အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ အင်အားကြီး အသင်းတစ်သင်းဖြစ်တဲ့ လီဗာပူး အသင်းရဲ့ နည်းပြ ဖြစ်သူ ဂျာဂျန် ကလော့ပ်က တနင်္ဂနွေနေ့ညမှာ ကစားမယ့် မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၉ မှာ အသင်းရဲ့ ကစားသမားသစ် ဖြစ်သူ သီယာဂို အယ်ကန်တာရာ ပါဝင်နိုင်မှာ ဖြစ်ကြောင်း သတင်းထောက်တွေကို ရှင်းလင်းပြောဆို သွားခဲ့ပါတယ်။ ကွင်းလယ်ဗဟို ကစားသမားဖြစ်သူ သီယာဂို အယ်ကန်တာရာ ဟာ မာဆေးလ်ဆိုက်ဒ် ဒါဘီပွဲစဉ် အပြီးကတည်းက ဒဏ်ရာပြဿနာကြောင် ၂ ခွဲ အကြာအထိ အနားယူခဲ့ရကာ ဒဏ်ရာကနေ ပြန်လည် သက်သာလာချိန်မှာလည်း ကြံ့ခိုင်မှု ပြည့်ဝဖို့ ရုန်းကန် နေရတာကြောင့် ပွဲထွက်ခွင့် ပျောက်ဆုံးနေခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Metro

ဒါပေမယ့်လည်း ကွင်းလယ်လူ သီယာဂို အယ်ကန်တာရာ ဟာ အခုချိန်မှာတော့ ဒဏ်ရာပြဿနာက အနည်းငယ် သက်သာစ ပြုလာပြီး လီဗာပူး အသင်းရဲ့ နောက်ဆုံး ကစားထားတဲ့ အဝေးကွင်း သုံးပွဲမှာ ပါဝင် ကစားထားနိုင်တာ ဖြစ်ပါတယ်။ အဆိုပါ သုံးပွဲကြောင့် အသက် ၂၉ နှစ် ရှိပြီ ဖြစ်တဲ့ စပိန်နိုင်ငံ လက်ရွေးစင် ကစားသမား ဖြစ်သူ အယ်ကန်တာရာ ဟာ ဒီရာသီမှာ လီဗာပူး အသင်းအတွက် ပရီးမီးယားလိဂ် လေးပွဲ ပါဝင် ကစားပေးထားပြီး ဖြစ်ပါတယ်။ လီဗာပူး အသင်းရဲ့ နည်းပြဖြစ်သူ ဂျာဂျန် ကလော့ပ်က ချန်ပီယံလိဂ် ဆုဖလား နှစ်ကြိမ်ရယူထားနိုင်တဲ့ ကစားသမားဖြစ်တဲ့ အယ်ကန်တာရာ ကို မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ရင်ဆိုင်ကစားရမယ့် အိမ်ကွင်း အန်ဖီးလ် နဲ့ ပွဲစဉ်မှာ ထည့်သွင်း ကစားစေဖို့ရာ အတွက် စိတ်အားထက်သန် နေကြောင်း အခုလိုပဲ ပြောဆိုထားပါတယ်။

Photo Credit: Metro

“ကျွန်တော်တို့ ကြည့်ကျတာပေါ့။ အရေးကြီးဆုံး အရာကတော့ သူ ကြံ့ခိုင်မှု ရှိရဲ့လား၊ လေ့ကျင့်နိုင်ရဲ့လား နဲ့ အရာအားလုံး ကောင်းနေရဲ့လား ဆိုတာပါပဲ။ ပြီးခဲ့တဲ့ နှစ်ပွဲမှာ သူ မိနစ် ၉၀ နဲ့ ၄၅ မိနစ် ကစားထားပါတယ်။ ဒါကြောင့်မို့ သူ ကစားနိုင်ရဲ့လားဆိုတာ စောင့်ကြည့်သွားရပါမယ်၊ ပြီးတော့ ဘယ်နေရာမှာ သူ ကစားနိုင်လဲ ဆိုတာကိုပါ စောင့်ကြည့်ရပါမယ် ဘာလို့လဲဆိုရင် ကျွန်တော်တို့မှာ ရွေးချယ် စရာတွေ အများကြီး ရှိတာကြောင့်ပါ။ ဒါပေမယ့် အခု သူ ဘေးမှာ ရှိတာကတော့ အတော်လေးကောင်းပါတယ်၊ ဘာလို့လဲဆိုရင် သူက အတော်လေးကောင်းတဲ့ လူမို့လို့ပါ၊ ပြီးတော့ လုံးဝ ခြွင်းချက်မရှိတဲ့ ကစားသမားမျိုးပါ။ ဟုတ်ပါတယ်၊ ဒါက ကစားသမား အသစ် ခေါ်ရသလိုပါပဲ။ လူတွေက သီယာဂို ကို ခေါ်သင့်တယ်လို့ ကျွန်တော်တို့ကို ပြောခဲ့တုန်းက ကျွန်တော်က အခြေအနေတွေအပေါ် အနည်းငယ်လောက် ဖိအားပေးဖို့ ပြောခဲ့တယ် ဆိုတာ သိပါတယ်။ ဒါပေမယ့် အခုတော့ ကျွန်တော်တို့မှာ သူရှိနေပါပြီ၊ သူ ဒီမှာ ရောက်နေပါပြီ။ ဒီလိုမျိုး အချိန်ကြာကြီး နေနိုင်လိမ့်မယ်လို့ မျှော်လင့်ကြတာပေါ့ ” လို့ ပြောဆို သွားခဲ့ပါတယ်။

The post မန်ယူနဲ့ပွဲစဉ်မှာ အယ်ကန်တာရာ ပွဲထွက်ကစားဖွယ် ရှိကြောင်း ပြောပြလာတဲ့ ကလော့ပ် appeared first on MySport Myanmar.