ဒီနှစ်ဘောလုံးရာသီအတွင်း ပြင်သစ်လီဂူးဘောလုံးပြိုင်ပွဲမှာ ခြေစွမ်းပြသလျက်ရှိနေတဲ့ ပြင်သစ်ကွင်းလယ်ကစားသမားလေး ရိုမန်းဖဲလ်ဗ်ကို မန်ချက်စတာယူနိုက်တက်အသင်းကနေ စိတ်ဝင်စားနေခဲ့သလို လီဂူးပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံအသင်းဖြစ်တဲ့ ပီအက်စ်ဂျီအသင်းကလည်း ဒီကစားသမားလေးရဲ့ အခြေအနေကို စောင့်ကြည့်လျက်ရှိနေတာကြောင့် ဖဲလ်ဗ်ကို ပိုင်ဆိုင်ဖို့အတွက် ယူနိုက်တက်နဲ့ ပီအက်စ်ဂျီအသင်းတွေရဲ့ အပြိုုင်ကမ်းလှမ်းမှုတွေကို မကြာခင်မှာပဲ မြင်တွေ့လာရဖွယ် ရှိနေပါတယ်။

Photo Credit : Daily Mail

အသက်(၂၂)နှစ်အရွှယ် ပြင်သစ်ကွင်းလယ်ကစားသမား ဖဲလ်ဗ်ဟာ ဒီနှစ်ဘောလုံးရာသီအစကမှ မိုနာကိုအသင်းကနေ ဘရက်စ်အသင်းဆီကို ပြောင်းရွှေ့ကြေး ပေါင်(၄)သိန်းခွဲဆိုတဲ့ နည်းပါးလှတဲ့ တန်ကြေးလေးနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ဘရက်စ်ကို ရောက်ရှိလာပြီးချိန်မှာတော့ အသင်းအတွက် (၁၉)ပွဲအထိ ပါဝင်ကစားထားခဲ့ကာ သွင်းဂိုး(၄)ဂိုးနဲ့ ဂိုးဖန်တီးမှု(၃)ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပါတယ်။ ဖဲလ်ဗ်ဟာ ကွင်းလယ်နေရာအစုံမှာ ပါဝင်ကစားတတ်သူဖြစ်ပြီး ကွင်းလယ်ခံစစ်ပိုင်းရော ကွင်းလယ်တိုက်စစ်ပိုင်းမှာပါ ကျွမ်းကျွမ်းကျင်ကျင် ကစားတတ်သူလည်းဖြစ်ပါတယ်။

Photo Credit : Daily Mail

ဒီလိုစွမ်းဆောင်ရည်တွေ ပိုင်ဆိုင်ထားတဲ့ ဖဲလ်ဗ်ကို ပြင်သစ်လီဂူးကလပ်အသင်းတွေအပြင် မန်ချက်စတာယူနိုက်တက်အသင်းကပါ စတင်စိတ်ဝင်စားလာခဲ့ပြီး ကစားသမားရဲ့ခြေစွမ်းတွေကိုလည်း စောင့်ကြည့်လျက်ရှိလာခဲ့ပါတယ်။ ဒါပေမယ့် လတ်တလောမှာ ပီအက်စ်ဂျီအသင်းကပါ ဖဲလ်ဗ်ရဲ့စွမ်းဆောင်ရည်တွေကို သတိထားမိလာတဲ့အတွက် ယူနိုက်တက်နဲ့အပြိုင် ဖဲလ်ဗ်ကို စတင်ပစ်မှတ်ထားလာခဲ့ပြီး ချိတ်ဆက်မှုတွေပါ လုပ်ဆောင်သွားဖို့ ပြင်ဆင်လာခဲ့ပါတယ်။ ဒီလို ကလပ်အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကို ရရှိနေတဲ့ ကစားသမားလေးကို အသင်းကနေ လွယ်လွယ်နဲ့ လက်လွတ်ရခြင်း မရှိစေရဖို့အတွက် ဘရက်စ်အသင်းဘက်ကနေ ဖဲလ်ဗ်ကို ၂၀၂၅ခုနှစ်အထိ စာချုပ်သက်တမ်းတိုးထားတာကြောင့် အခုဆောင်းစျေးကွက်အတွင်းမှာ ဖဲလ်ဗ်ကို ကမ်းလှမ်းဖို့ဆိုတာက ခက်ခဲနိုင်ပါတယ်။ ယူနိုက်တက်အသင်းကတော့ အသင်းရဲ့ ကွင်းလယ်ပိုင်းအတွက် ဖဲလ်ဗ်အပြင် ဝက်စ်ဟမ်းအသင်းရဲ့ အင်္ဂလန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဒစ်ကလန်ရိုက်စ်ကိုပါ ပစ်မှတ်ထားလို့နေတာဖြစ်ပေမယ့် ရိုက်စ်ကတော့ လန်ဒန်ကနေ မန်ချက်စတာကို ပြောင်းရွှေ့သွားဖို့ စိတ်ဝင်စားခြင်းမရှိဘူးလို့ သူရဲ့မိတ်ဆွေတွေကို ထုတ်ဖော်ပြောဆိုထားခဲ့တာကြောင့် အခြားသော ကစားသမားတွေကိုသာ ကမ်းလှမ်းရဖွယ် ရှိနေပါတယ်။

The post ဒီရာသီ လီဂူးပြိုင်ပွဲအတွင်း ခြေစွာနေတဲ့ ကစားသမားလေးကို ပစ်မှတ်ထားနေကြတဲ့ မန်ယူနဲ့ PSG appeared first on MySport Myanmar.