မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ရိုင်ယန်ဂစ်ဟာ ဘောလုံးသမားတွေထဲမှာ ကလပ်အသင်းတစ်သင်းတည်းကို သစ္စာရှိစွာနဲ့ ပါဝင်ကစားခဲ့ပေမယ့်လည်း သူရဲ့ပြင်ပလူနေမှုပုံစံမှာတော့ မေးခွန်းထုတ်စရာကောင်းလောက်အောင် ရှုပ်ထွေးမှုရှိနေရပြီး ချစ်သူဟောင်းကို နိုင်ထက်စီးနင်းပြုမှုကာ ထိန်းချုပ်မှုတွေ လုပ်ဆောင်ခဲ့သလို အမျိုးသမီး(၂)ယောက်ကိုလည်း ကိုယ်ထိလက်ေရောက် ကျူးလွန်ခဲ့တာတွေကြောင့် ထောင်ဒဏ်ကျခံရဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : The Times

အသက်(၄၇)နှစ်အရွှယ်ရှိ ဝေးလ်စ်လက်ရွေးစင် တောင်ပံကစားသမားဟောင်းကြီး ရိုင်ယန်ဂစ်ဟာ သူ့ထက် အသက်(၁၀)နှစ်နီးပါးလောက် ကွာဟတဲ့ ချစ်သူဟောင်း ကိတ်ဂရယ်ဖယ်ဆိုတဲ့ အမျိုးသမီးကို (၃)ဝန်းကျင်လောက်အထိ အတင်းအဓမ္မ ထိန်းချုပ်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ စွပ်စွဲထားခံခဲ့ရပါတယ်။ ဂစ်ဟာ ချစ်သူဟောင်းအပေါ်မှာ အနိုင်ကျင့်ခြင်း ထိန်းချုပ်မှု ပြုလုပ်ခြင်းတွေနဲ့ စွဲချက်တင်ခံထားရတာဖြစ်ပြီး ဂစ်ကတော့ သူ့မှာ အပြစ်မရှိဘူးဆိုတာကို တရားရုံးမှာ ဝန်ခံပြောဆိုသွားမယ်လို့ ဆွင်တန်ရဲစခန်းကို သွားရောက်ချိန်မှာ ပြောဆိုထားခဲ့ပါတယ်။

Photo Credit : ToysMatrix

ချစ်သူဟောင်းအပေါ် ကြမ်းတမ်းစွာ ပြုမှုခဲ့တယ်လို့ စွဲချက်တင်ခံထားရတဲ့ ရိုင်ယန်ဂစ်ဟာ နောက်ထပ်အမျိုးသမီးတစ်ယောက်ကိုပါ သူမ အသက်(၂၀)အရွှယ်လောက်မှာပဲ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သေးတယ်လို့ သိရပါတယ်။ အနိုင်ထက်ပြုခြင်း ဒါမှမဟုတ် လူတစ်ယောက်ကို ထိန်းချုပ်ခြင်းဟာ ၂၀၁၅ခုနှစ်ကနေစတင်ပြီး ပြစ်မှုတစ်ခုအဖြစ်နဲ့ စတင်အသက်ဝင်လာခဲ့တာဖြစ်သလို တကယ်လို့ ဒီပြစ်ဒဏ်ကို ထင်ထင်ရှားရှား ကျူးလွန်ထားသူဟာလည်း အနည်းဆုံး ထောင်ဒဏ်(၅)နှစ်အထိ ကျခံရမှာဖြစ်ပါတယ်။ ဒီလိုအခြေအနေရှိနေတဲ့ ဂစ်ကို ဝေးလ်စ်ဘောလုံးအဖွဲ့ချုပ်က လက်ရွေးစင်နည်းပြရာထူးကနေ ဖယ်ရှားထားပြီး သူရဲ့လက်ထောက်နည်းပြ ရောဘတ်ပေ့ချ်နဲ့ အစားထိုးထားတယ်လို့ ပြီးခဲ့တဲ့မတ်လကတည်းက ထုတ်ပြန်ကြေညာထားခဲ့ပါတယ်။ OBE ဘွဲတံဆိပ်ပါ ချီးမြှင့်ခံထားရတဲ့ ရိုင်ယန်ဂစ်ဟာ သူနဲ့ နှစ်ပေါင်းများစွာ ချစ်ကြိုက်ခဲ့တဲ့ စတေစီကွတ်ခ်ဆိုသူ အမျိုးသမီးနဲ့ ၂ဝဝ၇ခုနှစ်မှာ လက်ထပ်ခဲ့ပေမယ့် (၁၀)နှစ်အကြာမှာ ကွာရှင်းခဲ့ကြသလို သူနဲ့ညီအစ်ကိုတော်စပ်သူရဲ့ ဇနီးသည်နဲ့လည်း နှစ်အတန်ကြာအောင် ဖောက်ပြန်ခဲ့ဖူးပါသေးတယ်။ ဂစ်နဲ့ ကိတ်တို့ကတော့ ၂၀၁၇ခုနှစ်မှာ စတင်လက်တွဲခဲ့တာဖြစ်ပြီး (၈)လအကြာမှာပဲ လမ်းခွဲခဲ့ကာ အဲ့ဒီနောက်ပိုင်းကတည်းက သူတို့(၂)ယောက်ကြားမှာ ပြသာနာများစွာ ရှိလာခဲ့ရတာဖြစ်ပါတယ်။

The post အမျိုးသမီး(၂)ဦးအပေါ် ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကြောင့် ထောင်ဒဏ်(၅)နှစ်အထိ ကျခံရဖွယ်ရှိနေတဲ့ ဂစ် appeared first on MySport Myanmar.