ဒီနှစ်ဘောလုံးရာသီမှာ လိဒ်စ်ယူနိုက်တက်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲကြီးဆီ ရောက်ရှိလာခဲ့ရတဲ့ အင်္ဂလန်တိုက်စစ်ကစားသမား ပက်ထရစ်ဘမ်းဖိုဒ့်ကတော့ ဒီရာသီအတွင်းမှာ အသင်းအတွက် အကောင်းဆုံးစွမ်းဆောင်ရည်တွေ ပြသထားနိုင်ခဲ့ပြီး ဒီရာသီ လိဒ်စ်ယူနိုက်တက်အသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး အများဆုံးသွင်းယူထားနိုင်သူအဖြစ် ရပ်တည်နေသလို အခုလည်း သူ့ကို ခေါ်ယူသွားဖို့ စိတ်ဝင်စားနေကြတဲ့ ကလပ်အသင်းတွေထဲမှာ လီဗာပူးလ်အသင်းပါ ပါဝင်လာခဲ့တယ်လို့ သိရှိရပါတယ်။

Photo Credit : Goal

အသက်(၂၇)နှစ်အရွှယ်ရှိ အင်္ဂလန်တိုက်စစ်ကစားသမား ဘမ်းဖိုဒ့်ဟာ ချယ်လ်ဆီးအသင်းမှာ သူရဲ့စီနီယာကစားသမားဘဝကို စတင်ခဲ့သူဖြစ်ပေမယ့် အသင်းမှာ နေရာမရခဲ့သလို နောဝစ်ချ် ခရစ္စတယ်ပဲလေ့စ်နဲ့ မစ်ဒယ်ဘရော့အသင်းတွေမှာလည်း အငှားကစားသမားဘဝနဲ့ ကျင်လည်ခဲ့ဖူးပြီး ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမယ့် လိဒ်စ်ယူနိုက်တက်အသင်းကို ရောက်ရှိသွားချိန်မှာတော့ ဘမ်းဖိုဒ့်ရဲ့ ဂိုးသွင်းစွမ်းရည်တွေကို တိုးတတ်လာခဲ့သလို ပြီးခဲ့တဲ့ရာသီက ချန်ပီယံရှစ်မှာ အသင်းအတွက် (၁၆)ဂိုး သွင်းယူခဲ့သလို ဒီရာသီ ပရီးမီးယားလိဂ်မှာလည်း သူရဲ့လိဂ်သွင်းဂိုးက (၁၅)ဂိုးအထိကို ရှိလာခဲ့ပါတယ်။

Photo Credit : iNews

ဒီလို စွမ်းဆောင်ရည်ကောင်းတွေ ပြသလို့နေတဲ့ ဘမ်းဖိုဒ့်ကို ပရီးမီးယားလိဂ် ကလပ်အသင်းတော်တော်များများကနေ ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့အပြင် လီဗာပူးလ်အသင်းကနေ ဘမ်းဖိုဒ့်ကို ခေါ်ယူသွားဖို့ စတင်ပစ်မှတ်ထားလာခဲ့တယ်လို့ သတင်းထွက်လာပါတယ်။ လီဗာပူးလ်အသင်းဟာ လာမယ့်ရာသီမှာ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ရှာကွီရီ အော်ရီဂီတို့နဲ့ လက်တွဲဖြုတ်ဖွယ် ရှိနေတဲ့အပြင် ဒီရာသီမှာ အသင်းအတွက် သွင်းဂိုး(၆)ဂိုးသာ သွင်းယူထားနိုင်ခဲ့တဲ့ ဖေမီနိုရဲ့နေရာမှာလည်း ဂိုးမြူးနေတဲ့ ဘမ်းဖိုဒ့်နဲ့ အစားထိုးချင်နေတာဖြစ်ပါတယ်။ ဘမ်းဖိုဒ့်ကတော့ လာမယ့် ၂၀၂၂ခုနှစ်မှာပဲ လိဒ်စ်ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပေမယ့် ပြီးခဲ့တဲ့နှစ်ကပဲ တစ်နှစ်ထပ်မံ သက်တမ်းတိုးခွင့်ကို စာချုပ်ထဲမှာ ထည့်သွင်းချုပ်ဆိုထားခဲ့တာကြောင့် ဘမ်းဖိုဒ့်ရဲ့တန်ကြေးက ထင်ထားသလောက် စျေးသက်သာဖွယ် မရှိနိုင်ပဲ ပေါင်(၂၅)သန်းကနေ သန်း(၃၀)ဝန်းကျင်လောက်နဲ့ ကမ်းလှမ်းလာနိုင်ပါတယ်။ လိဒ်စ်အသင်းဘက်ကတော့ သူတို့အသင်းရဲ့ ကြယ်ပွင့်ကစားသမားကို အသင်းကနေ ရောင်းချသွားဖို့ အစီအစဉ်မရှိပဲ အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းထားနိုင်အောင်သာ ကြိုးပမ်းသွားမှာဖြစ်ပါတယ်။

The post လိဒ်စ်ယူနိုက်တက်မှာ ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူးဘမ်းဖိုဒ့်ကို လီဗာပူးလ်ကပါ စိတ်ဝင်စားနေ appeared first on MySport Myanmar.