အသက်လက်တီကိုမက်ဒရစ်အသင်းဟာ ပြီးခဲ့တဲ့ နွေစျေးကွက်အတွင်းက ဂျုဗင်တပ်စ်အသင်းဆီ တစ်ရာသီအငှားစာချုပ်နဲ့ အငှားချထားခဲ့တဲ့ စပိန်တိုက်စစ်မှူး အယ်ဗာရိုမိုရာတာနဲ့ ဂျုဗင်တပ်စ်အသင်းနဲ့ လက်တွဲဖြုတ်ဖွယ်ရှိနေတဲ့ တိုက်စစ်ကစားသမား ပေါ်လိုဒီဘားလားတို့ (၂)ယောက်ကို အလဲအထပ် လုပ်ဆောင်သွားဖို့ အလိုရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : The Cult of Calcio

ဂျုဗင်တပ်စ်အသင်းမှာ (၂)ကြိမ်တိုင် ပါဝင်ကစားခဲ့ဖူးတဲ့ စပိန်လက်ရွေးစင် တိုက်စစ်ကစားသမား မိုရာတာဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့စျေးကွက်တုန်းက အသက်လက်တီကို ဂျုဗင်တပ်စ်အသင်းဆီကို ယူရို(၁၀)သန်းခန့်နဲ့ တစ်ရာသီအငှား ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အငှားစာချုပ်ပြည့်ချိန်မှာလည်း ယူရို(၄၅)သန်းနဲ့ အပြီးသတ်ခေါ်ယူခွင့်ကိုပါ ထည့်သွင်းထားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ ဂျုဗင်တပ်စ်အသင်းဘက်က အသင်းရဲ့ ဘဏ္ဍာရေးအခက်အခဲတွေကြောင့် မိုရာတာကို အပြီးသတ်ခေါ်ယူဖို့ ခဲယဉ်းလာခဲ့တာကြောင့် ဒီအခြေအနေကို အသက်လက်တီကိုအသင်းဘက်ကနေ အကောင်းဆုံးဖြေရှင်းဖို့ စီစဉ်လာခဲ့တာဖြစ်ပါတယ်။

Photo Credit : Sportstar-the Hindu

အသက်လက်တီကိုအသင်းဟာ မိုရာတာကို ဂျုဗင်တပ်စ်အသင်းဆီ လက်လွတ်သွားဖို့အတွက် ပြောင်းရွှေ့ကြေး အလိုမရှိတော့ပဲ ပြောင်းရွှေ့ကြေးအစား ဂျုဗင်တပ်စ်အသင်းရဲ့ အာဂျင်တီးနား တိုက်စစ်ကစားသမား ဒီဘားလားကို ကစားသမားအချင်းချင်း အလဲအထပ် လုပ်ဆောင်သွားဖို့ စီစဉ်လာခဲ့တာဖြစ်ပါတယ်။ ဂျုဗင်တပ်စ်ဘက်က သူတို့ရဲ့ တိုက်စစ်ကစားသမား ဒီဘားလားကို စာချုပ်သက်တမ်းတိုးဖို့ လုပ်ဆောင်နေပေမယ့် ဒီဘားလားဘက်ကတော့ အသင်းအနေနဲ့ လာမယ့်ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဝင်ရောက်ကစားနိုင်မှသာ အသင်းနဲ့ သက်တမ်းတိုးဖို့ ဆန္ဒရှိနေတာကြောင့် ဂျုဗင်တပ်စ်က ဒီရာသီမှာ Top 4 အတွင်း ဝင်ရောက်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။ ဒီဘားလားနဲ့ ဂျုဗင်တပ်စ်အသင်းကြားမှာ ချုပ်ဆိုထားတဲ့ စာချုပ်အရ လာမယ့် ၂၀၂၂ခုနှစ်မှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်လို့ အမြန်ဆုံး သက်တမ်းမတိုးနိုင်ခဲ့ရင် လာမယ့်နွေမှာ ထုတ်ရောင်းသွားဖို့ လိုအပ်မှာဖြစ်တာကြောင့် အသက်လက်တီကိုရဲ့ ကမ်းလှမ်းမှုကို လက်ခံရဖွယ် ရှိနေပါတယ်။

The post မိုရာတာကို ဒီဘားလားနဲ့ အလဲအထပ် လုပ်ဆောင်သွားဖို့ ဆန္ဒရှိလို့နေတဲ့ အသက်လက်တီကို appeared first on MySport Myanmar.