ယမန်နှစ်၊ ၂၀၂၀ ပြည့်နှစ်သည်၊ တစ်တိုင်းပြည်လုံး အတိုင်းအတာသာမက ပြည်တွင်းထုတ်လုပ်မှု ကဏ္ဍများအတွက် အလွန်ခက်ခဲသောနှစ်၊ တစ်နှစ်ဖြစ်ပါသည်။ ကမ္ဘာနှင့်အဝန်း သာမက၊ ပြည်တွင်းတွင် ရှိ သော စီးပွား‌ရေးလုပ်ငန်းများ၊ လူနေမှုဘဝများနှင့် ငွေရေးကြေးရေးဆိုင်ရာ လုံခြုံမှုများကို နက်နက်နဲနဲ ထိခိုက် နေဆဲ ဖြစ်ပါသည်။ ကမ္ဘာနှင့်အဝန်းတွင်၊ ဖြစ်ပွားခဲ့သော မျိုးဆက်အလိုက် ကြုံတွေ့ခဲ့ကြရသည့် အကျပ် အတည်းများတွင်၊ အဆိုးဆုံးဖြစ်သည့်အတွက်၊ အသင်းကြီးအနေနှင့် ပြည်တွင်း၌လည်း၊ ကဏ္ဍအားလုံး ညီညွှတ်စွာနှင့် တစ်ဦးကိုတစ်ဦး ဖေးမကူညီ၍ အတူတူကျော်ဖြတ်သွားနိုင်ကြရန် ဆန္ဒပြုပါသည်။

တိုင်းပြည်၏ လူမှုအသိုင်းအဝန်းများကို အလေးထားသော အသင်းကြီးဖြစ်သည့်အလျောက်၊ လွန်ခဲ့ သည့် တစ်နှစ်ပတ်လုံး၊ မပြည့်စုံသော၊ ရောဂါကူးစက်ခံရသော အများပြည်သူကို လိုအပ်သည့် ငွေကြေးများ အထောက်အပံ့များ၊ အခြေခံစားသောက်ကုန်များနှင့် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး တွင်လိုအပ်သော အထောက်အကူပြုပစ္စည်းများကို လှူဒါန်းခဲ့ပါသည်။ ညီနောင်အသင်းဝင်ကုမ္ပဏီတစ်ခုချင်းစီ အလိုက်၊ သီးသန့်လှူဒါန်းသည့်အလှူဒါနများအပါအဝင်၊ အသင်းကြီးအနေနှင့်လည်း ငွေကြေးနှင့်လှူဖွယ်ပစ္စည်း များလှူဒါန်းခဲ့ရာ၊ တန်ဖိုးစုစုပေါင်း အလှူဒါနတန်ဖိုး မြန်မာကျပ်ငွေ (၁) ဘီလီလျံကျော်ခန့်၊ (ကျပ်သိန်း ၁ သောင်းကျော်) ကို လှူဒါန်းခဲ့ပါသည်။

နိုင်ငံတော်အစိုးရနှင့် အတူလက်တွဲလျက်၊ အများပြည်သူအတွက်၊ နိုင်ငံတော်ဘဏ္ဍာအဖြစ်၊ အခွန်အ ခ ကောက်ခံခြင်းဆိုင်ရာ ရည်မှန်းချက်များကို ပြည့်မီစွာ ဆောင်ရွက်နိုင်ရေးအတွက်၊ ညီနောင်အသင်းကုမ္ပဏီ များသည်၊ ၂၀၁၈-၂၀၁၉ စည်းကြပ်နှစ်တွင်၊ အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်၊ အခွန်အခများကို စုစု‌ပေါင်း၊ မြန်မာကျပ်ငွေ (၁၂၃) ဘီလီလျံကျော်ခန့်၊ တာဝန်ကျေပွန်စွာ၊ ထမ်းဆောင်၍၊ တစ်နိုင်ငံလုံး အတိုင်းအတာနှင့် အများဆုံး အခွန်ထမ်းဆောင်သောကုမ္ပဏီ အဆင့် (၁) မှ အဆင့် (၅၀) အတွင်းတွင် ပါဝင်ခဲ့သောကြောင့်၊ အထူးဂုဏ်ယူရပါသည်။ (အသေးစိတ်စာရင်းအားပူးတွဲပါအရ၊ ကြည့်ပါရန်။)

