MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  မေ ၂၇ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

တူရကီကလပ် ထရက်ဇွန်စပေါအသင်းဟာ အီတလီစီးရီးအေပြိုင်ပွဲမှာ ပါဝင်ကစားလို့နေတဲ့ ကစားသမား(၂)ယောက်ကို ခေါ်ယူအားဖြည့်လိုက်ပါတယ်။ ဒီကစားသမားတွေကတော့ ပါးမားအသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ဂါဟင်ဗိုနဲ့ ရိုးမားအသင်းရဲ့ ညာနောက်ခံကစားသမား ဘရူနိုပီရက်စ်တို့ဖြစ်ပြီး အလွတ်ပြောင်းရွှေ့ကြေးတွေနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ မကြာခင်မှာပဲ အသင်းကနေ ထွက်ခွာသွားတော့မယ့် နယ်သာလန်ကွင်းလယ်ကစားသမား ဝိုင်နယ်ဒန်းရဲ့ နေရာမှာ ပြန်လည်အစားထိုးဖို့အတွက် လက်စတာအသင်းမှာ ခြေစွမ်းပြလို့နေတဲ့ ဘယ်ဂျီယံကွင်းလယ်လူ တီလေမန်းစ်ကို အဓိကပစ်မှတ်ထားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လို့နေပါတယ်။

လာမယ့် ယူရို-၂၀၂၀ ဘောလုံးပြိုင်ပွဲကြီး ပြီးဆုံးသွားပါက ဘောလုံးသမားဘဝကနေ အဆုံးသတ်တော့မယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်လာခဲ့ခြင်းဟာ ကောလဟာလသက်သက်သာ ဖြစ်တယ်လို့ ဂါရတ်ဘေးလ်က ရှင်းလင်းသွားခဲ့ပြီး သူရဲ့ဘောလုံးသမားဘဝကို ရှေ့ဆက်ဦးမှာဖြစ်သလို မကြာခင်မှာပဲ သူရဲ့အနာဂတ်နဲ့ပတ်သက်လို့ တိတိကျကျ အဖြေရှာသွားမယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

ဒဏ်ရာပြသာနာအနည်းငယ်နဲ့ ရင်ဆိုင်နေရတဲ့ ချယ်လ်ဆီးအသင်းရဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ကွင်းလယ်လူကန်တီနဲ့ ဂိုးသမားမန်ဒီတို့ဟာ အသင်းအတွက် အရမ်းကို အရေးပါလှတဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမတိုင်ခင်မှာပဲ အသင်းလိုက် လေ့ကျင့်ခန်းအစီအစဉ်မှာ ပြန်လည်ပါဝင်လာနိုင်ပြီဖြစ်လို့ ဗိုလ်လုပွဲမှာပါ အသင်းအတွက် ပါဝင်ကစားပေးနိုင်ဖွယ် ရှိနေပါတယ်။

ပြီးခဲ့တဲ့ ၂၀၀၆ခုနှစ်ကနေစတင်ပြီး လက်ရှိအချိန်ထိ ကျင်းပလာခဲ့တဲ့ ဥရောပပြိုင်ပွဲတွေအတွင်း အင်္ဂလန်ကလပ်အသင်းတွေ စပိန်ကလပ်အသင်းတွေ ဗိုလ်လုပွဲမှာ (၁၀)ကြိမ်အထိ တွေ့ဆုံခဲ့ရာမှာ (၁၀)ကြိမ်စလုံးကို စပိန်ကလပ်အသင်းတွေကပဲ အနိုင်ရဗိုလ်စွဲခဲ့သလို ဗီလာရီးယဲလ်နည်းပြ အူနိုင်းအမ်မရီလည်း UEFA Cup နဲ့ ယူရိုပါလိဂ်ဖလားတို့ကို အကြိမ်ရေအများဆုံး ရယူနိုင်တဲ့ နည်းပြတစ်ဦး ဖြစ်လာခဲ့ပါတယ်။

The post စိတ်ဝင်စားဖွယ်ရာ နောက်ဆုံးရ မနက်ခင်း ဘောလုံးသတင်းများ (27.5.2021) appeared first on MySport Myanmar.