အာဆင်နယ် အသင်းရဲ့ ကွင်းလယ် ကစားသမား ဖြစ်သူ မီဆွတ် အိုဇေးလ် ဟာ ဖီနာဘာချီ အသင်းကို ရောက်ရှိဖို့ရာ အတွက် အတော်လေး ရာခိုင်နှုန်း များနေပြီးတော့ အိုဇေးလ် ရဲ့ အေးဂျင့်ဖြစ်သူ အားကပ် ဆိုးဂက် က မကြာခင်မှာ အပြောင်းအရွှေ့ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်နေပါတယ်။ အေးဂျင့်ဖြစ်သူ အားကပ် ဆိုးရက် ရဲ့ ပြောဆိုချက်အရ အိုဇေးလ် ဟာ ဖီနာဘာချီ အသင်း ကို အရူးအမူး အားပေးတဲ့ ပရိသတ် တစ်ဦး ဖြစ်ပြီးတော့ ဒီလထဲမှာပဲ အာဆင်နယ် အသင်းကနေ တူရကီ ကလပ်ကို ပြောင်းရွှေ့လိမ့်မယ်လို့ သိရပါတယ်။

Photo Credit: Daily Mail

အသက် ၃၂ နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ အိုဇေးလ် နဲ့ အာဆင်နယ် အသင်းကြား ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းကလည်း ခြောက်လသာ ကျန်ရှိတော့တာ ဖြစ်တဲ့ အပြင် တနင်္လာနေ့က တူရကီကလပ်ကို ပြောင်းရွှေ့မလား ဒါမှမဟုတ် အမေရိကန် ကို ပြောင်းရွှေ့မလား ဆိုတာ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ အေးဂျင့်ဖြစ်သူ ဆိုးဂက် က သူ့ရဲ့ ကစားသမား အနေနဲ့ မကြာခင်မှာ အသင်းသစ် ရှာတွေ့နိုင်လိမ့်မယ်လို့ မျှော်လင့်နေပြီးတော့ ဇန်နဝါရီလထဲမှာပဲ အသင်းတွေနဲ့ သဘောတူညီမှု ရရှိဖို့ ဆွေးနွေးနေပါတယ်။ “ အိုဇေးလ်က ဖီနာဘာချီ အသင်းကို သာမန် အားပေးတဲ့ ပရိသတ် မဟုတ်ပါဘူး။ သူက အရူးအမူး အားပေးတာပါ ”

Photo Credit: Daily Mail

“ သူ ဖီနာဘာချီ အသင်းမှာ ကစားဖို့အတွက် တူရကီကို ပဲ သွားပါလိမ့်မယ်။ အဲ့ဒီလို ဖြစ်လာမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဒီအပြောင်းအရွှေ့က လုပ်ငန်းစဉ် တစ်ခု လိုပါသေးတယ်။ တစ်ခုခု မဖြစ်ခင် အတိအကျ ပြောနေတာက တစ်ခုခု မှားယွင်းသွားနိုင်ပါတယ်၊ ဒါပေမယ့် ကျွန်တော်ကတော့ အဲ့ဒီလို ဖြစ်လာဖို့ မျှော်လင့်ပါတယ်။ ဖီနာဘာချီ အသင်းရဲ့ ပရိသတ် အကြီးစား ဖြစ်တဲ့ အတွက် အဲ့ဒါက အိုဇေးလ် အတွက် ကောင်းတဲ့ အခိုက်အတန့် တစ်ခု ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ ဘယ်လိုအခွင့်အရေးတွေ ရှိနေသေးလဲဆိုတာ မပြောနိုင်ပါဘူး။ ကျွန်တော်တို့က နှစ်ဖက်လုံးကို ကြည့်ရပါမယ်။ စာချုပ်ပေါ်မှာ လက်မှတ်မထိုးခင် ဘယ်အရာမှ မတိကျပါဘူး။ စာချုပ် မချုပ်ခင် ကျွန်တော်တို့ နှုတ်နဲ့ သဘောတူညီမှု ရထားမယ်ဆိုရင်တောင် ဒီအပြောင်းအရွှေ့က ‌ဖြစ်မြောက်တယ်လို့ ဘယ်သူမှ မပြောနိုင်ပါဘူး။ အကယ်၍ ဒါကသာ ကောင်းတဲ့ အပြောင်းအရွှေ့ တစ်ရပ် ဖြစ်မယ်ဆိုရင်၊ အဲ့ဒါ ဖြစ်လာဖို့ အတွက် မျှော်လင့်ကြတာပေါ့။ အကယ်၍ ကောင်းတဲ့ အပြောင်းအရွှေ့ မဟုတ်ဘူးဆိုရင်တော့ ကျွန်တော်တို့ အဲ့ဒါကို မလိုချင်ပါဘူး။ လုပ်ငန်းစဉ်ကို စောင့်ကြတာပေါ့၊ အခုဆိုရင်လည်း လူတွေက မီဆွတ် ဘာလုပ်ချင်လဲဆိုတာကို သူ့ရဲ့ တွစ်တာကနေ သိနေရပါပြီ ” လို့ ဖွင့်ဟ ပြောဆိုခဲ့ပါတယ်။

The post အိုဇေးလ်က ဖီနာဘာချီထံ ပြောင်းရွှေ့ချင်နေပြီ လို့ အတည်ပြုခဲ့တဲ့ အေးဂျင့် ဆိုးဂက် appeared first on MySport Myanmar.