မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အင်္ဂလန်အသင်းတို့ရဲ့ ကစားသမားဟောင်းကြီးဖြစ်တဲ့ ပေါလ်စခိုးက လက်ရှိ ယူနိုက်တက်အသင်းမှာ နည်းပြအဖြစ် တာဝန်ယူ ဆောင်ရွှက်လျက်ရှိနေတဲ့ အိုလေဂန်နာဆိုးရှားလ်ဟာ သူရဲ့အသင်းအပေါ် အကောင်းဆုံးကိုင်တွယ်နိုင်မှုကြောင့် သူ့ကို အသင်းဘက်ကနေ စာချုပ်သစ် ထပ်မံချုပ်ဆိုချင်တာ ဖြစ်သင့်ပေမယ့်လည်း ဆိုးလ်ရှားဘက်ကတော့ ဆုဖလားတွေ ရယူပြဖို့ လိုအပ်နေသေးတယ်လို့ သတိပေးပြောဆိုသွားခဲ့ပါတယ်။

Photo Credit : beIN Sport

ယူနိုက်တက်အသင်းရဲ့ တိုက်စစ်ကစားသမားဟောင်းဆိုးရှားလ်ဟာ အသင်းရဲ့နည်းပြအဖြစ် ၂၀၁၈ခုနှစ် နှစ်ကုန်ပိုင်းမှာပဲ စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး အသင်းကို အခြေအနေကောင်းတစ်ခုထိ ရောက်ရှိအောင် လုပ်ဆောင်ပေးနိုင်ခဲ့ပေမယ့်လည်း ဆုဖလားတွေနဲ့တော့ ဝေးကွာနေဆဲသာ ဖြစ်နေပါတယ်။ ဒါ့အပြင် ဆိုးရှားလ်ဟာ လာမယ့် ၂၀၂၂ခုနှစ်မှာပဲ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်တဲ့အတွက် ယူနိုက်တက်ဘက်ကနေ ဆိုးရှားလ်ကို နောက်ထပ်နှစ်အနည်းငယ်ခန့် သက်တမ်းတိုးသွားဖို့ ပြင်ဆင်လာခဲ့တာဖြစ်ပြီး ဆိုးရှားလ်ဟာလည်း ဒီလိုစာချုပ်သစ် ကမ်းလှမ်းမှုနဲ့ ထိုက်တန်တယ်လို့ အသင်းဖော်ဟောင်း စခိုးက ပြောဆိုလာခဲ့ပါတယ်။

Photo Credit : FirstSportz

ပေါလ်စခိုးက “သူက အခုလို စာချုပ်သစ်ကမ်းလှမ်းမှုနဲ့ ထိုက်တန်မှု ရှိကောင်းရှိနိုင်ပါတယ်။ အသင်းကလည်း သူ့ကို နည်းပြအဖြစ်နဲ့ ခန့်အပ်လိုက်ပြီးနောက်ပိုင်းမှ တိုးတတ်မှုတွေ ပိုရှိလာခဲ့တယ်လေ။ အသင်းက ပိုပိုပြီး ကောင်းမွန်လာခဲ့တယ်လို့လည်း ကျွန်တော်ထင်ပါတယ်။ ပိုပြီးတော့လည်း စိတ်လှုပ်ရှားစရာ ကောင်းလာခဲ့ရပါတယ်။ အားလုံးမျှော်လင့်နေကြတဲ့ အသင်းရဲ့ သွင်းဂိုးတွေကလည်း များလာခဲ့ပါတယ်။ ဒါပေမယ့် ပြသာနာတစ်ခုကတော့ ဆုဖလားတစ်ခုခုကို ရယူနိုင်ဖို့ပါပဲ။ ဒါကတော့ သူ့အတွက် အနည်းငယ်တော့ စိတ်ပူပန်စရာပါ။ အက်အေဖလားမှာ လက်စတာအသင်းကို ရှံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာလိုက်ရတာမျိုးကတော့ မကောင်းမွန်ပါဘူး။ ကစားသမားတချို့ကလည်း ပွဲပန်းမှုဒဏ်တွေကြောင့် ပွဲစဉ်အတွင်းမှာ အားကုန်နေတဲ့ ပုံစံမျိုးတွေ ဖြစ်နေရပါတယ်။ အထူးသဖြင့်တော့ ဘရူနိုဖာနန်ဒက်စ်ပါ။ သူက လက်စတာနဲ့ပွဲမှာ တစ်ပွဲလုံးနီးပါး အနားရခဲ့သင့်ပေမယ့် အသင်းက ပွဲစဉ်ကြီးတွေမှာ အသင်းရဲ့ အဓိက ကစားသမားတွေကို အနားပေးဖို့က ခက်ခဲနေရပါတယ်။ ယူနိုက်တက်မှာက အသင်းအတွက် အကောင်းဆုံး ကစားနိုင်မယ့်သူက (၁၂)ယောက် (၁၃)ယောက်လောက် ရှိနေပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

The post ဆိုးရှားလ်အနေနဲ့ အသင်းအတွက် ဆုဖလားတွေ ရယူပေးဖို့ လိုအပ်နေသးတယ်လို့ စခိုးပြောဆို appeared first on MySport Myanmar.