မန်ချက်စတာယူနိုက်တက်အသင်းကတော့ ပြီးခဲ့တဲ့နွေစျေးကွက်အတွင်းကမှ ပေါ်တိုအသင်းကနေ ခေါ်ယူခဲ့တဲ့ ဘရာဇီးဘယ်နောက်ခံကစားသမား အဲလက်စ်တဲလက်စ်ကို လာမယ့်နွေရာသီ စျေးကွက်မှာပဲ အသင်းကနေ ပြန်လည်လက်တွဲဖြုတ်ဖွယ်ရှိနေပြီး အင်တာမီလန်အသင်းရဲ့ ကွင်းလယ်ကစားသမား မာဆယ်လိုဘရိုဇိုဗစ်ကို ခေါ်ယူဖို့အတွက် တဲလက်စ်ကို အပြောင်းအရွှေ့တစိတ်တပိုင်းအဖြစ် ကမ်းလှမ်းဖွယ်ရှိနေတယ်လို့ အီတလီအခြေစိုက် သတင်းမီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Daily Express

အသက်(၂၈)နှစ်အရွှယ်ရှိ ဘရာဇီးလက်ရွေးစင် ဘယ်နောက်ခံကစားသမား တဲလက်စ်ဟာ ပြီးခဲ့တဲ့နွေစျေးကွက်ကမှ ပေါ်တိုကနေ ယူနိုက်တက်ကို ရောက်ရှိလာခဲ့တာဖြစ်ပေမယ့် အသင်းမှာက ဘယ်နောက်ခံလူ လုခ်ရှော အတော်လေးကို ခြေစွမ်းပြသနေတာကြောင့် တဲလက်စ်အတွက် ပုံမှန်နေရာ ပျောက်ဆုံးခဲ့ရပြီး လက်ရှိအချိန်ထိလည်း ပရီးမီးယားလိဂ်မှာ (၇)ပွဲသာ ပါဝင်ကစားခဲ့ရပါသေးတယ်။ တကယ်တော့ ယူနိုက်တက်အသင်းဟာ စပိန်ဘယ်နောက်ခံလူ ရယ်ဂီလွန်ကို ခေါ်ယူချင်ခဲ့တာဖြစ်ပေမယ့် ရီးရဲလ်ဘက်က ပြန်လည်ခေါ်ယူခွင့်ကို ထည့်သွင်းထားခဲ့တာကြောင့် ရယ်ဂီလွန်ကို မခေါ်ယူဖြစ်ပဲ တဲလက်စ်ကိုသာ အစားထိုးခေါ်ယူခဲ့ရတာဖြစ်ပါတယ်။

Photo Credit : ESPN

တဲလက်စ်ဟာ လက်ရှိအချိန်မှာ ယူနိုက်တက်အသင်းရဲ့ ပြည်တွင်းရှုံးထွက်ဖလားတွေနဲ့ ယူရိုပါလိဂ်ဖလားပွဲစဉ်တွေမှသာ ပွဲထွက်ကစားရတာဖြစ်လို့ လာမယ့်နွေမှာ သူ့ကို အသုံးချပြီး ကစားသမားသစ်တစ်ဦးကို ခေါ်ယူသွားဖို့အထိပါ ယူနိုက်တက်ဘက်ကနေ စီစဉ်လာခဲ့ပါတယ်။ Inter Live အစီအစဉ််ကို ထုတ်ဖော်လာချက်တွေအရ ယူနိုက်တက်အသင်းဟာ တဲလက်စ်ကို အသုံးချပြီး အင်တာမီလန်အသင်းရဲ့ ခရိုအေးရှား ကွင်းလယ်ကစားသမား ဘရိုဇိုဗစ်ကို ခေါ်ယူသွားဖို့ ကြိုးပမ်းနေတယ်လို့ သိရှိရပါတယ်။ ကစားသမား(၂)ယောက်လုံးရဲ့ လက်ရှိတန်ကြေးတွေအရ သိပ်ကွာခြားချက်မရှိလှပေမယ့် ဘရိုဇိုဗစ်က နည်းပြအန်တိုနီယိုကွန်တီရဲ့လက်အောက် အင်တာအသင်းမှာ အရေးပါလှတဲ့ ကစားသမားတစ်ယောက်အဖြစ် ခြေစွမ်းပြသလို့နေတာကြောင့် ယူနိုက်တက်ဘက်ကနေ ဘရိုဇိုဗစ်ကို ခေါ်ယူချင်တယ်ဆိုရင် တဲလက်စ်ကို အလိုက်ပေးတဲ့အပြင် ပြောင်းရွှေ့ကြေးတချို့ကိုပါ ထည့်သွင်းကမ်းလှမ်းရနိုင်ပါတယ်။ အသက်(၂၈)နှစ်အရွှယ် ကွင်းလယ်ခံစစ်ကစားသမား ဘရိုဇိုဗစ်ဟာ ဒီရာသီမှာ အင်တာအသင်းအတွက် ပြိုင်ပွဲစုံ(၂၉)အထိ ပါဝင်ကစားထားခဲ့ရပြီး (၁)ဂိုးသွင်းယူထားကာ (၇)ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။

The post အင်တာကွင်းလယ်လူကို ခေါ်ယူသွားဖို့အတွက် တဲလက်စ်ကို အသုံးချသွားဖွယ်ရှိနေတဲ့ ယူနိုက်တက် appeared first on MySport Myanmar.