MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  မေ ၁၃ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

အေစီမီလန်အသင်းဟာ မနေ့ညက ကျင်းပသွားခဲ့တဲ့ အီတလီစီးရီးအေပွဲစဉ်အတွင်း အိမ်ရှင်ဂျီနိုအာအသင်းဘက်ကို (၇)ဂိုးပြတ်နဲ့ အပြတ်အသတ်ကို အနိုင်ယူခဲ့ပြီး အဆင့်(၄)အတွင်းမှာ ဆက်လက်ရပ်တည်နေနိုင်ခဲ့ပါတယ်။ ဒီပွဲစဉ်မှာ မီလန်တိုက်စစ်မှူး ရယ်ဘစ်က အသင်းအတွက် ဟက်ထရစ်ဂိုးကို (၁၂)မိနစ်အတွင်းမှာပဲ ရယူပေးနိုင်ခဲ့ပါတယ်။

မန်စီးတီးအသင်းအတွက် ဒီနှစ်ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ဖလားနဲ့ လိဂ်ဖလားတို့ကို ရယူပေးနိုင်ခဲ့သလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲအထိ ပို့ဆောင်ထားနိုင်တဲ့ နည်းပြပတ်ဂွာဒီယိုလာကို ပြိုင်ဘက်ပရီးမီးယားလိဂ်အသင်း နည်းပြတွေကနေ ချီးကျူးဂုဏ်ပြုစကားတွေ ဆိုခဲ့ကြပြီး အကောင်းဆုံးနည်းပြတစ်ယောက်လို့လည်း သတ်မှတ်ခဲ့ကြပါတယ်။

စပိန်ကွင်းလယ်လူဟောင်းကြီး ဇာဗီဟာနန်ဒက်ဇ်ဟာ ကာတာကလပ် အယ်ဆတ်အသင်းရဲ့ နည်းပြအဖြစ် လာမယ့် ၂၀၂၃ခုနှစ်အထိ ဆက်လက်တာဝန်ယူ ကိုင်တွယ်သွားဖို့အတွက် စာချုပ်သစ်ချုပ်ဆိုခဲ့ပေမယ့် သူရဲ့စာချုပ်ထဲမှာတော့ သူရဲ့အသင်းဟောင်း ဘာစီလိုနာအသင်းကို ပြန်သွားချင်ပါက ခွင့်ပြုပေးရမယ့် အချက်ကို ထည့်သွင်းချုပ်ဆိုထားတယ်လို့ သိရှိရပါတယ်။

ဂျုဗင်တပ်စ်အသင်းရဲ့ တိုက်စစ်ကစားသမား ခရစ္စတီယာနိုရော်နယ်ဒိုဟာ ဘောလုံးသမိုင်းတလျှောက် နိုင်ငံမတူတဲ့ ကလပ်အသင်း(၃)ခုလုံးအတွက် သွင်းဂိုးတစ်ရာနဲ့အထက် သွင်းယူပေးနိုင်ခဲ့ပြီး နိုင်ငံလက်ရွေးစင်အသင်းအတွက်ပါ သွင်းဂိုးတစ်ရာနဲ့အထက် သွင်းယူထားနိုင်တဲ့ ပထမဆုံး ဘောလုံးသမားတစ်ယောက် ဖြစ်လာခဲ့ရပါတယ်။

အာဆင်နယ်အသင်းဟာ မနေ့ညက လန်ဒန်ဒါဘီမှာ အိမ်ရှင်ချယ်လ်ဆီးကို အနိုင်ရခဲ့ပြီးတဲ့နောက် နည်းပြဟောင်းကြီး အာဆင်ဝင်းဂါး ကိုင်တွယ်ခဲ့တဲ့ ၂၀၁၃ခုနှစ်နောက်ပိုင်း ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အဝေးကွင်းပွဲစဉ် (၃)ပွဲဆက်တိုက်မှာ Clean Sheet နိုင်ပွဲတွေကို ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ရယူနိုင်ခဲ့ပါတယ်။

The post စိတ်ဝင်စားဖွယ်ရာ နောက်ဆုံးရ မနက်ခင်း ဘောလုံးသတင်းများ (13.5.2021) appeared first on MySport Myanmar.