စပိန်လာလီဂါ အင်အားကြီးကလပ်အသင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းကတော့ လာမယ့်ဘောလုံးရာသီမှာ အသင်းရဲ့တိုက်စစ်ပိုင်းကို အင်အားမြင့်တင်နိုင်ဖို့အတွက် ဥရောပရဲ့အတောက်ပဆုံး တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး ကီလီယန်အမ်ဘာပေနဲ့ ဒေါ့မွန်တိုက်စစ်မှူး အာလင်းဟာလန်းတို့ကို ပစ်မှတ်ထားနေတဲ့အပြင် ဒီကစားသမားတွေကို မခေါ်ယူနိုင်ခဲ့ရင်လည်း အင်တာမီလန်တိုက်စစ်မှူး လူကာကူကို အရခေါ်ယူသွားမှာဖြစ်တယ်လို့ စပိန်သတင်းစာ Mundo Deportivo ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Inter

ရီးရဲလ်မက်ဒရစ်အသင်းဟာ ခရစ္စတီယာနိုရော်နယ်ဒိုကို လက်လွတ်ရပြီး နောက်ပိုင်းကတည်းက အသင်းရဲ့တိုက်စစ်ပိုင်းမှာ ကာရန်ဘန်ဇီမာတစ်ယောက်တည်းကိုသာ အသုံးပြုနေရတဲ့အတွက် တိုက်စစ်ပိုင်းကို အင်အားမြင့်တင်ဖို့အတွက် လာမယ့်နွေစျေးကွက်မှာ တိုက်စစ်မှူးသစ်တစ်ယောက်ခန့်လောက်ကို ခေါ်ယူသွားဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ ရီးရဲလ်ဟာ လတ်တလောမှာတော့ ဥရောပရဲ့ အထွန်းတောက်ဆုံးသော တိုက်စစ်မှူးနှစ်ယောက်ဖြစ်တဲ့ ဟာလန်းနဲ့ဘာပေတို့ကို ပစ်မှတ်ထားနေပေမယ့် ဒီကစားသမားတွေကို မခေါ်ယူနိုင်ခဲ့ဘူးဆိုရင်တော့ အင်တာတိုက်စစ်မှူး လူကာကူကိုပဲ ပြောင်းလဲခေါ်ယူသွားမှာဖြစ်တယ်လို့ စပိန်သတင်းစာကနေ ဖော်ပြလာပါတယ်။

Photo Credit : Goal

အသက်(၂၇)နှစ်အရွှယ်ရှိ တိုက်စစ်ကစားသမား လူကာကူဟာ ဒီနှစ်ဘောလုံးရာသီအတွင်းမှာ အင်တာမီလန်အသင်းအတွက် ပြိုင်ပွဲစုံ(၃၄)ပွဲအထိ ပါဝင်ကစားထားခဲ့ပြီး သွင်းဂိုး (၂၅)ဂိုး သွင်းယူထားခဲ့ကာ ဂိုးဖန်တီးမှုကိုလည်း (၇)ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ ဒီလိုစွမ်းဆောင်ရည်တွေ ပိုင်ဆိုင်ထားတဲ့ လူကာကူကို ရီးရဲလ်မက်ဒရစ်အသင်းကနေ ခေါ်ယူဖို့အတွက် စိတ်ဝင်စားလာခဲ့သလို ဘာစီလိုနာအသင်းကလည်း ပစ်မှတ်ထားလျက်ရှိနေပါတယ်။ ဒါမေယ့် လူကာကူရဲ့ လက်ရှိတန်ကြေးက ယူရိုသန်း(၉၀)လောက်အထိ ရှိနေမှာဖြစ်လို့ ကမ်းလှမ်းဖို့က ခက်ခဲနိုင်မှာဖြစ်တဲ့အပြင် အင်တာမီလန်အသင်းဘက်ကလည်း သူတို့ရဲ့ အဓိက ကစားသမားကို အသင်းကနေ ရောင်းချဖွယ် မရှိနိုင်တာကြောင့် သူ့ကို အရခေါ်ယူဆိုတာ ခက်ခဲနိုင်ပါတယ်။ အင်တာမီလန်အသင်းကတော့ လာမယ့်နွေစျေးကွက်အတွင်း အသင်းရဲ့အဓိက တိုက်စစ်ကစားသမားတွေဖြစ်တဲ့ လူကာကူနဲ့ မာတီနက်ဇ်တို့နှစ်ယောက်လုံးကို အသင်းမှာပဲ ဆက်ရှိနေဖို့အတွက် ခက်ခက်ခဲခဲနဲ့ ကြိုးပမ်းထိန်းသိမ်းရဖွယ် ရှိနေပါတယ်။

The post ဘာပေ ဟာလန်းတို့ကို မခေါ်ယူနိုင်ပါက လူကာကူကိုပဲ ကမ်းလှမ်းသွားမယ့် ရီးရဲလ်မက်ဒရစ် appeared first on MySport Myanmar.