ပြီးခဲ့တဲ့ရက်ပိုင်းကမှ ရီးရဲလ်မက်ဒရစ်အသင်းကနေ အာဆင်နယ်အသင်းဆီကို ရာသီကုန်အထိ အငှားစာချုပ်နဲ့ ရောက်ရှိလာခဲ့တဲ့ နော်ဝေကြယ်ပွင့် ကွင်းလယ်ကစားသမား မာတင်အိုဒီဂတ်ဟာ အသင်းကနေ အငှားနဲ့ထွက်ခွာဖို့ ဆုံးဖြတ်လိုက်ချိန်မှာ သူ့ကို ကလပ်အသင်းများစွာကနေ ကမ်းလှမ်းလာခဲ့ကြပြီး ဒီအသင်းတွေထဲမှာ အာဆင်နယ်ရဲ့ ခါးသီးမြို့ခံပြိုင်ဘက် အသင်းတစ်သင်းဖြစ်တဲ့ စပါးလည်း ပါဝင်ခဲ့သလို စပါးရဲ့ကမ်းလှမ်းချက်ကိုတော့ အိုဒီဂတ်က ပယ်ချသွားခဲ့တယ်လို့ သိရှိရပါတယ်။

Photo Credit : The Guardian

အသက်(၂၃)နှစ်အရွှယ်ရှိ နော်ဝေလက်ရွေးစင် ကွင်းလယ်တိုက်စစ်ကစားသမား အိုဒီဂတ်ဟာ ဒီနှစ်ဘောလုံးရာသီ အစပိုင်းကမှ ဆိုစီဒက်အသင်းကနေ သူရဲ့အငှားစာချုပ်ပြည့်မြောက်သွားလို့ မူလကလပ်အသင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ဆီကို ပြန်ရောက်လာခဲ့တာဖြစ်ပြီး နည်းပြဇီဒန်းကလည်း သူ့ကို ထပ်မံအငှားမချတော့ပဲ အသင်းမှာ နေရာပေးဖို့ကိုပဲ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့် အိုဒီဂတ်ဟာ ရီးရဲလ်မှာ ထင်သလောက် နေရာမရတာကြောင့် နောက်ဆုံးမှာတော့ အသင်းကနေ ထပ်မံအငှားနဲ့ ထွက်ခွာဖို့အတွက် ဆုံးဖြတ်လိုက်ရတာဖြစ်ပါတယ်။

Photo Credit : Football Talk

အသင်းကနေ အငှားနဲ့ ထွက်ခွာတော့မယ့် အိုဒီဂတ်ကို ဥရောပကလပ်အသင်းတွေများစွာကနေ ပစ်မှတ်ထားလာကြပြီး သူ့ကို မနှစ်က အငှားနဲ့ခေါ်ယူခဲ့ဖူးတဲ့ ဆိုစီဒက်အသင်းကလည်း အိုဒီဂတ်နဲ့ သတင်းထွက်လာခဲ့ပါသေးတယ်။ ဒါပေမယ့် ဆိုစီဒက်က ဒီသတင်းတွေကို ငြင်းဆန်ခဲ့ပြီးနောက် အိုဒီဂတ်ရဲ့လားရာကလည်း သူတစ်ခါမှ မကျင်လည်ဖူးသေးတဲ့ ပရီးမီးယားလိဂ်ဘက်ကို ဦးတည်လာခဲ့ပါတယ်။ အိုဒီဂတ်ဟာ ကွင်းလယ်ကစားသမားတစ်ယောက်ကို အလိုရှိနေတဲ့ အာဆင်နယ်အသင်းနဲ့ သတင်းတွေ ထွက်ပေါ်ခဲ့တာဖြစ်ပေမယ့် တကယ်တမ်းမှာတော့ သူ့ကို အာဆင်နယ်နဲ့အပြိုင် စပါးဘက်ကလည်း အငှားနဲ့ ခေါ်ယူဖို့ကို စိတ်ဝင်စားခဲ့တာဖြစ်ပြီး အသင်းမှာ အနာဂတ်မရေမရာဖြစ်နေတဲ့ ဒယ်လီအလီရဲ့နေရာအတွက် အစားထိုးဖို့ အိုဒီဂတ်ကို ခေါ်ယူချင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အိုဒီဂတ်ကတော့ စပါးအသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချလိုက်ပြီး သူရဲ့အသင်းဖော်ဟောင်း စီဘယ်ယို့စ်ရှိရာ အာဆင်နယ်အသင်းဆီကိုပဲ အငှားနဲ့ ပြောင်းရွှေ့လာခဲ့ပါတယ်။ လတ်တလောမှာ ထွက်ပေါ်နေတဲ့ သတင်းတွေအရ မာတင်အိုဒီဂတ်ဟာ လာမယ့်(၃၁)ရက်နေ့မှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာပဲ သူရဲ့အာဆင်နယ်ကစားသမားဘဝ ပထမဆုံးပွဲအဖြစ် ပါဝင်ဆင်နွဲဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

The post အာဆင်နယ်ကို မပြောင်းရွှေ့ခင် စပါးအသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချခဲ့တဲ့ အိုဒီဂတ် appeared first on MySport Myanmar.