အသင်းကြီး၏ ညီနောင်အသင်းဝင်ကုမ္ပဏီများမှာ၊ ကိုဗစ်-၁၉ ကပ်ရောဂါဆိုး၏၊ ရိုက်ခတ်မှုကြောင့်၊ ကုမ္ပဏီအတွင်း လည်ပတ်ရန် စရိတ်များနှင့် ပြင်ပမှကုန်သွယ်စရိတ်များ ကြီးမားသဖြင့်၊ ၂၀၂၁-၂၀၂၂ စည်း ကြပ်နှစ်အတွက်၊ အခွန်အခများ တိုးမြှင့်ကောက်ခံခြင်းအား၊ ပြန်လည်သုံးသပ်ပေးပါရန်၊ နိုင်ငံတော်အစိုးရ အား ပန်ကြားလိုပါသည်။ ကမ္ဘာအရပ်ရပ်ရှိ စီးပွားရေးများလည်း ထိခိုက်နစ်နာလျက်ရှိပြီး၊ ဗီဇပြောင်း၊ ကိုဗစ်-၁၉ ရောဂါပိုးများ၊ အန္တရာယ်ကိုကာကွယ်ရန်၊ ၂၀၂၁ နှစ်ဝက်ခန့်အထိ စီးပွားရေးအခြေအနေတည်ငြိမ်နိုင်ရန်၊ အထူးကြိုးပမ်း ကြရပါဦးမည်။ စီးပွားရေးပညာရှင်များအဆိုအရ၊ ကမ္ဘာတစ်ဝန်းရှိ စီးပွားရေးသည် ၂၀၁၉-၂၀၂၀ ကပ်ဆိုးမှ ပြန်လည်ထူထောင်နိုင်ရန်၊ နောင်လာမည့် ၂ နှစ်မှ ၃ နှစ်အထိ ကြန့်ကြာနိုင်မည်ဟုဆိုပါသည်။

“ကျွန်တော်တို့ ပြည်တွင်းယမကာထုတ်လုပ်ရေး ကဏ္ဍဟာ ၂၀၂၀ ပြည့်နှစ်မှာ ၊ တော်တော်ထိခိုက်နစ် နာခဲ့ပါတယ်။ ယခုနှစ်၊ ၂၀၂၁ မှာလည်း၊ စီးပွားရေးက အတော်လေးနှေး နေဦးမှာဖြစ်ပြီး၊ ဒီနှစ်တတိယ၊ ၃လ ပတ်ထဲမှာမှ၊ စတင်ပြီး တစ်ဖြည်းဖြည်း၊ ပြန်လည်ဦးမော့လာဖို့ မျော်လင့်ပါတယ်။” ဟု မြန်မာနိုင်ငံယမကာ ထုတ်လုပ်ဖြန့်ဖြူးသူများအသင်း၏ ဥက္ကဌ၊ ဦးစိုးလွင် ကဆိုသည်။

“ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြောင့်၊ ကျွန်တော်တို့ မလူးသာ၊ မလွန့်သာ ပိုမိုကြပ်တည်းပြီး၊ ကျွန်တော် တို့ စီးပွားရေး၊ ‌ဂေဟစနစ်အတွင်းမှာ၊ ကျွန်တော်တို့ကို မှီခိုအားထားနေတဲ့၊ ဝန်ထမ်းမိသားစုတွေ၊ အထက် အောက်၊ ဆက်နွယ်နေတဲ့ လူမှုအသိုင်းအဝန်းတွေရဲ့ စီးပွားရေးတွေအတွက်၊ ဆက်လက်ရပ်တည်ဖို့မဖြစ်နိုင် တော့မယ် အခြေအနေရောက်သွားမှာ အင်မတန် စိုးရိမ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့၊ နိုင်ငံတော် အစိုးရက၊ ကျွန်‌တော်တို့ကဏ္ဍရဲ့ အခြေအနေတွေကို၊ စာနာနားလည်ပြီး၊ အခွန်အခတွေ ထပ်တိုး ကောက်ခံ ခြင်းကို ဆိုင်းငံ့ပြီး၊ ၂၀၂၁ ခုနှစ် စီးပွားရေးယိုယွင်းတဲ့ အခြေအနေကနေ ပြန်ပြီးထူ‌ထောင် လာနိုင်အောင် ပံ့ပိုး ဆောင်ရွက်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။” ဟု မြန်မာနိုင်ငံယမကာထုတ်လုပ်ဖြန့်ဖြူးသူများအသင်း၏ အထွေထွေအတွင်းရေးမှူး၊ ဦးဝင်းသော် က ဆိုသည်။

စီးပွားရေးပြန်လည် ဦးမော့လာရန် စောင့်ဆိုင်းလျက်၊ အသင်းကြီးအနေနှင့်၊ ဆက်လက်၍၊ အများ ပြည်သူလူထုလိုအပ်နေသည့် အချိန်တွင်၊ တတ်အားတစ်ရွေ့၊ တစ်ထောင့်တစ်နေရာမှ၊ ပံ့ပိုးမှုများ၊ အထောက် အပံ့များ ပေးအပ်သွားမည် ဖြစ်ပါသည်။ ညီနောင်အသင်းဝင်ကုမ္ပဏီများ အနေနှင့်၊ ၂၀၂၁ ခုနှစ်သည်လည်း၊ ၂၀၂၀ ပြည့်နှစ် ကဲ့သို့ပင် ခက်ခဲသောကာလကို ကျော်ဖြတ်ကြရမည် ဖြစ်သော်လည်း၊ နိုင်ငံတော်အစိုးရနှင့် အများပြည်သူအတွက် ဆက်လက် အားပေးရပ်တည် သွားမည်ဖြစ်ပါသည်။

The post မြန်မာနိုင်ငံယမကာထုတ်လုပ်ဖြန့်ဖြူးသူများအသင်း၏ ၂၀၂၀ ပြည့်နှစ်အတွင်း စွမ်းဆောင်ခဲ့သည်များကို သတင်းထုတ်ပြန် appeared first on MyBiz Myanmar.