စပိန်လာလီဂါ ရဲ့ နာမည်ကြီး အသင်းတစ်သင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းဟာ မနေ့ညက စပိန်စူပါဖလား ဆီမီးဖိုင်နယ် ပွဲစဉ်အဖြစ် အက်သလက်တစ်ကလပ် ဘီလ်ဘာအို အသင်းကို အိမ်ကွင်းမှာ လက်ခံကစားခဲ့ပေမယ့်လည်း ၁ ဂိုး- ၂ ဂိုး ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ အဆိုပါ ပွဲစဉ်မှာ‌တော့ ရီးရဲလ်မက်ဒရစ် အသင်းဟာ ခြေစွမ်းပြဖို့ ရုန်းကန်နေခဲ့ရတဲ့ ကွင်းလယ်လူ အီဒင် ဟာဇက် ကို ပွဲကစားချိန် ၆၇ မိနစ်အရောက်မှာ လူစားလဲခဲ့ရပါတယ်။ အဆိုပါ ပွဲစဉ် အပြီးမှာ စပိန်နိုင်ငံရဲ့ နာမည်ကြီး အားကစားသတင်းဌာန တစ်ခုဖြစ်တဲ့ Marca သတင်းဌာနကနေ သူတို့ရဲ့ ဝက်ဒ်ဆိုက်မှာ အီဒင် ဟာဇက် နဲ့ ပတ်သက်ပြီး ကောက်ယူတဲ့ စစ်တမ်းတစ်ခု ပြုလုပ်ခဲ့ပြီး ရီးရဲလ်မက်ဒရစ် အသင်း ပရိသတ်တော်တော်များများ ဝင်ရောက်ဖြေဆိုခဲ့ကြပါတယ်။

Photo Credit: Marca

အဆိုပါ စစ်တမ်းမှာ ဝင်ရောက်ဖြေဆိုသူ ၄၄ ရာခိုင်နှုန်းက ဘယ်လ်ဂျီယံစတား ဟာဇက် ကို ရီးရဲလ်မက်ဒရစ် အနေနဲ့ ရောင်းချသင့်ကြောင်း မဲပေးခဲ့ကြပြီး၊ ဖြေဆိုသူ ၂၅ ရာခိုင်နှုန်း ကတော့ ဟာဇက်ကို လူစားလဲ ကစားသမားအဖြစ်သာ အသုံးပြုသင့်ကြောင်း ဖြေဆိုခဲ့ထားကာ၊ ဖြေဆိုသူ ၂၆ ရာခိုင်နှုန်းကတော့ ဟာဇက် ကို အရံခုံမှာသာ ထားသင့်ကြောင်း ဖြေဆိုခဲ့ကြပြီးတော့ ကျန်ရှိတဲ့ ဖြေဆိုသူ ၅ ရာခိုင်နှုန်းကတော့ ရီးရဲလ်မက်ဒရစ် အနေနဲ့ ဟာဇက် နဲ့ လိုက်လျောညီထွေဖြစ်မယ့် စနစ်မျိုး ပြောင်းလဲသင့်ကြောင်း အသီးသီး မဲပေးခဲ့ကြပါတယ်။ ဘယ်လ်ဂျီယံစတား ဟာဇက် ဟာ ၂၀၁၉ ခုနှစ် ချယ်လ်ဆီးအသင်းကနေ ရီးရဲလ်မက်ဒရစ် ကို ပြောင်းရွှေ့လာစဉ်ကတည်းက ဒဏ်ရာပြဿနာတွေနဲ့ အလူးအလဲ ရင်ဆိုင်ခဲ့ရပြီးတော့ ခြေစွမ်းပြဖို့အတွက် အတော်လေး ရုန်းကန်နေရတဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။

Photo Credit: Marca

ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ကြယ်ပွင့်ကစားသမားဟောင်းဖြစ်တဲ့ ပရီဒရက် မီဂျာတိုဗစ် ကလည်း ဟာဇက် နဲ့ ပတ်သက်ပြီး “ ဟာဇက် အနေနဲ့ စတင်ပြီးတော့တောင် မကစားသင့်ပါဘူး။ ဒါပေမယ့် အဲ့ဒါကို ဆုံးဖြတ်တာနဲ့ သူ့ကို လေ့ကျင့်ရေးကွင်းမှာ မြင်နေရတာက ဇီဒန်း ဖြစ်နေပါတယ်။ ရီးရဲလ်မက်ဒရစ် က သူမပါလည်း ကောင်းကောင်း ကစားနေနိုင်ပါတယ်၊ ပြီးတော့ အဲ့ဒါကသာ စိုးရိမ်စရာပါပဲ ” လို့ ပြောဆိုထားပါတယ်။ နောက်ထပ် ရီးရဲလ်မက်ဒရစ် ကစားသမားဟောင်း ဖြစ်သူ စန်တီယာဂို ကဇာရီ ကလည်း “ အခုက ဟာဇက်ရဲ့ အချိန်ကောင်းမဟုတ်ပါဘူး။ အစန်စီရို က ဘယ်ခြမ်းမှာ ကစားပြီးတော့ ရှေ့တန်းမှာ ရှိတဲ့ ကစားသမားတွေကို ဦးစားပေး ပေးပို့ပြီးတော့ ကစားရမှာပါ။ ကွင်းလယ်မှာ ဟာဇက်ကနေ စတင်ရမာ မဟုတ်ပါဘူး၊ ပြီးတော့မှ အဲ့ဒါက အလုပ်မဖြစ်တော့ ပြောင်းလဲပစ်နေကြတယ် ” လို့ပြောဆိုခဲ့ပါတယ်။ အီဒင် ဟာဇက် ဟာ ရီးရဲလ်မက်ဒရစ် ပွဲဦးထွက် ကစားသမားဘဝကနေ အခုချိန်ထိ လာလီဂါ ပွဲပေါင်း ၂၂ ပွဲပါဝင် ကစားထားပြီးတော့ သွင်းဂိုး ၂ ဂိုးသာ ရယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

The post ဟာဇက်ကို ရောင်းချဖို့ အသင်းကို တောင်းဆိုခဲ့ကြတဲ့ ရီးရဲလ်မက်ဒရစ် ပရိတ်သတ်များ appeared first on MySport Myanmar.