လီဗာပူး အသင်းရဲ့ နည်းပြ ဖြစ်သူ ဂျာဂျန် ကလော့ပ် အနေနဲ့ တနင်္ဂနွေနေ့မှာ ကစားမယ့် အက်ဖ်အေဖလား စတုတ္ထအဆင့် အဖြစ် မန်ချက်စတာ ယူနိုက်တက်နဲ့ ပွဲမတိုင်ခင် လီဗာပူးအသင်းကို တာဝန်ယူ ကိုင်တွယ်ထားတဲ့ ငါးနှစ်တာ ကာလအတွင်း အကြီးမားဆုံးသော အကျပ်အတည်း နဲ့ ရင်‌ဆိုင်နေရတာ ဖြစ်ပါတယ်။ နည်းပြဖြစ်သူ ကလော့ပ် ကတော့ သူ့အနေနဲ့ ဖိအားတွေနဲ့ ပတ်သက်ပြီး မခံစားမိကြောင်းနဲ့ သူ့ရဲ့ ရေရှည်အနာဂါတ် နဲ့ ပတ်သက်ပြီး သံသယ‌တွေ ရှိနေကြောင်း သဲလွန်စ ပေးသွားခဲ့ပါတယ်။ “ ကျွန်တော့် တစ်ဘဝလုံး ဖိအားတွေနဲ့ပဲ ရင်ဆိုင်ခဲ့ရတာပါ၊ အဲ့ဒါကြောင့် ကျင့်သားရနေပါပြီ။ ရေရှည်မှာ တစ်ခုခုနဲ့ ကျွန်တော့်ကို အတော်လေး ပျော်အောင်လုပ်ဖို့ ဆိုတာ အတော်လေးကို ခက်ခဲလွန်းပါတယ် ”

Photo Credit: Sky Sports

“ ရေတိုအတွက် ဆိုရင်တော့၊ ကျွန်တော်က အဆင်ပြေပါတယ်၊ ဒါပေမယ့် ရေရှည်အတွက်ကတော့ လုံးဝ မလွယ်ပါဘူး ” လို့ ပြောဆိုခဲ့ပါတယ်။ အာဆင်နယ် အသင်းရဲ့ ကြယ်ပွင့်ဟောင်း တစ်ဦးဖြစ်သူ ဂျန်းစ် လေမန်း ကတော့ ကလော့ပ်ဟာ သူ့ရဲ့ မွေးရပ်မြေမှာ သူရဲကောင်း တစ်ဦး ဖြစ်နေကြောင်းနဲ့ ဂျာမန် ဘွန်ဒက်လီဂါပြိုင်ပွဲဟာ ကလော့ပ်ကို ကြိုဆိုနေကြောင်း ပြောကြားခဲ့ပါတယ်။ “ ဒါက နိုင်ငံရဲ့ ဂုဏ်ယူစရာလား ဆိုတာတော့ ကျွန်တော် မသိပါဘူး။ ဒါပေမယ့် သူတို့ အားလုံးထဲမှာ အကောင်းဆုံး အဖြစ် ဂျာမန်နည်းပြ တစ်ဦး ပရီးမီးယားလိဂ်မှာ ရှိနေတာက ကောင်းတဲ့ အရာပါ။ ဂျာမန်လူမျိုးတွေက သူ့ကို ‘ ဘုရင်ကြီးကလော့ပ် ’ လို့ ခေါ်နေကြပါတယ်၊ ဘာလို့လဲဆိုရင် သူက ဒေါ့မွန်အသင်းနဲ့ အတူ အောင်မြင်မှု အကြီးအကျယ် ရခဲ့လို့ပါ ”

Photo Credit: Sky Sports

“ သူက ကမ္ဘာပေါ်မှာ အကောင်းဆုံး နည်းပြ ဖြစ်တယ်လို့ ကျွန်တော်တို့ အားလုံး ထင်ကြပါတယ်။ သူက အတော်လေးလည်း နှိမ့်ချတတ်တဲ့ သူပါ၊ ဘာလို့လဲ ဆိုရင် သူ့ရဲ့ ခွန်အားက လူတွေကို ထိန်းကွပ် နိုင်တယ်ဆိုတာကို သူသိလို့ပါ။ ပြီးတော့ သူ့ရဲ့ အားနည်းချက်ကိုတော့ သူ့ကိုယ်သူ ရှာဖွေတယ်၊ သူ့ရဲ့ အသင်းဝန်ထမ်းတွေက တဆင့် ရှာဖွေတယ်။ ဒါပေမယ့် အဲ့ဒါကို ထိန်းချုပ်ဖို့ နဲ့ သူ့ရဲ့ အားနည်းချက်ကို ဖြေရှင်းဖို့ နဲ့ အားလုံးကို တစ်စုတစ်စည်းတည်း ဖြစ်အောင် လုပ်ဖို့ သူက အမြဲတမ်း ထိပ်ဆုံးက ရှိနေပါတယ်။ သူ အသက် ၆၀ ရောက်ရင်တော့ သူက ဂျာမန်နည်းပြ အလုပ်ကို လုပ်ကောင်းလုပ်ပါလိမ့်မယ်၊ ဒါပေမယ့် အခုတော့ မဟုတ်ပါဘူး။ သူ လီဗာပူးက ထွက်တဲ့ အချိန်ကျရင်လည်း သူ အနားယူအုန်းမယ်လို့ ကျွန်တော်တော့ မမြင်မိဘူး။ ပြီးတော့ အကယ်၍ သူ လအနည်းငယ် နည်းပြရုံနဲ့ ပျော်နိုင်မလား ဆိုတာတော့ သူ့ရဲ့ ကိုယ်ရေးကိုယ်တာနဲ့ ပတ်သက်ပြီး ပြောရခက်ပါတယ်။ သူက နေ့တိုင်း နည်းပြချင်တဲ့ သူမျိုးပါ၊ ဒါပေမယ့် နိုင်ငံအသင်းနဲ့ကျတော့ ပြိုင်ပွဲတွေကြားမှာ အားလပ်ရက် အနည်းငယ်ပဲ ရတယ်။ ဒါပေမယ့် ဖျော်ဖြေမှုအပိုင်းနဲ့ ကျော်ကြားမှု အပိုင်းအရတော့ ကလော့ပ်ဟာ ဘွန်ဒက်လီဂါ နဲ့ အမြဲသင့်တော် နေပါတယ် ” လို့ ပြောဆိုသွားခဲ့ပါတယ်။

The post လီဗာပူးကနေ မကြာခင်မှာ ထွက်ခွာနိုင်ကြောင်း အရိပ်အမြွက် ဖွင့်ဟလာတဲ့ ကလော့ပ် appeared first on MySport Myanmar.