MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  မေ ၂၃ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

ဘာစီလိုနာအသင်းရဲ့ အဓိက ကစားသမားဖြစ်သူ တိုက်စစ်မှူးလီယွန်နယ်မက်ဆီဟာ ဒီနှစ်ဘောလုံးရာသီမှာ အသင်းအတွက် လာလီဂါသွင်းဂိုး (၃၀)သွင်းယူခဲ့ပြီး လာလီဂါဂိုးသွင်းအများဆုံး ကစားသမားဖြစ်လာခဲ့ရတဲ့အပြင် လာလီဂါပြိုင်ပွဲသမိုင်းတလျှောက် (၅)ရာသီဆက်တိုက် ဂိုးသွင်းအများဆုံးဆုကို ပိုင်ဆိုင်ခဲ့တဲ့ ပထမဆုံး ကစားသမားပါ ဖြစ်လာခဲ့ရပါတယ်။

ဘွန်ဒစ်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းရဲ့ တိုက်စစ်မှူးကြီး ရောဘတ်လီဝန်ဒေါစကီးက လိဂ်သွင်းဂိုး(၄၁)ဂိုး သွင်းယူပြီး ဂတ်မူလာရဲ့ စံချိန်ကို ရိုက်ချိုးနိုင်ခဲ့သလို ဒေါ့မွန်ကြယ်ပွင့် အာလင်းဟာလန်းကလည်း ဒီရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံ(၄၁)ပွဲ ပါဝင်ကစားပေးခဲ့ပြီး (၄၁)ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

လိဂ်ချန်ပီယံရှစ်ကလပ် ဘရန့်ဖိုဒ့်အသင်းဟာ မနေ့ညက ပလေးအော့ ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အတွင်း ဘုန်းမောက်အသင်းကို အနိုင်ယူခဲ့တာကြောင့် ပလေးအော့ ဗိုလ်လုပွဲအဆင့်ကို တတ်လှမ်းနိုင်ခဲ့ပြီဖြစ်သလို မနှစ်က ဘောလုံးရာသီမှာလည်း အခုလို ပလေးအော့ဖိုင်နယ်ကို တတ်ရောက်ခဲ့ရပေမယ့် ပရီးမီးယားလိဂ်ကို တန်းတတ်ခွင့်နဲ့ လွဲချော်ထားခဲ့ရပါတယ်။

အဲဗာတန်အသင်းဟာ အသင်းရဲ့ ပင်တိုင်ဂိုးသမား ဂျော်ဒန်ပစ်ဖိုဒ့်နဲ့ အပြိုင်ဂိုးသမားတစ်ယောက်ခန့် အလိုရှိနေရာ ဒီရာသီအကုန်မှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် အာဂျင်တီးနားဂိုးသမား ဆာဂျီယိုရိုမဲရိုးကို စိတ်ဝင်စားလျက်ရှိနေပြီး ဂျုဗင်တပ်စ်အသင်းကလည်း ဘူဖွန်ရဲ့နေရာမှာ ရိုမဲရိုးနဲ့ အစားထိုးချင်နေပါတယ်။

ချယ်လ်ဆီးအသင်းဟာ သူတို့ရဲ့အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့ပြီး လက်ရှိ ဝက်စ်ဟမ်းယူနိုက်တက်အသင်းမှာ ပါဝင်ကစားလို့နေတဲ့ အင်္ဂလန်ကွင်းလယ်လူ ဒစ်ကလန်ရိုက်စ်ကို ပြန်လည်ခေါ်ယူဖို့အတွက် ကမ်းလှမ်းမှုတွေ နောက်တစ်ကြိမ် ပြုလုပ်သွားဖို့ရှိနေပြီး အသင်းရဲ့တိုက်စစ်ကစားသမား တမ်မီအေဘရာဟမ်ကိုပါ အလိုက်ပေးကမ်းလှမ်းဖွယ် ရှိနေပါတယ်။

The post စိတ်ဝင်စားဖွယ်ရာ နောက်ဆုံးရ မနက်ခင်း ဘောလုံးသတင်းများ (23.5.2021) appeared first on MySport Myanmar.