မနေ့ညက ကျင်းပသွားခဲ့တဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ဗီလာရီးယဲလ်အသင်းတို့ ရင်ဆိုင်ယှဉ်ပြိုင်ခဲ့ကြပြီး မိနစ်(၉၀)အတွင်းမှာ အချိန်ပို မိနစ်(၃၀)အတွင်းမှာပါ အနိုင်အရှုံးမပေါ်သေးတာကြောင့် ပင်နယ်တီအဆုံးအဖြတ် ခံယူခဲ့ရာ ဗီလာရီးယဲလ်အသင်းက ပင်နယ်တီ (၁၁)ဂိုး (၁၀)ဂိုးနဲ့ အနိုင်ယူခဲ့ပြီး ယူရိုပါလိဂ် ဆုဖလားကြီးကို ပထမဆုံးအကြိမ်အဖြစ် ဆွတ်ခူးပိုင်ဆိုင်သွားနိုင်ခဲ့ရပါတယ်။

Photo Credit : Goal

ယူရိုပါလိဂ်ချန်ပီယံဆုကို တစ်ကြိမ်ဆွတ်ခူးထားနိုင်ခဲ့ဖူးတဲ့ ယူနိုက်တက်အသင်းဟာ အခုပြိုင်ပွဲမှာလည်း ဗိုလ်စွဲဖို့ ရေပန်းစားဆုံး ဖြစ်ခဲ့ရပေမယ့် ဗိုလ်လုပွဲစဉ်မှာ အားရလောက်စရာကောင်းတဲ့ ခြေစွမ်းမျိုးကို မပြသနိုင်ခဲ့တဲ့အပြင် အသင်းရဲ့ ကစားသမားတချို့ကလည်း ဒီပွဲမှာ ခြေမပေါ်နိုင်ပဲ ရှိခဲ့ရပါတယ်။ ဒီလို အသင်းအတွက် ခြေစွမ်းပြနိုင်ခြင်းမရှိတဲ့ ကစားသမားတွေထဲမှာ တိုက်စစ်မှူးမားကပ်စ်ရပ်ရှ်ဖိုဒ့်လည်း ပါဝင်ခဲ့ပါတယ်။ ရပ်ရှ်ဖိုဒ့်ဟာ အသင်းရဲ့တိုက်စစ်မှာ အားကိုးအားထားရအောင် မစွမ်းဆောင်နိုင်ခဲ့တဲ့အပြင် ဦးဆောင်ဂိုးအဖြစ် ပြောင်းလဲရယူသွားနိုင်မယ့် အခွင့်အရေးကောင်းတစ်ခုကိုပါ အသုံးမချနိုင်ခဲ့ပဲ လက်လွတ်ခဲ့ရပါသေးတယ်။

Photo Credit : Australian News Review

ဒါကြောင့် အသင်းက ယူရိုပါလိဂ်ဆုဖလားကြီးနဲ့ လွဲချော်သွားရချိန်မှာ အသင်းပရိသတ်များစွာက ရပ်ရှ်ဖိုဒ့်အပါအဝင် အသင်းမှာ ခြေစွမ်းမပြနိုင်ကြတဲ့ ကစားသမားအားလုံးကို ပြစ်တင်ဝေဖန်လာခဲ့သလို ကစားသမားတွေရဲ့ လူမှုကွန်ယက်တွေမှာပါ စော်ကားတိုက်ခိုက်မှုတွေ လုပ်ဆောင်လာခဲ့ကြပါတယ်။ ရပ်ရှ်ဖိုဒ့်က သူရဲ့လူမှုကွန်ယက်ပေါ်မှာဆိုရင် လူမျိုးရေးခွဲခြားတဲ့ စာသားတွေချည်း အနည်းဆုံး (၇၀)နီးပါးလောက်ကို ရှိနေတယ်လို့ တွစ်တာပေါ်ကနေ ရေးသားဖော်ပြခဲ့သလို အဲ့ဒီလိုစော်ကားမှုတွေက ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့ရတာထက် စိတ်ခံစားချက်ကို ပိုဆိုးသွားစေခဲ့ရတယ်လို့ ရပ်ရှ်ဖိုဒ့်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ရပ်ရှ်ဖိုဒ့်က သူ့ကို ပိုပြီးထိတ်လန့်သွားစေခဲ့တာက သူ့ကို လူမျိုးရေးခွဲခြား တိုက်ခိုက်တဲ့ လူတွေထဲမှာ Profile အစစ်နဲ့ သချာင်္သင်ကြားနေတဲ့ ဆရာတစ်ယောက်ပါ ပါဝင်လို့နေတာဖြစ်ပြီး ဒီလိုစိတ်အခြေအနေရှိတဲ့ ဆရာတစ်ယောက်က တပည့်တွေကို ဘယ်လိုပညာသင်ကြားပေးမလဲဆိုတာကို စိုးရိမ်မိတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဘက်ကလည်း သူတို့ကစားသမားတွေအပေါ် လူမျိုးရေးခွဲခြားခြင်း အသားအရောင်ခွဲခြားခြင်းတွေ ပြုလုပ်တာကို လူမှုကွန်ယက်တွေပေါ်မှာ တွေ့ခဲ့မယ်ဆိုရင် Report လုပ်ဖို့ပေး တောင်းဆိုပါကြောင်း ကြေညာထားခဲ့ပါတယ်။

The post ယူရိုပါလိဂ် ဖိုင်နယ်ပွဲအပြီးမှာ လူမှုကွန်ယက်ပေါ်ကနေ တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ရပ်ရှ်ဖိုဒ့် appeared first on MySport Myanmar.