MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  ဖေဖော်ဝါရီ ၃ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

အာဆင်နယ်အသင်းရဲ့ နောက်ခံကစားသမား ဒေးဗစ်လုဇ်ကတော့ မနေ့ညက ဝုလ်ဗ်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာ တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရတဲ့အပြင် ပြိုင်ဘက်အသင်းကိုပါ ပင်နယ်တီပေးခဲ့ရပြီး ဒါဟာ သူရဲ့အာဆင်နယ်ကစားသမားဘဝအတွင်း တတိယကြိမ်မြောက် ရရှိခဲ့တဲ့ အနီကတ်ပြစ်ဒဏ် ဖြစ်ခဲ့သလို သူကြောင့်ခွင့်ပြုခဲ့ရတဲ့ (၆)ကြိမ်မြောက် ပင်နယ်တီလည်း ဖြစ်ခဲ့ရပါတယ်။

အသက်လက်တီကိုမက်ဒရစ်အသင်းရဲ့ တိုက်စစ်ကစားသမား အိန်ဂျယ်ကော်ရီရာက သူနဲ့တစ်နိုင်ငံတည်းဖြစ်တဲ့ လီယွန်နယ်မက်ဆီအနေနဲ့ ဘာစီလိုနာအသင်းကနေ ထွက်ခွာတော့မယ်ဆိုရင် သူတို့ရဲ့ အသက်လက်တီကိုအသင်းကလည်း မက်ဆီအတွက် အမြဲတမ်းတံခါးဖွင့်ကြိုဆိုနေမှာလို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

မန်စီးတီးအသင်းနည်းပြ ပတ်ဂွာဒီယိုလာက အသင်းရဲ့ အဓိက တိုက်စစ်ကစားသမားဖြစ်သူ ဆာဂျီယိုအဂွဲရိုးဟာ ကိုဗစ်ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရခြင်းကနေ ပြန်လည်သက်သာလို့နေပြီဖြစ်ပေမယ့်လည်း အသင်းအတွက် ပြန်လည်ကစားပေးနိုင်ဖို့ကတော့ အချိန်ယူရဦးမှာဖြစ်တဲ့အတွက် ရက်သတ္တပတ်အနည်းငယ် အနားပေးထားရဦးမှာဖြစ်တယ်လို့ ရှင်းလင်းပြောဆိုလိုက်ပါတယ်။

ပြင်သစ်နဲ့ ဘရာဇီးဘက်က သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်များအရ ပီအက်စ်ဂျီအသင်းရဲ့ ဘရာဇီးတိုက်စစ်ကစားသမား နေမာဟာ အသင်းနဲ့ (၄)နှစ်သက်တမ်းရှိ စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုသွားဖို့ သဘောတူညီလိုက်တယ်လို့ သိရပါတယ်။ ပီအက်စ်ဂျီဟာ လက်ရှိမှာ နေမာနဲ့ ဘာပေတို့(၂)ယောက်လုံးကို စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့အတွက် အသေအချာ ကြိုးပမ်းလျက်ရှိနေပါတယ်။

လီဗာပူးလ်နည်းပြ ယာဂန်ကလော့က ဆောင်းရာသီစျေးကွက်ရဲ့ နောက်ဆုံးနေ့ရက်မှာ အသင်းကို ရောက်ရှိလာခဲ့တဲ့ နောက်ခံကစားသမားသစ်များဖြစ်တဲ့ ဘင်ဒေးဗီစ်နဲ့ အိုဇန်ခါဘက်တို့(၂)ယောက်လုံးအနေနဲ့ အသင်းမှာ အထိုင်ကျဖို့အတွက် အချိန်တစ်ခု လိုအပ်ဦးမှာဖြစ်လို့ သူတို့ရဲ့စွမ်းဆောင်ရည်တွေအပေါ် စိတ်ရှည်ရှည်စောင့်ကြည့်ပေးဖို့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။

The post စိတ်ဝင်စားဖွယ်ရာ နောက်ဆုံးရ မနက်ခင်း ဘောလုံးသတင်းများ (3.2.2021) appeared first on MySport Myanmar.