MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  မေ ၅ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ဘာစီလိုနာအသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဇာဗီက လက်ရှိ သူတာဝန်ယူကိုင်တွယ်လို့နေတဲ့ ကာတာဘောလုံးကလပ် အယ်ဆတ်အသင်းမှာ ဆက်လက်ရှိနေမှာဖြစ်တယ်လို့ Sport ကနေ ဖော်ပြလာခဲ့ပါတယ်။ အသင်းဟောင်းမှာ နည်းပြအဖြစ် ပြန်လည်တာဝန်ယူမယ်လို့ သတင်းထွက်နေတဲ့ ဇာဗီဟာ အယ်ဆတ်မှာပဲ နောက်ထပ်(၂)ရာသီ ဆက်ရှိမယ်လို့ သိရပါတယ်။

နည်းပြပတ်ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ ဘောလုံးရာသီတစ်ခုထဲမှာ ကျင်းပခဲ့တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်း (၁၁)ပွဲအထိကို အနိုင်ရခဲ့တာကြောင့် ပရီးမီးယားလိဂ် ကလပ်အသင်းတွေအားလုံးအနက် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ တစ်ရာသီထဲ နိုင်ပွဲအများဆုံး ရယူနိုင်တဲ့ ကလပ်အသင်းတစ်သင်း ဖြစ်လာခဲ့ရပါတယ်။

ဝုလ်ဗ်အသင်းဟာ မန်စီးတီးအသင်းရဲ့ ခံစစ်ပိုင်းမှာ အကောင်းဆုံးစွမ်းဆောင်ရည်တွေ ပြသလို့နေတဲ့ ပေါ်တူဂီနောက်ခံကစားသမား ရူဘင်ဒီယက်စ်ကို သူရဲ့အသင်းဟောင်း ဘင်ဖီကာအသင်းမှာ ကစားနေစဉ်ကတည်းက အသင်းဆီ ခေါ်ယူသွားဖို့ အကြိမ်ကြိမ်စောင့်ကြည့်ခဲ့ပေမယ့်လည်း တကယ်တမ်းမှာတော့ မခေါ်ယူဖြစ်ခဲ့တဲ့အတွက် အတော်လေးကို နစ်နာခဲ့ရပါတယ်။

ရိုးမားအသင်းဟာ မနေ့ညကပဲ စပါးအသင်းနဲ့ လမ်းခွဲထားတဲ့ နာမည်ကျော်ဘောလုံးနည်းပြ ဟိုဆေးမော်ရင်ဟိုကို သူတို့ရဲ့ နည်းပြသစ်အဖြစ် လာမယ့်ရာသီကနေစတင်ပြီး တာဝန်ပေးတော့မယ်လို့ ထုတ်ပြန်ခဲ့ပြီးနောက်မှာ အသင်းရဲ့ ရှယ်ယာပိုင်းမှာပါ အကျိုးရှိသွားခဲ့ရကာ ရှယ်ယာ (၂၁)%အထိပင် တတ်လာခဲ့ရပါတယ်။

ချယ်လ်ဆီးနည်းပြ သောမတ်စ်တူဟယ်လ်က သူတို့အသင်းနဲ့ ဒီနေ့ညမှာ ရင်ဆိုင်သွားရမယ့် ရီးယဲလ်မက်ဒရစ်အသင်းရဲ့ နောက်ခံကစားသမား ဆာဂျီယိုရာမို့စ်ဟာ နောက်ဆုံး(၁၀)နှစ်တာ ကာလအတွင်း အအောင်မြင်ဆုံး ဘောလုံးအသင်းတစ်သင်းမှာ ပါဝင်ကစားနေတဲ့ အသင်းခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်တယ်လို့ ချီးမွမ်းပြောဆိုလိုက်ပါတယ်။

The post စိတ်ဝင်စားဖွယ်ရာ နောက်ဆုံးရ မနက်ခင်း ဘောလုံးသတင်းများ (5.5.2021) appeared first on MySport Myanmar.