှာ အသင်းပြောင်းဖွယ်ရှိနေတဲ့ ကွင်းလယ်လူ အန်ဒီဒီနဲ့ တီလေမန်းစ်တို့ရဲ့နေရာမှာပါ ကီတာနဲ့ ပြန်လည်အစားထိုးဖွယ် ရှိနေပါတယ်။

The post လီဗာပူးလ်မှာ နေရာပျောက်နေတဲ့ ကွင်းလယ်လူကီတာကို ခေါ်ယူသွားချင်နေတဲ့ လက်စတာ appeared first on MySport Myanmar.