မန်ချက်စတာယူနိုက်တက်အသင်းဟာ မနေ့ညက စပိန်မြေမှာ ဂရန်နာဒါအသင်းနဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ပြီး ရပ်ရှ်ဖိုဒ့် ဘရူနိုဖာနန်ဒက်စ်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ဂရန်နာဒါကို (၂)ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပေမယ့်လည်း အသင်းရဲ့ကစားသမားတွေဖြစ်တဲ့ မက်ဂွိုင်းရား လုခ်ရှောနဲ့ တွမ်မီနေးတို့တွေက အဲ့ဒီပွဲအတွင်းမှာ အဝါကတ်ကိုယ်စီ ပြသခံခဲ့ရလို့ ဥရောပဘောလုံးပြိုင်ပွဲတွေရဲ့ စည်းမျဉ်းများအရ ဒီကစားသမားတွေဟာ ဒုတိယအကျော့ပွဲစဉ်ကို လွဲချော်ရတော့မှာဖြစ်ပါတယ်။

Photo Credit : Twitter

ဒီအခြေအနေကို ယူနိုက်တက်နည်းပြ အိုလေဂန်နာဆိုးရှားလ်က စိတ်ပျက်လျက်ရှိနေပြီး အဝေးကွင်းမှာ (၂)ဂိုးပြတ်နဲ့ နိုင်ပွဲတစ်ပွဲကို ရယူနိုင်ခဲ့ပေမယ့်လည်း ဒီအဝါကတ်စည်းမျဉ်းတွေကြောင့် ပြီးပြည့်စုံတဲ့ နိုင်ပွဲတစ်ပွဲအသွင်ကို မဆောင်နိုင်ခဲ့ဘူးလို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ဆိုးရှားလ်က “ဒါဟာ ကျွန်တော်တို့အသင်းအတွက် ပြီးပြည့်စုံညတစ်ည မဖြစ်စေခဲ့ပါဘူး။ ကျွန်တော်တို့အသင်းက အဝါကတ်(၃)ကတ် ပြသခံခဲ့ရသလို အဲ့ဒီအဝါကတ်တွေကြောင့် ကစားသမား(၃)ယောက်ကလည်း ပွဲပယ်ခံရတော့မှာပါ”

Photo Credit : Goal

“(၂)ဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်မျိုးက အရမ်းကိုကောင်းမွန်တဲ့ ရလဒ်မျိုးပါ။ စပိန်မြေမှာ လာကစားရချိန် ဘယ်လောက်အထိကို ခက်ခဲမှုတွေနဲ့ ရင်ဆိုင်ရမလဲဆိုတာ ကျွန်တော်တို့ သိထားပါတယ်။ ကျွန်တော်တို့ကလည်း ရလဒ်ကောင်းတစ်ခု ပိုင်ဆိုင်နိုင်ဖို့အတွက် အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။ ဒါ့အပြင် အသင်းအတွက် သွင်းဂိုးတွေ ရယူပေးနိုင်ခဲ့တဲ့ ရပ်ရှ်ဖိုဒ့် ဖာနန်ဒက်စ်တို့နဲ့ ပတ်သက်ပြီးတော့ကိုလည်း ဆိုးရှားလ်က “သူတို့က တမူထူးခြားမှုတွေရှိတဲ့ ကစားသမားတွေပါ။ ကျွန်တော်တို့အသင်းအတွက်ကိုလည်း အလွန်အရေးပါလွန်းတဲ့သူတွေပါ။ ရပ်ရှ်ဖိုဒ့်က ဘောလုံးဆွဲပြေးတာ ဘောလုံးရယူတာတွေက အလွန်ကို ကောင်းမွန်ပါတယ်။ ဘရူနိုကလည်း ပင်နယ်တီ ကန်သွင်းတဲ့နေရာမှာ အလွန်ကို ယုံကြည်ချက်ရှိတယ်။ ဂိုးသမားက သူရဲ့ကန်ချက်ကို ကာကွယ်နိုင်လုနီးပါး ဖြစ်နေတာတောင်မှ ရအောင်ကန်သွင်းသွားနိုင်တယ်။ ကျွန်တော်တို့တွေ ပွဲတိုင်းကို အနိုင်ရအောင် ကစားချင်ပါတယ်။ ဒါပေမယ့် အသင်းက လေ့လာမှုတွေ သင်ယူတွေမှု ရှိနေသေးတဲ့ နှနယ်သေးတဲ့ အသင်းမျိုးပါ။ အချိန်ပြည့် တိုးတတ်လာဖို့လည်း ကြိုးစားနေပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ဆိုးရှားလ်ရဲ့ယူနိုက်တက်ဟာ ဒီတစ်ပတ် တနင်္ဂနွေနေ့မှာတော့ ဟိုဆေးမော်ရင်ဟိုရဲ့ စပါးအသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၃၁)အဖြစ် ရင်ဆိုင်ရမှာဖြစ်ပါတယ်။

The post ဂရန်နာဒါကို အနိုင်ရခဲ့ပေမယ့် ပြီးပြည့်စုံတဲ့နိုင်ပွဲတစ်ပွဲတော့ မဖြစ်ခဲ့ဘူးလို့ ဆိုးရှားလ်ညည်းတွားပြောဆို appeared first on MySport Myanmar.