ခရီးတစ်ခု ထွက်လိုက်ပြီဆိုရင် အိမ်က ကားဂိုဒေါင်ကို သေချာမှပိတ်ခဲ့ရဲ့လားဆိုတဲ့ ပြဿနာကိုတော့ ကြုံဖူးကြမယ် ထင်ပါတယ်။ တကယ် လို့ မေ့ခဲ့တယ်ဆိုရင်လည်း ကားကိုတကူးတက ပြန်လှည့်ပြီး ပိတ်စရာမလိုတော့အောင်လို့ Mitsubishi ကနေ နည်းပညာ တစ်ခုနဲ့ ဖြေရှင်း လိုက်ပါပြီ။ အဆိုပါ လုပ်ဆောင်ချက်အသစ် ကတော့ myQ Connected Garage လို့ အမည်ရပြီး My Mitsubishi Connect Platform အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။ အဆိုပါ အစီအစဉ် အသစ်ကတော့ ကားရဲ့ အတွင်းခန်း Dashboard ပေါ်ကနေပဲ အိမ် က ကားဂိုဒေါင် တံခါးကို လွယ်လင့်တကူ အပိတ် အဖွင့် လုပ်လို့ရအောင် စီမံထားမယ့် သဘောပဲ ဖြစ်ပါတယ်။ Automotive For Chamberlain Group ရဲ့ Vice President General Manager ဖြစ်သူ James Trainor က ပြောကြား ရာမှာတော့ ဒီကနေ့ ခေတ်ယာဉ် မောင်းတွေ ဟာ သူတို့ ရဲ့ ကားနဲ့ အတူ ဂိုဒေါင်အနားကို ရောက်နေမှ သာလျှင် တံခါး အဖွင့်အပိတ် လုပ်လို့ ရမှာ ဖြစ်နေတာက အကန့် အ သတ် လိုပါပဲ လို့ ဆိုသွားပါတယ်။ ဒါကြောင့် အခုလိုမျိုး မောင်းနှင်မှု အတွေ့အကြုံတွေကို တိုးတက်လာစေဖိူ့ အတွက် ကုမ္ပဏီဟာ Mitsubishi နဲ့ ပူးပေါင်းခဲ့တာ ဖြစ်ပြီး အခု စနစ်ကို တီထွင်ခဲ့တာလို့ သိရပါတယ်။

 

