လီဗာပူး အသင်းရဲ့ နည်းပြ ဖြစ်သူ ဂျာဂျန် ကလော့ပ်က အသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန် ရဲ့ ဘောလုံး စွမ်းရည်ဟာ လီဗာပူး အသင်းရဲ့ ဗဟိုခံစစ်ပြဿနာ အတွက် အဖြေတစ်ခု ဖြစ်လာနိုင်တယ်လို့ ယုံကြည်နေပါတယ်။ ပရီးမီးယားလိဂ်လက်ရှိ ချန်ပီယံ လီဗာပူး အသင်း အနေနဲ့ ဒဏ်ရာပြဿနာတွေကြောင့် စီနီယာ အထူး ဗဟိုခံစစ်ကစားသမားတွေ ဖြစ်ကြတဲ့ ဗာဂျယ်ဗန်ဒိုက်၊ ဂျိုးဂိုးမက်ဇ် နဲ့ ဂျိုးလ် မားတစ် တို့ သုံးဦး ဟာ တနင်္ဂနွေနေ့မှာ ကစားမယ့် ဝက်စ်ဟန်း အသင်းနဲ့ အဝေးကွင်းပွဲစဉ်မှာလည်း ပါဝင်နိုင်မှာ မဟုတ်သလို ခံစစ်ပိုင်း လိုအပ်ချက်အရ နောက်တန်းမှာ ဆင်းကစားပေးနေရတဲ့ ကွင်းလယ်ခံစစ် ကစားသမား ဖာဘင်ဟို ကလည်း ပါဝင်ဖို့ မသေချာတဲ့ အနေအထားမှာ ရှိနေတာ ဖြစ်ပါတယ်။

Photo Credit: Metro

ဒါပေမယ့်လည်း ဟန်ဒါဆန် ကတော့ သူ့ရဲ့ ဘက်စုံထူးချွန်တဲ့ ဘောလုံးစွမ်းရည်ကို တော့တင်ဟန် ဟော့စပါး အသင်းနဲ့ ပွဲစဉ်မှာ ဗဟိုခံစစ်နေရာက ပါဝင် ကစားပြီး ပြသနိုင်ခဲ့သလို မန်ချက်စတာ ယူနိုက်တက် အသင်း နဲ့ ပွဲစဉ်မှာလည်း အသင်းအတွက် clean sheet ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဖာဘင်ဟို အနေနဲ့ နောက်တစ်ပတ် တနင်္ဂနွေနေ့မှာ ကစားမယ့် မန်ချက်စတာစီးတီး နဲ့ အရေးကြီးတဲ့ ပွဲစဉ်မှာ ပြန်လည်ပါဝင်လာနိုင်ဖွယ် ရှိ‌နေပေမယ့် ဟန်ဒါဆန် ကပဲ စီနီယာ ကစားသမား တစ်ဦးအဖြစ်နဲ့ ကစားသမားအသစ်တွေ ဖြစ်ကြတဲ့ နတ် ဖီးလစ်ပ် ဒါမှမဟုတ် ရိုင်းစ် ဝီလီယံ တို့နဲ့သာ တွဲဖက်ပြီး ပွဲထွက်လာနိုင်ချေ များနေတာ ဖြစ်ပါတယ်။ ဒီရာသီမတိုင်ခင် အထိ ဟန်ဒါဆန် ဟာ ‌ဗဟိုခံစစ်နေရာမှာ တစ်ပွဲသာ ကစားထားခဲ့ဖူးတာ ဖြစ်ပြီး အဲ့ဒီ ပွဲစဉ်ကတော့ ၂၀၁၉ ဒီဇင်ဘာက ကစားခဲ့တဲ့ မွန်တီရေး အသင်းနဲ့ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဖြစ်ပါတယ်။

Photo Credit: Metro

ကလော့ပ် က သူ့ရဲ့ ဒီနှစ် အသစ်တီထွင်ဖန်တီးမှု ရဲ့ ထူးခြားချက်မှာ ခံစစ် ကစားသမားဖြစ်ကြောင်း ကို အခုလိုပဲ ပြောကြားခဲ့ပါတယ်။ “ သူ အဲ့ဒီနေရာမှာ အတော်လေး ကောင်းအောင် ကစားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ဟန်ဒါဆန် က ကျောနံပါတ် နံပါတ် ၈ ကစားသမားဖြစ်တယ်ဆိုတာကို မေ့လို့မရပါဘူး။ အဲ့ဒါက ဒီအရာကို ပိုပြီးတော့တောင် ထူးခြားစေပါတယ်။ သူ က ကျောနံပါတ် ၈ ကစားသမားကနေ ကျောနံပါတ် ၆ ကစားသမားအဖြစ် အသွင်ပြောင်းနိုင်တယ်၊ ပြီးတော့ ကျောနံပါတ် ၄ ကစားသမားအဖြစ်လည်း အသွင်ပြောင်းနိုင်တယ်။ သူက အဲ့ဒီနေရာတွေ အကုန်လုံးကို ကစားနိုင်ပါတယ်။ အဲ့ဒါက ဟန်ဒါ ဟာ ဘောလုံးနဲ့ ပတ်သက်ပြီး ဘယ်လောက်တောင် ထက်မြတ်လဲဆိုတာ ကိုပြသနေပါတယ်။ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်ကတော့ ပြောစရာမလိုအောင် သိသိသာသာ ကောင်းပါတယ်၊ ဒါပေမယ့် သူက ဉာဏ်လည်းကောင်းတယ်၊ ဘာလို့လဲဆိုရင် အဲ့ဒီနေရာတွေက လုံးဝကို မတူညီတဲ့ နေရာတွေမလို့ပါ ” လို့ ပြောကြားခဲ့ပါတယ်။

The post ဗဟိုခံစစ်နေရာ အတွက် ဟန်ဒါဆန်က အဖြေဖြစ်ကြောင်း ဆိုလာတဲ့ ကလော့ပ် appeared first on MySport Myanmar.