MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  မေ ၂၂ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

မန်စီးတီးအသင်းနည်းပြ ပတ်ဂွာဒီယိုလာက သူတို့အသင်းရဲ့ ဝါရင့်တိုက်စစ်ကစားသမား ဆာဂျီယိုအဂွဲရိုးက အသက်(၄၀)အရွှယ်လောက်အထိကို ဘောလုံးကစားနိုင်မယ်သူလို့ ထောက်ခံ့ပြောဆိုသွားခဲ့ပါတယ်။ လက်ရှိမှာ အသက်(၃၂)နှစ်အရွှယ် ရှိနေပြီဖြစ်တဲ့ အဂွဲရိုးဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ ဆယ်စုနှစ်တစ်ခုကြာ ကျင်လည်ခဲ့တဲ့ မန်စီးတီးအသင်းကနေ ထွက်ခွာသွားတော့မှာလည်းဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ ဆောင်းစျေးကွက်အတွင်းကမှ ရှော်ကေးအသင်းကနေ အငှားနဲ့ ခေါ်ယူထားခဲ့တဲ့ တူရကီနောက်ခံကစားသမား အိုဇန်ကာဘက်ကို အပြီးသတ်ခေါ်ယူသွားဖို့ မဆုံးဖြတ်ရသေးဘူးလို့ သိရှိရပါတယ်။ လီဗာပူးလ်အသင်းအတွက် (၁၃)ပွဲအထိ ပါဝင်ကစားထားခဲ့တဲ့ နောက်ခံလူကာဘက်ရဲ့ အခြေအနေကို ကလပ်အသင်း တော်တော်များများကနေ စောင့်ကြည့်လျက် ရှိနေကြပါတယ်။

ယူရို-၂၀၂ဝပြိုင်ပွဲကြီးကို ဝင်ရောက်ဆင်နွဲမယ့် ပြင်သစ်လက်ရွေးစင်အသင်းက ကစားသမားတွေရဲ့ ကျောနံပါတ်တွေကို ထုတ်ပြန်လာခဲ့ရာ (၆)နှစ်အကြာမှ လက်ရွေးစင်အသင်းနဲ့ ပြန်လည်ပူးပေါင်းခွင့်ရခဲ့တဲ့ တိုက်စစ်ကစားသမား ကာရန်ဘန်ဇီမာက ကျောနံပါတ်(၁၉)ကို ဝတ်ဆင်ရမှာဖြစ်ပြီး ဝါရင့်တိုက်စစ်မှူးကြီး အိုလီဗာဂျရူးကတော့ ကျောနံပါတ်(၉)ကို ဝတ်ဆင်သွားမှာဖြစ်ပါတယ်။

မန်စီးတီးအသင်းရဲ့ လူငယ်ကြယ်ပွင့်လေး ဖေးလ်ဖိုဒန်က ချယ်လ်ဆီးအသင်းရဲ့ ပြင်သစ်ကွင်းလယ်ကစားသမား အန်ဂိုလိုကန်တီဟာ သူ့အတွက်တော့ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ ပြိုင်ဘက်တွေထဲကမှ အခက်ခဲဆုံး ပြိုင်ဘက်တစ်ဦးဖြစ်တယ်လို့ မှတ်ချက်ပြုပြောဆိုသွားခဲ့ပါတယ်။ ကန်တီက ကွင်းထဲမှာ နေရာအနှံကို လိုက်ကစားနိုင်ပြီး တကယ့်ကို ထိပ်တန်းကစားသမားတစ်ဦးဖြစ်တယ်လို့လည်း ဖိုဒန်က ပြောဆိုခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းနည်းပြ သောမတ်စ်တူဟယ်လ်က အသင်းရဲ့တိုက်စစ်ကစားသမား တီမိုဝါနာအနေနဲ့ တိုက်စစ်စွမ်းဆောင်ရည်တွေ ကျဆင်းလို့နေပေမယ့်လည်း အသင်းပရိသတ်တော်အရှေ့မှာ ပြန်လည်ကစားရမယ့် အချိန်မျိုးမှာတော့ ယုံကြည်မှုတွေ မြင့်တတ်လာပြီး သူရဲ့အကောင်းဆုံးခြေစွမ်းကိုပါ ပြန်လည်ပြသလာနိုင်လိမ့်မယ့်လို့ အားပေးပြောဆိုသွားခဲ့ပါတယ်။

The post စိတ်ဝင်စားဖွယ်ရာ နောက်ဆုံးရ မနက်ခင်း ဘောလုံးသတင်းများ (22.5.2021) appeared first on MySport Myanmar.