ဒါ့အပြင် myQ Smart Vehicle Access စနစ် ကလည်း ကားရဲ့ အတွင်းခန်းမှာရှိတဲ့ Touchscreen ကနေ တစ်ဆင့် လွယ်လွယ်ကူကူပဲ ဂိုဒေါင်တံခါးတစ်ချပ်ကို ထိန်းချုပ်ထားနိုင်မှာ ဖြစ်ကာ ယာဉ်မောင်းတွေ အနေနဲ့လည်း ခရီးရဲ့ ဘယ်နေရာကိုပဲ ရောက်ရောက် အိမ်ရဲ့ ဂိုဒေါင်တံခါးကို လုံခြုံစိတ်ချစွာ ထိန်းချုပ်ထားနိုင်တော့မှာ ဖြစ်တယ်လို့ Trainor က ဆိုထားခဲ့ပါတယ်။ အခု စနစ် အသစ်မှာတော့ ယာဉ်မောင်းဟာ ဂိုဒေါင်တံခါးကို ထိန်းချုပ် နိုင်ဖို့ အတွက် မြင်ကွင်းရှေ့ကို ရောက်ရှိ နေစရာကို မလိုအပ်ပဲ ဘယ်နေရာကမဆို ထိန်းချုပ်နိုင်မှာပါ။ အခုလို အစီအစဉ် ကြောင့်လည်း ကလေးတွေက သူတို့ရဲ့ ကိုယ်ပိုင် အိမ်သော့ ကျန်ခဲ့လို့ပဲ ဖြစ်ဖြစ် မိမိရဲ့အိမ်ကို အခြားဧည့်သည် တစ်ယောက်ယောက်လာဖို့ ရှိလို့ပဲ ဖြစ်ဖြစ် အလွယ်တကူကိုပဲ ဖွင့် ပေးနိုင်မယ့် သဘော ဖြစ်ပါတယ်။ အဆိုပါ စနစ် အသစ်ကိုတော့ လာမယ့် 2022 Mitsubishi Eclipse Cross မှာ စတင် ပြီး ပါဝင်လာမှာ ဖြစ်ကာ သိသာထင်ရှားတဲ့ Facelift  အပြောင်းအလဲကိုလည်း အဆိုပါ ကားမှာ ပြုလုပ်လာမှာပါ။ အခု စနစ်ကို လုပ်ဆောင်နိုင်ဖို့ အတွက်ကတော့ ကားမှာ ပါဝင်တဲ့ ရှစ်လက်မ အရွယ် Display ကနေ လုပ်ဆောင်နိုင်မှာ ဖြစ်ပြီး Smartphone နဲ့လည်း ချိတ်ဆက်ထားနိုင်မယ့် Display Audio ( SDA ) စနစ်လည်း ဖြစ်ပါတယ်။ Mitsubishi ဘက်ကတော့ အခု စနစ်အသစ်ကို နာမည်ကြီး Service တွေ ဖြစ်ကြတဲ့ Apple Carplay နဲ့ Android Auto စနစ်တို့နဲ့ပါ ချိတ်ဆက်သွားဖို့ ပြင်ဆင်နေပါတယ်။ ဒါ့အပြင် အဆိုပါ နည်းပညာမှာပဲ ကားရဲ့ Windshield တွေနဲ့ Sun Visors တွေကို သန့်စင် အောင်အလို‌အလျောက် ပြုလုပ်ပေးဦးမှာ ဖြစ်ပြီး ယာဉ်မောင်းတွေ အနေနဲ့ ဂိုဒေါင်တံခါးကို ဖွင့်ဖို့ အတွက် သမားရိုးကျ လိုမျိုး Visor ပေါ်က Door Opener ကိုတောင် နှိပ်စရာ မလိုတော့သလို အမိုး Liner ပေါ်မှာလည်း အခြားသော ထိန်းချုပ်ရေး ခလုတ်တွေ တကူးတက ထပ်မံထည့်သွင်းစရာ မလိုတော့မှာပဲ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း နာမည်ကြီး ကားကုမ္ပဏီ တစ်ခုဖြစ်တဲ့ Audi ကပါ အဆိုပါ စနစ်လိုမျိုး စနစ်တစ်ခုကို မိတ်ဆက်ဖို့ ရှိနေပြီး အလိုအလျောက် ပါဝင်ထားပြီးသား Toll Pass စနစ်လည်း ပါဝင်လာမယ်လို့ သိရပါတယ်။ ဒါကြောင့်မို့လို့ ယာဉ်မောင်းတွေဟာ အဆိုပါ နည်းပညာမြင့် ကားတွေကို မောင်းနှင်မယ်ဆိုရင် အရင်လိုမျိုး Windshield တွေအပေါ် အာရုံစိုက်နေစရာ မလိုတော့ပါဘူး။ Mitsubishi ရဲ့ အဆိုအရတော့ 2018 ကနေ 2020 Eclipse Cross ပိုင်ရှင်တွေ ဟာလည်း အဆိုပါ စနစ်ကို ရရှိနိုင်မှာ ဖြစ်ပြီး My Mitsubishi Connect App ထဲက myQ Connected Garage ကို လုပ်ဆောင်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။အခု လုပ်ဆောင်ချက် ရဲ့ ကားအတွင်း In-Dash Version ကို ရရှိ နိုင်ဖို့ ဆိုရင်တော့ My Mitsubishi Connect App ထဲက Services Page ကနေ တစ်ဆင့် ဆက်သွယ်ကာ myQ Connected Garage ကို နှိပ်ပြီး လုပ်ဆောင် နိုင်မှာပဲ ဖြစ်ပါတယ်။ အဆိုပါ နေရာမှာ ပဲ myQ Smart Garage-Enabled Door Opener ဆိုတဲ့ ခလုတ် ပေါ်လာမှာ ဖြစ်ပြီး တွေ့ခဲ့မယ် ဆိုရင်တော့ Add A Hub ဆိုတာ လေးကို နှိပ်ကာ ဝန်ဆောင်မှု ကို စတင် အသုံးပြုနိုင်တော့မှာပဲ ဖြစ်ပါတယ်။

The post ကိုယ်ပိုင် ကားဂိုဒေါင်ကို နေရာမရွေးကနေ လှမ်း‌ဖွင့်ပေးနိုင်မယ့် Mitsubishi ရဲ့ Eclipse Cross ! appeared first on MyCars Myanmar.