MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  မေ ၂၆ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

မန်စီးတီးအသင်းရဲ့ ပေါ်တူဂီနောက်ခံအစွန်လူ ဂျာအိုကန်ဆယ်လိုက တနေ့နေ့ တချိန်ချိန်မှာ သူရဲ့ကလပ်အသင်းဟောင်း ဘင်ဖီကာအသင်းဆီကို ပြန်လည်ရောက်ရှိဖို့ မျှော်လင့်နေကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ကန်ဆယ်လိုဟာ သူရဲ့ကစားသမားဘဝကို ပေါ်တူဂီကလပ် ဘင်ဖီကာအသင်းမှာ စတင်ခဲ့တာလည်းဖြစ်ပါတယ်။

အေစီမီလန်အသင်းဟာ လာမယ့်နွေစျေးကွက်အတွင်းမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလို့ရမယ့် ကစားသမားတွေဖြစ်တဲ့ ချယ်လ်ဆီးအသင်းရဲ့ ဝါရင့်တိုက်စစ်မှူးကြီး အိုလီဗာဂျရူး အင်တာမီလန်နောက်ခံကစားသမား ဒီအမ်ဘရိုစီယိုနဲ့ နာပိုလီ ညာနောက်ခံလူ ဟေဆိုင်တို့ကို ခေါ်ယူသွားဖို့ ဆွေးနွေးမှုတွေ အသီးသီးပြုလုပ်နေတယ်လို့ သိရှိရပါတယ်။

ပြင်သစ်အခြေစိုက် အားကစားသတင်းမီဒီယာတစ်ခုဖြစ်တဲ့ RMC Sport ရဲ့ ဖော်ပြချက်များအရ ဥရောပထိပ်တန်း ကလပ်အသင်းတွေရဲ့ ပစ်မှတ်ဖြစ်နေရတဲ့ ရန်းစ်အသင်းရဲ့ ဆယ်ကျော်သက်အရွှယ်ရ ပြင်သစ်ကွင်းလယ်ကစားသမားလေး အက်ဒွါဒိုကာမာဗင်ဂါဟာ လီဂူးရဲ့ အင်အားကြီးကလပ်အသင်းဖြစ်တဲ့ ပီအက်စ်ဂျီအသင်းဆီကိုသာ ပြောင်းရွှေ့ချင်နေတယ်လို့ သိရပါတယ်။

ဗြိတိန်နာမည်ကျော် သတင်းစာတစ်စောင်ဖြစ်တဲ့ The Mirror ရဲ့ သတင်းဖော်ပြချက်အရ အက်စတွန်ဗီလာအသင်းရဲ့ဂိုးသမားဖြစ်သူ တွမ်ဟီတန်ဟာ လူငယ်ကစားသမားဘဝတုန်းက ဖြတ်သန်းခဲ့ဖူးတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဆီကို ပြန်သွားဖို့ သဘောတူညီမှု ရယူနိုင်ခဲ့ပြီဖြစ်ပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင်းဆီ ရောက်ရှိလာမှာဖြစ်ပါတယ်။

ဒေါ့မွန်အသင်းဟာ သူတိုရဲ့ ကြယ်ပွင့်ကစားသမား ဂျေဒန်ဆန်ချိုကို လာမယ့်နွေစျေးကွက်အတွင်းမှာ အသင်းကနေ လက်လွတ်ရဖွယ် ရှိနေတဲ့အတွက် သူရဲ့နေရာမှာ ပြန်လည်အစားထိုးဖို့ ချယ်လ်ဆီးအသင်းမှာ ပုံမှန်နေရာပျောက်ဆုံးနေတဲ့ တောင်ပံကစားသမားလေး အိုဒွိုင်းကို ပစ်မှတ်ထားလို့နေပြီး ချယ်လ်ဆီးဘက်ကနေလည်း ရောင်းချသွားဖွယ် ရှိနေပါတယ်။

The post စိတ်ဝင်စားဖွယ်ရာ နောက်ဆုံးရ မနက်ခင်း ဘောလုံးသတင်းများ (26.5.2021) appeared first on MySport Myanmar.