Samsung က Unpacked Event မှာ စွမ်းရည်မြင့် Galaxy S21 Series တွေ အပြင် Galaxy Smart Tag နဲ့ Smart Tag+ Tracker တွေကို ကြေညာလိုက်ပြီး Bluetooth 5.0 Low Energy (LE) နဲ့ Ultrawide Band (UWB) တို့ကို အသီးသီး အသုံးပြုထားပါတယ်။

Tracker တွေကို စမတ်ဖုန်း ၊ တက်ဘလက်နဲ့ သော့၊ ပိုက်ဆံအိတ်၊ ကျောပိုးအိတ်လို တခြား ပစ္စည်းတွေမှာ ချိတ်ထားရင် ပျောက်သွားတဲ့အခါ တည်နေရာကို ခြေရာခံနိုင်ပါတယ်။ Samsung SmartThings App ကနေ ပျောက်နေတဲ့ ပစ္စည်းကို ရှာဖွေနိုင်မှာ ဖြစ်ပြီး အနီးအနားမှာ ပျောက်နေတာ ဆိုရင် အသံမြည်ပေးနိုင်ပါတယ်။

Samsung announces Galaxy Smart Tag and Smart Tag+ trackers

အဲဒီ Tracker တွေကို One-touch IOT Control လို သုံးနိုင်တဲ့အတွက် TVs, Robot Vacuums တို့လို Samsung ရဲ့ စမတ် နေအိမ်သုံး ပစ္စည်းတွေကို အဖွင့် ၊ အပိတ် ပြုလုပ်နိုင်ပါတယ်။ IP53 စံနှုန်း ပါတဲ့အတွက် ရေစိုခံနိုင်ပါတယ်။ Samsung Galaxy စမတ်ဖုန်း၊ တက်ဘလက်နဲ့ Wearables တွေနဲ့ပဲ Smart Tags တွေကို တွဲဖက် အသုံးပြုနိုင်ပါတယ်။

Samsung announces Galaxy Smart Tag and Smart Tag+ trackers

Galaxy Smart Tag ကို ၂၉.၉၉ ဒေါ်လာနဲ့ Tag+ ကို ၃၉.၉၉ ဒေါ်လာ သတ်မှတ်ထားပြီး ၄ သောင်းနဲ့ ၅ သောင်း ၃ ထောင်လောက် အသီးသီးကျသင့်မှာပါ။ ဒီလ ၂၉ ရက်နေ့ စတင် ရောင်းချမှာပါ။

Ref : gsmarena

The post Samsung က Galaxy Smart Tag နဲ့ Smart Tag+ Tracker တွေကို ကြေညာ appeared first on MyTech Myanmar.