MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဇန်နဝါရီ ၂၉ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

အီတလီသတင်းမီဒီယာတစ်ခုဖြစ်တဲ့ Sky Italia ကနေ ဖော်ပြချက်များအရ စီးရီးအေထိပ်သီး ကလပ်အသင်းများဖြစ်တဲ့ အင်တာမီလန်အသင်းနဲ့ ရိုးမားအသင်းတို့ဟာ သူတို့အသင်းရဲ့ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ အလက်ဆစ်ဆန်းချက်ဇ်နဲ့ အီဒင်ဒီဇီကိုတို့ကို တိုက်ရိုက်လဲလှယ်သွားဖို့အတွက် ဆွေးနွေးနေတယ်လို့ သိရှိရပါတယ်။

ဒီနှစ်ဘောလုံးရာသီအတွင်း အာဆင်နယ်အသင်းကနေ အသက်လက်တီကိုမက်ဒရစ်အသင်းဆီ တစ်ရာသီအငှားနဲ့ လာရောက်ကစားလို့နေတဲ့ ကွင်းလယ်လူတော်ရဲရားဟာ အသက်လက်တီကိုမှာ နေရာမရတာကြောင့် အငှားစာချုပ် ဖျက်သိမ်းဖွယ်ရှိနေတဲ့အတွက် သူ့ကို ရာသီကုန်အထိ အငှားနဲ့ ခေါ်ယူဖို့ မိုနာကိုအသင်းဘက်ကနေ ကြိုးပမ်းလာခဲ့တယ်လို့ သိရှိရပါတယ်။

အသက်(၃၁)နှစ်အရွှယ်ရှိ ကွန်ဂိုလက်ရွေးစင် အဲဗာတန်အသင်းရဲ့ ဘယ်တောက်ပံကစားသမား ယန်နစ်ဘိုလာဆီကတော့ ချန်ပီယံရှစ်ကလပ် မစ်ဒယ်ဘရော့အသင်းဆီကို ရာသီကုန်အငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။ ဘိုလာဆီဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ အဲဗာတန်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာလည်းဖြစ်ပါတယ်။

စပါးအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်တွေ ပျောက်ဆုံးလို့နေတဲ့ ပေါ်တူဂီကွင်းလယ်ကစားသမား ဂတ်ဆင်ဖာနန်ဒက်စ်ကို တူရကီကလပ် ဂါလာတာစာရေးအသင်းကနေ အငှားနဲ့ခေါ်ယူသွားချင်နေပေမယ့် ကစားသမားကိုယ်တိုင်က ပေါ်တူဂီကိုသာ ပြန်သွားချင်နေတာကြောင့် သူရဲ့ကလပ်ဟောင်း ဘင်ဖီကာကိုသာ ပြန်ရောက်ဖွယ် ရှိနေပါတယ်။

ချယ်လ်ဆီးအသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမားတစ်ယောက်ဖြစ်တဲ့ ကော်လန်ဟတ်ဆန်အိုဒွိုင်းက သူအနေနဲ့ ကစားသမားဘဝအတွင်း Wing-back နေရာမှာ တစ်ကြိမ်တစ်ခါမှကို မကစားခဲ့ဖူးပေမယ့် အသင်းကို နည်းပြသစ်သောမတ်စ်တူချယ်လ် ရောက်လာချိန်မှာပဲ Wing-back နေရာကို စတင်ကစားခဲ့ရတာဖြစ်တယ်လို့ ဝန်ခံပြောဆိုလိုက်ပါတယ်။

The post စိတ်ဝင်စားဖွယ်ရာ နောက်ဆုံးရ မနက်ခင်း ဘောလုံးသတင်းများ (29.1.2021) appeared first on MySport Myanmar.