ပရီးမီးယားလိဂ် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ လမ်းပတ်ဟာ ချယ်လ်ဆီးအသင်း ကနေ ထွက်ခွာဖြစ်ရင် စပိန် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဘာစီလိုနာ အသင်းကို ကိုင်တွယ်ချင်နေကြောင်း စပိန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြ သွားကြပါတယ်။ အသက် ၄၂နှစ် အရွယ်သာ ရှိသေးတဲ့ အင်္ဂလန် လူငယ် နည်းပြတစ်ဦး ဖြစ်တဲ့ လမ်းပတ် ဟာ လက်ရှိမှာ သူ့ရဲ့ အသင်းဟောင်း တစ်သင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းကို ကိုင်တွယ်နေပေမယ့် အသင်းရဲ့ ရလဒ်ဆိုးတွေကြောင့် မကြာခင်မှာ အသင်းကနေ ထွက်ခွာရတော့မယ် ဆိုပြီး သတင်းကြီးနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit: Standard

လမ်းပတ်ဟာ ကစားသမား ဘဝမှာ ထိပ်တန်း ကစားသမား တစ်ဦး ဖြစ်ခဲ့သလို ဉာဏ်ရည်မြင့်မားတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်တာကြောင့် သူ့ရဲ့ ဘောလုံး ဒဿနတွေ ၊ ကစားသမားတွေကို ထိန်းကျောင်းမှုတွေဟာ အတော်လေးကို ကောင်းမွန်ပါတယ်။ ဒါပေမယ့် လမ်းပတ်ရဲ့ ကြီးမားတဲ့ အားနည်းချက် တစ်ခုကတော့ ထိပ်တန်း အသင်းကြီး တစ်သင်းကို ယခုမှ စတင် ကိုင်တွယ်ဖူးတာကြောင့် အသင်းကြီး တစ်သင်းရဲ့ နည်းပြ တစ်ဦးမှာ ရှိိသင့်တဲ့ နည်းစနစ်ပိုင်း ကျွမ်းကျင်မှု အားနည်းချက်ပါပဲ။ စပိန် အခြေစိုက် သတင်းဌာန တစ်ခု ဖြစ်တဲ့ Guillem Balague သတင်းဌာနရဲ့ ဖော်ပြချက် အရတော့ လမ်းပတ်ဟာ ချယ်လ်ဆီးအသင်း ကနေ ထွက်ခွာရရင် ဘာစီလိုနာ အသင်းကို နည်းပြဖို့ အတွက် စိတ်ဝင်စားနေကြောင်း သိရှိရပါတယ်။

Photo Credit: Standard

Guillem Balague သတင်းဌာနဟာ စပိန် ဘောလုံးလောကမှာ နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်ပြီး သူတို့ရဲ့ အဆိုအရ လမ်းပတ်ဟာ သူ့ရဲ့ ကစားသမား ဘဝမှာ လာရောက် မကစားခဲ့ရတဲ့ စပိန် လာလီဂါ ပြိုင်ပွဲဆီကို နည်းပြတစ်ဦး အနေနဲ့ လာရောက်ဖို့ စိတ်ကူးရှိကြောင်း သိရကာ လမ်းပတ်ရဲ့ အိမ်မက်အသင်း ဟာ ဘာစီလိုနာ အသင်းဖြစ်ကြောင်းလည်း ဆိုပါတယ်။ ထွက်ပေါ်လာတဲ့ သတင်းတွေ အရ လမ်းပတ်ဟာ ကစားသမား ဘဝမှာ ကတည်းက ဘာစီလိုနာ အသင်းထံ ပြောင်းရွှေ့ ကစားချင်ခဲ့သူ ဖြစ်ပြီး ၂၀၀၅ခုနှစ်မှာ ဘာစီလိုနာ အသင်းထံ ပြောင်းရွှေ့ဖို့ အရမ်းကို နီးစပ်ခဲ့ကြောင်းလည်း သိရပါတယ်။ ဒါပေမယ့် လတ်တလောမှာ ဘာစီလိုနာ အသင်းဟာ သူတို့အသင်းရဲ့ ဂန္တဝင် ကစားသမားကြီး ရော်နယ်ကိုးမန်းကို နည်းပြသစ် အဖြစ် ခန့်အပ် ထားတာကြောင့် လမ်းပတ်အနေနဲ့ ဘာစီလိုနာ အသင်းရဲ့ နည်းပြ ဖြစ်လာနိုင်ဖို့ အတွက် နှစ်အတော်ကြာ စောင့်ဆိုင်းရဖွယ် ရှိပါတယ်။

The post ချယ်လ်ဆီးကနေ ထွက်ဖြစ်ရင် ဘာစီလိုနာ အသင်းကို ကိုင်တွယ်ချင်နေတဲ့ လမ်းပတ် appeared first on MySport Myanmar.