ဒီနှစ်ဘောလုံးရာသီအကုန်မှာ မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး အသင်းနဲ့လည်း လက်တွဲဖြုတ်တော့မှာဖြစ်တဲ့ ဝါရင့်တိုက်စစ်မှူးကြီး ဆာဂျီယိုအဂွဲရိုးကို ခေါ်ယူချင်နေတဲ့ ကလပ်အသင်းတွေများစွာ ရှိနေတဲ့ကြားကနေ ဝါရင့်အာဂျင်တီးနား နည်းပြကြီး မာဆယ်လိုဘီယယ်ဆာ ကိုင်တွယ်လို့နေတဲ့ လိဒ်စ်ယူနိုက်တက်အသင်းပါ ပါဝင်လာခဲ့တယ်လို့ 90Min ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Football Espana

အသက်(၃၂)နှစ်အရွှယ်ရှိ အာဂျင်တီးနားတိုက်စစ်ကစားသမားကြီး အဂွဲရိုးဟာ လွန်ခဲ့တဲ့ ၂၀၁၁ခုနှစ်ကမှ အသက်လက်တီကိုမက်ဒရစ်ကနေ မန်စီးတီးအသင်းဆီကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းနဲ့ ဆုဖလားအောင်မြင်မှုတွေကို ရယူနိုင်ခဲ့သလို အသင်းနဲ့လည်း ဆယ်စုနှစ်တစ်ခုအထိ ဖြတ်သန်းခဲ့ကာ အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ်နဲ့လည်း ရပ်တည်နိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ အဂွဲရိုးဟာ ဒဏ်ရာပြသာနာတွေနဲ့ ရင်ဆိုင်နေရလို့ ပုံမှန်ခြေစွမ်းပြသဖို့ ရုန်းကန်နေတဲ့အပြင် ရာသီအကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး အဂွဲရိုးဘက်ကလည်း အသင်းနဲ့ လမ်းခွဲတော့မှာဖြစ်ကြောင်း တရားဝင် ပြောဆိုထားခဲ့တာကြောင့် အဂွဲရိုးကို အသင်းပေါင်းစုံကနေ ပစ်မှတ်ထားလာခဲ့တာဖြစ်ပါတယ်။

Photo Credit : Eurofootball

ဒီလိုအခြေအနေမျိုး ရှိနေတဲ့ အဂွဲရိုးကို ဥရောပထိပ်သီး ကလပ်အသင်းတွေဖြစ်တဲ့ ဘာစီလိုနာ အင်တာမီလန် ဂျုဗင်တပ်စ် ချယ်လ်ဆီး စပါး အာဆင်နယ်အသင်းတွေကနေ ပစ်မှတ်ထားလာခဲ့ပြီး အခုလက်ရှိမှာလည်း ဒီရာသီမှ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပြန်လည်တတ်လှမ်းလာခဲ့တဲ့ လိဒ်စ်ယူနိုက်တက်အသင်းကလည်း အဂွဲရိုးရဲ့ အခြေအနေကို စောင့်ကြည့်လျက် ရှိနေပါတယ်။ လိဒ်စ်ယူနိုက်တက်အသင်းကို ကိုင်တွယ်လျက်ရှိနေတဲ့ အာဂျင်တီးနားလူမျိုး ဘီယယ်ဆာဟာ သူနဲ့တစ်နိုင်ငံတည်းသားတွေဖြစ်တဲ့ အဂွဲရိုးကို သူရဲ့အသင်းဆီ ခေါ်ဆောင်ချင်နေတာဖြစ်ပြီး အဂွဲရိုးရဲ့ကစားဟန်ကလည်း တိုက်စစ်ကို အသားပေးတဲ့ လိဒ်စ်အသင်းနဲ့ အံ့ဝင်ခွင်ကျ ဖြစ်နိုင်တဲ့အတွက် အဂွဲရိုးကို အလိုရှိနေတာဖြစ်ပါတယ်။ အဂွဲရိုးကလည်း ပရီးမီးယားလိဂ်မှာ သွင်းဂိုးစံချိန်တွေ ဆက်လက်ရယူသွားဖို့ ဆန္ဒရှိနေတာကြောင့် တခြားလိဂ်တွေထက် ပရီးမီးယားလိဂ်ပြိုင်ပွဲဝင် ကလပ်အသင်းတစ်သင်းသင်းဆီကိုပဲ ပြောင်းရွှေ့ကစားဖွယ် ရှိနေတာဖြစ်ပါတယ်။

The post အဂွဲရိုးကို အလိုရှိနေတဲ့ ကလပ်အသင်းတွေထဲမှာ ဘီယယ်ဆာရဲ့ လိဒ်စ်ယူနိုက်တက်ပါ ပါဝင်လာ appeared first on MySport Myanmar.