မန်စီးတီးအသင်းရဲ့နည်းပြ ပတ်ဂွာဒီယိုလာက သူတို့အသင်းအနေနဲ့ လာမယ့်နွေစျေးကွက်အတွင်းမှာ အသင်းရဲ့တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းနိုင်ဖို့အတွက် ဒေါ့မွန်အသင်းရဲ့ နော်ဝေကြယ်ပွင့် အာလင်းဟာလန်းကို ပစ်မှတ်ထားနေတယ်လို့ ကောလဟာလတွေ ထွက်ပေါ်နေပေမယ့်လည်း ဒေါ့မွန်ဘက်ကနေ သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေး ယူရိုသန်း(၁၈၀)နဲ့ဆိုရင်တော့ ဟာလန်းကို ခေါ်ယူဖို့က ဖြစ်နိုင်ခြေမရှိဘူးလို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : The Guardian

မန်စီးတီးအသင်းဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ အသင်းနဲ့ လက်တွဲဖြုတ်တော့မယ့် ဝါရင့်တိုက်စစ်မှူးကြီး ဆာဂျီယိုအဂွဲရိုးရဲ့နေရာမှာ ပြန်လည်အစားထိုးဖို့အတွက် ဒေါ့မွန်အသင်းမှာ ခြေစွမ်းကောင်းတွေ ပြသနေတဲ့ ဟာလန်းကို ပစ်မှတ်ထားလာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒေါ့မွန်ဘက်က သူတို့ကစားသမားကို လာမယ့်နွေစျေးကွက်အတွင်းမှာ ခေါ်ယူချင်တယ်ဆိုရင် ပြောင်းရွှေ့ကြေး ယူရိုသန်း(၁၈၀) တန်ကြေးနဲ့မှ ကမ်းလှမ်းရမယ်လို့ ထုတ်ပြန်ထားခဲ့တာကြောင့် ဟာလန်းကို ခေါ်ယူချင်နေတဲ့ ကလပ်အသင်းတွေအတွက် ခေါင်းခဲစရာ ဖြစ်သွားခဲ့ရပါတယ်။

Photo Credit : Screen Lately

ဒီလို တန်ကြေးမြင့်မားနေတာနဲ့ပတ်သက်ပြီး ဂွာဒီယိုလာက “ဒီစျေးနှုန်းမျိုးနဲ့သာဆိုရင် ဘယ်တိုက်စစ်မှူးကိုမှ ခေါ်ယူနိုင်မှာ မဟုတ်ပါဘူး။ ဒါက မဖြစ်နိုင်ပါဘူး။ ကျွန်တော်တို့ဘက်ကနေ ကြိုးစားကြည့်မယ်ဆိုလည်း မလွယ်ပါဘူး။ အခုအချိန်က ကလပ်အသင်းအားလုံး ဘဏ္ဍာရေးပြသာနာတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပြီးတော့ ကျွန်တော်တို့အသင်းလည်း အပါအဝင်ပါပဲ။ တကယ်လို့ တိုက်စစ်မှူးသစ် မခေါ်ယူနိုင်ခဲ့ရင်လည်း အသင်းတိုက်စစ်မှာ ဂျေဆူးရှိတယ်။ ဖယ်ရန်တောရက်စ် ရှိပါတယ်။ နောက်ပြီး အကယ်ဒမီထွက် ကစားသမားတွေလည်း ရှိပါတယ်။ လာမယ့်ဘောလုံးရာသီမှာတော့ ကျွန်တော်တို့တွေ တိုက်စစ်မှူးသစ် မခေါ်ယူဖြစ်ဖို့ဆိုတာ လုံးဝနီးပါး သေချာနေပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ဒါ့အပြင် ဂွာဒီယိုလာက မန်စီးတီးအသင်းမှာ ဒေါ့မွန်အသင်းအကြောင်းကို ကောင်းကောင်းသိနေတဲ့သူက သူတစ်ယောက်တည်း ရှိနေကြောင်း ဒေါ့မွန်ဟာ အေးဂျင့်ပေါင်းများစွာနဲ့ စျေးကွက်ကို ကစားနေတတ်တဲ့ အသင်းတစ်သင်း ဖြစ်တယ်လို့လည်း စွပ်စွဲပြောဆိုသွားခဲ့ပါတယ်။

The post ဟာလန်းကို ခေါ်ယူသွားဖို့က ဖြစ်နိုင်ခြေမရှိဘူးလို့ ထုတ်ဖော်ပြောဆိုသွားခဲ့တဲ့ နည်းပြဂွာဒီယိုလာ appeared first on MySport Myanmar.