MySport Myanmar ကို အစဉ်အမြဲအားပေးနေကြတဲ့ ပရိသတ်တွေအားလုံးပဲ မင်္ဂလာရှိသော မနက်ခင်းလေးဖြစ်ကြပါစေခင်ဗျာ။ ဒီနေ့ရဲ့  သြဂုတ်လ ၁ရက်နေ့ မနက်၇နာရီအထိ ရရှိထားခဲ့တဲ့ ပြည်တွင်းပြည်ပက စိတ်ဝင်စားစရာကောင်းတဲ့ ဘောလုံးသတင်းများကို ကျွန်တော်များရဲ့ MySport Myanmar ပရိသတ်ပေါင်းတို့အတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ အချိန်ခဏလေးပေးပြီး ဘောလုံးသတင်းပေါင်းများစွာကို တထိုင်တည်းသိရှိရနိုင်အောင် ဖတ်ရှုကြည့်လိုက်ပါဦးခင်ဗျာ။

လတ်တလောမှာ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်လျက်ရှိနေပြီး အနာဂတ်တွေ လှုပ်ခတ်လျက်ရှိနေတဲ့ ပီအက်စ်ဂျီ တိုက်စစ်ကစားသမား မာအူယိုအီကာဒီက အသင်းကနေ ထွက်ခွာသွားဖို့ လုံးဝဆန္ဒမရှိပဲ လာမယ့်ဘောလုံးရာသီအတွင်းမှာလည်း ပီအက်စ်ဂျီကစားသမားအဖြစ်နဲ့သာ ဆက်လက်ရှိနေသွားမယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ ယူရို-၂၀၂ဝပြိုင်ပွဲအတွင်း ယူရိုချန်ပီယံ အီတလီအသင်းနဲ့အတူ ခြေစွမ်းပြသနိုင်ခဲ့တဲ့ ကွင်းလယ်ကစားသမား မန်နူရယ်လိုကာတယ်လီကို ဂျုဗင်တပ်စ် အာဆင်နယ်အသင်းတို့အပြိုင် ခေါ်ယူသွားဖို့အတွက် စိတ်ဝင်စားလို့နေပြီး ကစားသမားကိုယ်တိုင်ကတော့ ဂျုဗင်တပ်စ်အသင်းကိုသာ ရွေးချယ်ဖွယ် ရှိနေပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာရော ယူရိုပြိုင်ပွဲမှာပါ ခြေစွမ်းကောင်းတွေ ပြသထားနိုင်ခဲ့တဲ့ အသင်းရဲ့ ဘယ်နောက်ခံကစားသမား လုခ်ရှောကို စာချုပ်သစ်တစ်ရပ် ချုပ်ဆိုသွားဖို့ပြင်ဆင်လျက်ရှိနေပြီး လုခ်ရှောရဲ့ လက်ရှိစာချုပ်သက်တမ်းက လာမယ့် ၂၀၂၃ခုနှစ်မှာ ကုန်ဆုံးတော့မှာဖြစ်လို့ အနည်းဆုံး ၅နှစ်သက်တမ်းရှိ စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုချင်နေတာ ဖြစ်ပါတယ်။

စပါးအသင်းကို ပြောင်းရွှေ့ကစားဖို့အတွက် ပုဂ္ဂိုလ်ရေးဆိုင်ရာ ဘဘောတူညီမှုတွေ ရယူထားနိုင်ခဲ့တဲ့ အတ္တလန်တာ နောက်ခံကစားသမား ခရစ္စတီယန်ရိုမဲရိုးဟာ သူ့ကို စပါအသင်းဆီ ရောင်းချပေးဖို့ ကလပ်အသင်းဘက်ကို တောင်းဆိုထားခဲ့ပေမယ့် ကစားသမားရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ကလပ်အသင်းနှစ်သင်းရဲ့ကြား ဆွေးနွေးမှုတွေက ကောင်းမွန်ခြင်းမရှိပဲ အပြောင်းအရွှေ့ပါ ပျက်ပြယ်ရဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

လတ်တလောမှာ အသင်းကနေ ရောင်းထုတ်ခံရဖွယ် ရှိနေတယ်လို့ သတင်းထွက်လို့နေတဲ့ ဘာစီလိုနာရဲ့ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ အန်ထရန်ဂရီးဇ်မန်းနဲ့ ဖီးလစ်ကော်တင်ဟိုတို့ကို ဘာစီလိုနာအသင်းနည်းပြ ရော်နယ်ကိုးမန်းက အသင်းမှာသာ ဆက်လက်ထိန်းသိမ်းသွားချင်နေပြီး လာမယ့်ဘောလုံးရာသီအတွင်း ဒီကစားသမားနှစ်ယောက်ကို အသင်းရဲ့ လူစာရင်းအတွင်း နေရာပေးသွားဖို့ပါ စီစဉ်လျက် ရှိနေတယ်လို့ AS သတင်းစာကနေ ဖော်ပြလာခဲ့ပါတယ်။