MMA ပြိုင်ပွဲတွေရဲ့ ကမ္ဘာကျော်ပြိုင်ပွဲတစ်ပွဲ ဖြစ်တဲ့ UFC ရဲ့ နာမည်ကြီး ရုရှား ဖိုက်တာကြီးတစ်ဦးဖြစ်တဲ့ ခါဘစ် ရဲ့ အေးဂျင့်ဖြစ်သူ အလီ အက်ဘ်ဒယ်လာဇီ က သူ့ရဲ့ ဖိုက်တာ ကို ဘောက်ဆင်းလောကရဲ့ နာမည်ကြီး ကစားသမားတစ်ဦးဖြစ်တဲ့ ဖလွိုက် မေဝဲလ်သာ နဲ့ ဘောက်ဆင်းနည်း အတိုင်း ထိုးသတ်ဖို့ အတွက် အမေရိကန် ဒေါ်လာ သန်း ၁၀၀ နဲ့ ကမ်းလှမ်းခံထားရကြောင်း အတည်ပြု ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဒါပေမယ့်လည်း အသက် ၃၂ နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ ခါဘစ် ဟာ သူ့ရဲ့ ဖခင်ဖြစ်သူ ကွယ်လွန်သွားတာကြောင့် ကြိုးဝိုင်းတွေထက် ကနေ အနားယူထားတာဟာ ပြီးခဲ့တဲ့နှစ် ဂျက်စတင်ဂတ်ဂျီနဲ့ ပွဲစဉ်အပြီးတည်းက ဖြစ်ပါတယ်။

Photo Credit: Express

ဒါပေမယ့်လည်း အေးဂျင့်ဖြစ်သူ အက်ဘ်ဒယ်လာဇီ ကတော့ ခါဘစ် အနေနဲ့ ကြိုးဝိုင်းတွေထက် ကနေ အနားယူသွားခဲ့ပြီ ဖြစ်ပေမယ့်လည်း အခုချိန်ထိတိုင်အောင် မေဝဲလ်သာနဲ့ ထိုးသတ်ဖို့ အမေရိကန် ဒေါ်လာ သန်း ၁၀၀ နဲ့ ကမ်းလှမ်းတာတွေ ကတော့ အခုချိန်ထိတိုင်အောင် မရပ်တန့်သေးဘူးလို့ ဆိုပါတယ်။ ခါဘစ်ကို အခုလို ကမ်းလှမ်းတဲ့ ကမ်းလှမ်းမှု‌တွေအား လက်ခံနိုင်အောင်ကိုလည်း UFCရဲ့ ဥက္ကဌ ဖြစ်သူ ဒေနာဝှိုက် ကိုယ်တိုင် ကလည်း ခွင့်‌ပြုပေးထားတယ်လို့ သိရပါတယ်။ မေဝဲလ်သာ အနေနဲ့လည်း ၂၀၁၇ ခုနှစ်လောက်က UFCရဲ့ အိုင်းရစ်ရှ် ဖိုက်တာကြီး ဖြစ်တဲ့ ကော်နာ မက်ဂရီဂေါနဲ့လည်း ဘောက်ဆင်းထိုးသတ်ခဲ့ဖူးပြီးတော့ အနိုင်ရရှိထားသူ ဖြစ်ပါတယ်။ အက်ဘ်ဒယ်လာဇီ က ခါဘစ် အနေနဲ့ အခုလို ကမ်းလှမ်းခံထားရပေမယ့်လည်း ခါဘစ် ဟာ ဘောက်ဆင်း အတွေ့အကြုံ မရှိတာကြောင့် အဆင်သင့် မဖြစ်သေးဘူးလို့ ပြောဆိုထားပါတယ်။

Photo Credit: Express

“ ဖလွိုက်မေဝဲလ်သာ နဲ့ ထိုးသတ်ဖို့ အတွက် ကျွန်တော်တို့ကို ဒေါ်လာ သန်း ၁၀၀ နဲ့ ကမ်းလှမ်းခံထားရပါတယ်။ ဒေနာဝှိုက်လည်း ဘုတ်အဖွဲ့ထဲမှာပါတယ်၊ အခြားလူတွေလည်း ပါပါတယ်။ ဒါပေမယ့် ခင်ဗျားသိလားဗျ၊ ခါဘစ်က MMA ဖိုက်တာလေ။ အကယ်၍သာ ဖလွိုက်အနေနဲ့ MMA မှာ ထိုးသတ်ချင်ရင် သူသေချာပေါက် အဆော်ခံရမှာပေါ့ ” လို့ ပြောဆိုခဲ့ပါတယ်။ ခါဘစ် ကိုယ်တိုင်ကလည်း အဆိုပါ ကမ်းလှမ်းမှုတွေ နဲ့ ပတ်သက်ပြီး ဂတ်ဂျီ နဲ့ ပွဲမတိုင်ခင်က ရှင်းလင်းထားခဲ့ဖူးပါတယ်။ “ အမြဲတမ်းလိုလိုပဲ၊ လတိုင်း လူတွေက ကျွန်တော့်ကို ခေါ်ပြီးတော့ ‘ အကယ်၍ ကျွန်တော်တို့ ခင်ဗျားကို ဒေါ်လာ သန်း ၁၀၀ ပေးမယ် ဆိုရင်၊ ခင်ဗျား မေဝဲလ်သာ နဲ့ ထိုးမလား ’ ဆိုပြီး မေးကြတယ်။ အဲ့ဒါက ရူးကြောင်ကြောင်နိုင်တဲ့ ကိစ္စလိုပါပဲ။ ဆောဒီအာရေဗျ က လူအချို့ကော၊ အမ်းမရိတ်က လူတွေကော၊ နိုင်ငံတော်တော်များများက လူတွေကောပဲ ကျွန်တော်နဲ့ စာချုပ် ချုပ်ဖို့အတွက် လတိုင်းနီးပါး အမြဲတမ်း ကြိုးစားနေသလိုပဲ ” လို့ ခါဘစ်က ပြောဆိုခဲ့ပါတယ်။

The post မေဝဲလ်သာနဲ့ ဘောက်ဆင်းထိုးသတ်ရင် ဒေါ်လာ သန်း ၁၀၀အထိ ရရှိမယ့် ခါဘစ် appeared first on MySport Myanmar.