လာမယ့်ဘောလုံးရာသီကနေ စတင်ပြီး ရိုးမားအသင်းရဲ့ နည်းပြသစ်အဖြစ် စတင်တာဝန်ယူ ကိုင်တွယ်သွားတော့မယ့် နာမည်ကျော် ဘောလုံးနည်းပြ ဟိုဆေးမော်ရင်ဟိုဟာ ရိုးမားကို စတင်ကိုင်တွယ်ချိန်မှာ အသင်းကို လူအင်အားဖြည့်တင်းသွားဖို့အတွက် သူယခင်ကိုင်တွယ်ခဲ့ဖူးတဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ ဟွမ်မာတာ ဒွန်နီဗန်ဒယ်ဘိခ်တို့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Birmingham Mail

ဘောလုံးရာသီ ကုန်ဆုံးဖို့ သိပ်မလိုတော့တဲ့အချိန်မှာ စပါးအသင်းကနေ ထုတ်ပယ်ခံလိုက်ရတဲ့ မော်ရင်ဟိုဟာ စပါးနဲ့ လမ်းခွဲပြီး ရက်ပိုင်းလောက်အကြာမှာပဲ ရိုးမားအသင်းရဲ့ နည်းပြသစ်အဖြစ် အံ့အားသင့်စွာနဲ့ ခန့်အပ်ခံလိုက်ရပါတယ်။ လက်ရှိမှာ ရိုးမားအသင်းက ဖွန်ဆီကာကို ဒီနှစ်ဘောလုံးရာသီအကုန်ထိ ဆက်လက်တာဝန်ယူသွားမှာဖြစ်ပြီး မော်ရင်ဟိုကတော့ နောက်ရာသီမှသာ အသင်းကို ပြောင်းလဲကိုင်တွယ်ရမှာဖြစ်လို့ လာမယ့်နွေစျေးကွက်အတွင်းမှာလည်း မော်ရင်ဟိုက သူစိတ်ကြိုက်ကစားသမားတွေကို ခေါ်ယူခွင့် ရနိုင်မှာဖြစ်ပါတယ်။

Photo Credit : United in Focus

မော်ရင်ဟိုဟာ သူရဲ့အသင်းသစ် ဖြစ်လာမယ့် ရိုးမားအသင်းအတွက် သူနဲ့အတူ ချယ်လ်ဆီးမှာရော ယူနိုက်တက်မှာပါ လက်တွဲခဲ့ဖူးတဲ့ ဝါရင့်စပိန်ကွင်းလယ်ကစားသမားကြီး ဟွမ်မာတာကို ခေါ်ယူချင်နေသလို ယူနိုက်တက်မှာ ရုန်းကန်နေရတဲ့ နယ်သာလန်ကွင်းလယ်လူ ဗန်ဒယ်ဘိခ်ကိုပါ ပစ်မှတ်ထားနေပါတယ်။ အသက်(၃၃)နှစ်အရွှယ်ရှိ စပိန်ကွင်းလယ်လူ မာတာဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်လို့ မော်ရင်ဟိုအနေနဲ့ မာတာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မှာဖြစ်ပါတယ်။ မာတာကလည်း ယူနိုက်တက်နဲ့ သေချာပေါက် လမ်းခွဲတော့မှာဖြစ်လို့ သူ့ကို အသင်းများစွာကနေ စောင့်ကြည့်လျက်ရှိနေပါတယ်။ မော်ရင်ဟို မာတာအပြင် နည်းပြဆိုးရှားလ်လက်အောက် ပုံမှန်နေရာပျောက်နေတဲ့ ထိပ်တန်းကွင်းလယ်လူ ဗန်ဒယ်ဘိခ်ကိုပါ ခေါ်ယူသွားဖို့ ဆန္ဒရှိလို့နေပြီး အနည်းဆုံး တစ်ရာသီအငှား ကမ်းလှမ်းမှုမျိုးနဲ့ ကမ်းလှမ်းဖွယ် ရှိနေပါတယ်။ ယူနိုက်တက်ဘက်ကတော့ ဗန်ဒယ်ဘိခ်ကို ရောင်းချသွားဖို့ ဆန္ဒမရှိပေမယ့် ရိုးမားအသင်းရဲ့ အီတလီကွင်းလယ်လူ နီကိုလိုဇာနီအိုလိုနဲ့ အလဲအထပ်သာ လုပ်လာမယ်ဆိုရင်တော့ အပြောင်းအရွှေ့က ဖြစ်ပေါ်လာနိုင်ဖွယ် ရှိနေပါတယ်။

The post မာတာနဲ့ ဗန်ဒယ်ဘိခ် ကစားသမား(၂)ယောက်ကို ရိုးမားအသင်းဆီ မော်ရင်ဟို ခေါ်ဆောင်သွားဖွယ်ရှိနေ appeared first on MySport Myanmar.