နောက်ထပ် ရှုံးပွဲတစ်ပွဲ ကြုံတွေ့ ပြီးနောက်မှာ နည်းပြ ဖရန့် လမ်းပတ်ရဲ့ ချယ်လ်ဆီး နည်းပြရာထူးက မသေချာ မရေရာမှုတွေနဲ့ ပြည့်နှက်လာခဲ့ပြီးတော့ နောက်ထပ် ထုတ်ပယ်ခံရမယ့် ပရီးမီးယားလိဂ် နည်းပြ‌စာရင်းထဲမှာ လမ်းပတ်က ရေပန်းအစားဆုံး နည်းပြ ဖြစ်လာခဲ့ပါတယ်။ ချယ်လ်ဆီး အသင်းဟာ အခုလက်ရှိ‌ဘောလုံးရာသီမှာ အလွန်ဆိုးရွားတဲ့ ပုံစံတစ်ခုကို ရောက်ရှိနေခဲ့ပြီးတော့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၈ နေရာအထိကို ကျရောက် နေခဲ့ရပြီ ဖြစ်ပါတယ်။ ချယ်လ်ဆီး အသင်းအနေနဲ့ စနေနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဖူဟမ်လ် အသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တာကြောင့် ဖိအားတွေ ခြေဖျက်နိုင်ခဲ့ပြီလို့ ထင်ခဲ့ကြပေမယ့်လည်း လက်စတာစီးတီး အသင်းကို ထပ်မံ ရှုံးနိမ့်ခဲ့တာကြောင့် ဖိအားတွေနဲ့ ပြန်လည် ရင်ဆိုင်နေရပါတယ်။

Photo Credit: Daily Mail

ချယ်လ်ဆီး အသင်းအနေနဲ့ အဆိုပါ ရှုံးပွဲကြောင့် နောက်ဆုံး ကစားထားတဲ့ ပြိုင်ပွဲစုံ ၉ပွဲမှာ ၅ ပွဲအထိ ရှုံးနိမ့်ထားခဲ့ရပြီ ဖြစ်ပြီးတော့ အခုလိုသာ ရလဒ်ဆိုးတွေ ဆက်လက် ထွက်ပေါ်နေအုန်းမယ် ဆိုရင် နည်းပြ လမ်းပတ် ကို မကြာခင် အချိန်တို အတွင်းမှာ နည်းပြရာထူးကနေ ထုတ်ပယ်သွားဖို့ ရှိနေပြီး ချယ်လ်ဆီး နည်းပြသစ် ရာထူးအတွက် ရေပန်းအစားဆုံး နည်းပြတွေ ဖြစ်နေကြတဲ့ ဂျုဗင်တပ် အသင်းရဲ့ နည်းပြဟောင်း မာစီမီလီယာနို အယ်လ်လီဂရီ ဒါမှမဟုတ် မကြာသေးခင်ကမှ ပီအက်စ်ဂျီ အသင်းက‌နေ ထုတ်ပယ်ခံထားရတဲ့ နည်းပြဟောင်း သောမတ်စ် တူချယ် တို့ကို လမ်းပတ် နေရာမှာ အစားထိုး ခန့်အပ်သွားဖို့ ရှိနေတယ်လို့ ခိုင်လုံတဲ့ သတင်းဌာနတွေက ဖော်ပြလာကြပါတယ်။ အခုချိန်မှာတော့ လမ်းပတ်ဟာ ပရီးမီးယားလိဂ်ရဲ့ နည်းပြရာထူးကနေ ထုတ်ပယ်ခံရနိုင်ချေရှိတဲ့ နည်းပြစာရင်းထဲမှာ ၄/၅ နဲ့ ထိပ်ဆုံးက ဦးဆောင်နေပါတယ်။

Photo Credit: Daily Mail

လမ်းပတ် ရဲ့ ချယ်လ်ဆီး အသင်းအနေနဲ့ ရလဒ်တွေ ဆိုးဝါးနေပေမယ့်လည်း မြောက်လန်ဒန်ပြိုင်ဘက် အာဆင်နယ် အသင်းကတော့ ပုံစံကောင်းတွေပြသထားနိုင်ပြီး နောက်ဆုံး ကစားထားတဲ့ ပွဲစဉ်တွေမှာ ရမှတ်အချို့ စုဆောင်းထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ လောက်တုန်းကလည်း အာဆင်နယ် အသင်းအနေနဲ့ ဆိုးဝါးတဲ့ ပုံစံမျိုးတွေနဲ့ ရင်ဆိုင်ခဲ့ရပြီးတော့ တန်းဆင်းဇုန်နဲ့ ရမှတ် ၆ မှတ်သာ ကွာဟ တော့တဲ့ အနေအထားမှာ ရောက်ရှိခဲ့တာကြောင့် အာဆင်နယ်နည်းပြ အာတီတာ အနေနဲ့ ရာထူးကနေ ထုတ်ပယ်ခံရဖို့ နီးစပ်ခဲ့ဖူးတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ် အသင်းဟာ နှစ်သစ်မှာ ပုံစံကောင်းတွေနဲ့ ပြန်လာနိုင်ခဲ့ပြီးတော့ ချယ်လ်ဆီး အသင်းရဲ့ နောက် ၂ မှတ် အကွာနဲ့ အဆင့် ၁၀ နေရာအထိ ပြန်လည်တက်လှမ်းလာနိုင်ခဲ့တာ ဖြစ်ပါတယ်။ အာတီတာ အနေနဲ့လည်း နည်းပြ ရာထူးအတွက် လုံးဝ စိတ်ချရတဲ့ အနေအထားမျိုးမှာ ရှိမနေသေးပေမယ့်လည်း ထုတ်ပယ်ခံရနိုင်ချေကတော့ ၂၅/၁ သာ ရှိတာ ဖြစ်ပါတယ်။ ဆက်လက်ပြီး Sky Bet ကနေ ဖော်ပြထားတဲ့ ထုတ်ပယ်ခံရနိုင်ချေရှိတဲ့ နည်းပြစာရင်းကို ဖော်ပြပေးလိုက်ပါတယ်။ ဖရန့်လမ်းပတ်(ချယ်လ်ဆီး)- ၅/၄, စတိဗ်ဘရုစ်(နယူးကာဆယ်)- ၂/၁, ခရစ်စ်ဝိုက်ဒါ(ရှက်ဖီးလ်)- ၃/၁, ဂရေဟမ်ပေါ်တာ(ဘရိုက်တန်)- ၁၂/၁, နူနိုအက်စ်ပီရီတို ဆန်တို(ဝုဗ်လ်စ်)- ၁၄/၁, ရိုင်းဟော့ဒ်ဆန်(ခရစ္စတယ်ပဲလေ့စ်)- ၁၄/၁, ဆန်အလာဒိုက်စ်(ဝက်စ်ဘရွန်း)- ၂၀/၁, ရှောင်ဒိုက်ခ်ျ(ဘန်လေ)- ၂၀/၁, အာတီတာ(အာဆင်နယ်)- ၂၅/၁, စကော့ပါကာ(ဖူဟမ်လ်)- ၂၅/၁ တို့ပဲ ဖြစ်ကြပါတယ်။

The post မကြာခင် ထုတ်ပယ်ခံရမယ့် နည်းပြစာရင်းမှာ ထိပ်ဆုံးကနေ ဦးဆောင်နေတဲ့ လမ်းပတ် appeared first on MySport Myanmar.