စပိန် လာလီဂါ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ အဓိက နောက်ခံလူ ဖြစ်သလို အသင်းခေါင်းဆောင်လည်း ဖြစ်တဲ့ ရာမို့စ်ကတော့ ပရီးမီးယားလိဂ် အင်အားကြီးအသင်း တစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းထံ ပြောင်းရွှေ့ဖို့ အတွက် အလွန်အမင်း စိတ်ဝင်စား နေကြောင်းနဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂန္တဝင် ကွင်းလယ်လူ တစ်ဦး ဖြစ်သူ ဒေးဗစ်ဘက်ခမ်းနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေပါ ပြုလုပ်ခဲ့ကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။

Photo Credit: Express

အသက် ၃၄နှစ် အရွယ် ရီးရဲလ်မက်ဒရစ် အသင်းနဲ့ စပိန်လက်ရွေးစင် အသင်းတို့ရဲ့ အသင်းခေါင်းဆောင် ရာမို့စ်ဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ကစားသမား တစ်ဦး ဖြစ်ပြီး လတ်တလောမှာ စာချုပ်သစ် အတွက် ဆွေးနွေးမှုတွေဟာလည်း ရပ်ဆိုင်း နေတာကြောင့် ရာသီကုန်မှာ အသင်းကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖို့ ရေပန်းစားနေသူပါ။ လတ်တလောမှာတော့ ရာမို့စ်ကို ခေါ်ယူဖို့ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့က ရေပန်းစား နေပေမယ့် ရာမို့စ်ကတော့ ပရီးမီးယားလိဂ် ကလပ်အသင်း တစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းထံ ပြောင်းရွှေ့ဖို့ စိတ်ဝင်စား နေပါတယ်။

Photo Credit: Express

နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ The Mirror သတင်းဌာနရဲ့ ဖော်ပြချက် အရ ရာမို့စ်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းထံ ပြောင်းရွှေ့ဖို့ စဉ်းစားနေမှုနဲ့ ပတ်သတ်ပြီး မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂန္တဝင် ကွင်းလယ်လူဟောင်း ဘက်ခမ်းထံ ပြောပြကာ အကြံဉာဏ် တောင်းခံခဲ့ပြီး ဘက်ခမ်းကလည်း ရာမို့စ်ကို မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အခြေအနေ ၊ ပရိသတ်တွေရဲ့ အကြောင်းကို ပြောပြကာ မန်ချက်စတာ ယူနိုက်တက် အသင်းထံ ပြောင်းရွှေ့ဖို့ တိုက်တွန်းခဲ့ကြောင်း သိရပါတယ်။ စပိန် အခြေစိုက် တီဗွီလိုင်း တစ်ခု ဖြစ်တဲ့ El Chiringuito Tv ကလည်း ရာမို့စ်ဟာ ပီအက်စ်ဂျီ အသင်းကို ကျော်ကာ မန်ချက်စတာ ယူနိုက်တက် အသင်းထံ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားကြောင်းနဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ရာမို့စ်ကို တစ်ပတ်လုပ်ခ လစာ ပေါင် ၂၂၄၀၀၀နဲ့ ကမ်းလှမ်း ထားကြောင်း အခိုင်အမာ ဖော်ပြ သွားကြပါတယ်။

The post မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းဖို့ ဘက်ခမ်းနဲ့တောင် စကားပြောခဲ့တဲ့ ရာမို့စ် appeared first on MySport Myanmar.