အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်း ကတော့ သူတို့အသင်းရဲ့ ပြိုင်ဘက်အသင်း ဖြစ်တဲ့ စပါးအသင်းရဲ့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်းကို လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ကြိုးစားသွားမှာ ဖြစ်ကြောင်း အင်္ဂလန် အခြေစိုက် နာမည်ကြီး သတင်းဌာနတွေက ဖော်ပြနေကြပါတယ်။ အသက် ၂၇နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး ဟယ်ရီကိန်းဟာ စပါးအသင်းရဲ့ အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကစားသမားတစ်ဦး ဖြစ်ပြီး အသင်းနဲ့ ၂၀၂၄ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးပေမယ့် ဆုဖလား အောင်မြင်မှုတွေ ရရှိဖို့ ယခု ရာသီကုန်မှာ အသင်းကို စွန့်ခွာဖို့ စဉ်းစားနေသူပါ။

Photo Credit: Metro

စပါးအသင်းရဲ့ ဉက္ကဌဖြစ်သူ လီဗိုင်းဟာ ဟယ်ရီကိန်းကို အသင်းမှာ ဆက်ထိန်းဖို့ ကြိုးစားနေပေမယ့် စပါးအသင်းဟာ လာမယ့် ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ မရေမရာ ဖြစ်နေတာကြောင့် ဟယ်ရီကိန်းဟာ ချန်ပီယံလိဂ်ဝင်ခွင့် ရတဲ့ အသင်းတစ်သင်းဆီ ပြောင်းရွှေ့ချင်နေတာလည်း ဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက်အသင်း ကတော့ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ တိုက်စစ်ပိုင်းကို အဓိကထား အင်အားဖြည့်တင်းဖို့ ကြိုးစားနေပြီး လက်ရှိမှာ ဒေါ့မွန်အသင်းရဲ့ လူငယ်တိုက်စစ်မှူး ဟာလန်းကို ခေါ်ယူဖို့ ကြိုးစားနေပေမယ့် ဟာလန်းကိုသာ မရရှိပါက ဟယ်ရီကိန်းကို ခေါ်ယူဖို့ စီစဉ်နေကြောင်း မန်ချက်စတာမြို့ အခြေစိုက် သတင်းဌာနတွေက ဆိုပါတယ်။

Photo Credit:  Metro

အင်္ဂလန်ရဲ့ နာမည်အကြီးဆုံး သတင်းဌာန တစ်ခုဖြစ်တဲ့ The Athletic UK သတင်းဌာနကတော့ ဟယ်ရီကိန်းဟာ စပါးအသင်းကနေ ထွက်ခွာချင်နေပြီး လာမယ့် ဘောလုံးရာသီအတွက် ချန်ပီယံလိဂ်ဝင်ခွင့် မရရှိပါက သူ့ကို ရောင်းချပေးဖို့ အသင်းထံ တောင်းဆိုတော့မှာ ဖြစ်ကာ မန်ချက်စတာ ယူနိုက်တက်အသင်း ကတော့ ဟယ်ရီကိန်းကို ခေါ်ယူဖို့ စိတ်အဝင်စားဆုံး အသင်းဖြစ်နေကြောင်း ဆိုပါတယ်။ စပါးအသင်းရဲ့ ဥက္ကဌဖြစ်သူ လီဗိုင်းကတော့ ဟယ်ရီကိန်းကို အသင်းမှာ ဆက်ထိန်းဖို့ ကြိုးစားနေပေမယ့် ဟယ်ရီကိန်း အနေနဲ့ အသင်းကနေ မဖြစ်မနေ ထွက်ခွာဖွယ်ရှိကာ စပါးအသင်းကတော့ ဟယ်ရီကိန်းအတွက် ပြောင်းရွှေ့ကြေး ပေါင် ၁၀၀သန်းခန့် အထိ အလိုရှိနေပါတယ်။

The post စပါးကနေ ထွက်ဖို့ ကြိုးစားနေတဲ့ ဟယ်ရီကိန်းကို ကမ်းလှမ်းဖို့ အသင့်ရှိနေတဲ့ မန်ယူ appeared first on MySport Myanmar.