UFC ရဲ့ နာမည်ကြီး အိုင်းရစ်ရှ် ဖိုက်တာကြီး တစ်ဦးဖြစ်တဲ့ ကော်နာ အက်ဂရီဂေါ ကို အမေရိကန် ပရော်ဖက်ရှင်နယ် ဘောက်ဆာ တစ်ဦးဖြစ်တဲ့ အီဗန်ဒါ ဟိုလီးဖီးလ်ဒ် က ဘောက်ဆင်းလောက ရဲ့ အကောင်းဆုံး ဖိုက်တာတစ်ဦးအဖြစ် သတ်မှတ်ခြင်းခံထားရတဲ့ ဖိလစ်ပိုင်လူမျိုး မန်နီ ပက်ကွီယို နဲ့ ထိုးသတ်ဖို့ အကြံပြုပြောဆိုလိုက်ပါတယ်။ မက်ဂရီဂေါ နဲ့ ပက်ကွီယို တို့နှစ်ဦးဟာ ပြီးခဲ့တဲ့ နှစ်လောက်က ဘောက်ဆင်းနည်းအတိုင်း ထိုးသတ်ဖို့ အတွက် ဆွေးနွေးဖြစ်ခဲ့တယ်လို့ ပရိသတ်တွေကို ကြေညာခဲ့ဖူးပါတယ်၊ ဒါပေမယ့်လည်း အခုချိန်ထိတိုင်အောင်တော့ ထိုးသတ်ဖို့ အတွက် အတည်ပြုတဲ့ ကြေညာချက်မျိုးတော့ မရှိသေးတာ ဖြစ်ပါတယ်။

Photo Credit: Clutch Point

အီဗန်ဒါ ဟိုလီးဖီးလ်ဒ် ကတော့ ပက်ကွီယို နဲ့ မက်ဂရီဂေါ တို့ရဲ့ ထိုးသတ်နိုင်ချေရှိတဲ့ ပွဲစဉ် အတွက် ကော်နာ မက်ဂရီဂေါ ကို အကြံပေးဖို့ အတွက် အဆင်သင့် ရှိနေပါတယ်။ မက်ဂရီဂေါ နဲ့ ရှစ်ကြိမ်မြောက် ကမ္ဘာ့ချန်ပီယံတစ်ဦး ဖြစ်တဲ့ ပက်ကွီယို တို့နှစ်ဦးဟာ ထိုးသတ်ဖို့ အတွက် ပြီးခဲ့တဲ့ နှစ်က ဆွေးနွေးခဲ့စဉ်ကလည်း နှစ်ဦးစလုံးဟာ ပွဲစဉ်အတွက် စိတ်ဝင်စားမှုတွေ အသီးသီး ပြသခဲ့ဖူးပါတယ်။ မက်ဂရီဂေါ ကတော့ မကြာသေးခင်ကမှ UFC ကို ပြန်လာဖို့ အတွက် ဆုံးဖြတ်ခဲ့တဲ့ ဖိုက်တာ ဖြစ်ပြီးတော့ လာမယ့် စနေပိတ်ရက်မှာ ဒက်စတင် ပေါ်ရီရေး နဲ့ ဒုတိယအကြိမ်မြောက် ပြန်လည် ထိုးသတ်သွားမှာ ဖြစ်ပါတယ်။

Photo Credit: Clutch Point

ဒါပေမယ့်လည်း ကော်နာ ဟာ သူ့ရဲ့ ဒုတိယမြောက် ပရော်ဖက်ရှင်နယ် ဘောက်ဆင်းပွဲစဉ် အဖြစ် ပက်ကွီယို နဲ့ ထိုးသတ်ဖို့ အတွက်တော့ ဆုံးဖြတ်ချက် မချရသေးတာ ဖြစ်ပါတယ်။ ကော်နာ ဟာ ဘောက်ဆင်းလောက ထဲကို ၂၀၁၇ ခုနှစ်က စတင် ဝင်ရောက်ခဲ့တာ ဖြစ်ပြီးတော့ ထိုအချိန်က ဖလွိုက် မေဝဲလ်သာ နဲ့ ထိုးသတ်ခဲ့ပြီး ရှုံးနိမ့်ခဲ့ပါတယ်။ ဟိုလီးဖီးလ်ဒ် ကတော့ ကော်နာကို အခုလိုပဲ အကြံပြုပြောဆိုလိုက်ပါတယ်။ “ အကယ်၍ ကျွန်တော့်ကိုသာ မေးရင်တော့၊ ကျွန်တော်သူနဲ့ သွားတွေ့ပြီး ‘ မင်းသိလား၊ ဒီဟာကို ချလိုက်စမ်းပါကွာ ’ ဆိုပြီး ပြောမှာပဲ။ ဒါပေမယ့် ပြောလို့မရတဲ့ အကြောင်းအရင်းက ကျွန်တော်က နည်းပြမဟုတ်ဘူးလေ။ ကျွန်တော် သူ့ကို အကြံကောင်းတွေ ပေးနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော့်မှာ လက်ဝှေ့ထိုးကျင့်တဲ့ အပြားကို ကိုင်ပေးတဲ့ အခြားတစ်ယောက် ရှိပါတယ်။ ကျွန်တော် အဲ့ဒီ့အပြား ကို ထိုးပဲထိုးတတ်တာပါ၊ ဘယ်လို ကိုင်ရမလဲဆိုတာ မသိပါဘူး။ မေဝဲလ်သာလည်း အဲ့အတိုင်းပါပဲ။ ဒါပေမယ့် သူက ဖိုက်တာကောင်းတစ်ဦးပါ။ ဖိုက်တာတွေ တကယ်မလုပ်တဲ့ အရာတွေ အများကြီးရှိပါတယ်။ အကြံပေးဖို့ကတော့ လွယ်ပါတယ်၊ ဒါပေမယ့် လူတစ်ယောက်ကို ဘယ်လိုလုပ်ပါဆိုပြီး လက်တွေ့ပြဖို့ကတော့ မတူညီပါဘူး ” လို့ ပြောဆိုခဲ့ပါတယ်။

The post မန်နီ ပက်ကွီယို နဲ့ ထိုးသတ်ဖို့ အတွက် ကမ်းလှမ်းခံထားရတဲ့ ကော်နာ မက်ဂရီဂေါ appeared first on MySport Myanmar.