မန်စီးတီးအသင်းရဲ့ အဓိကကစားသမားတစ်ယောက်ဖြစ်တဲ့ ကွင်းလယ်ဖန်တီးရှင် ကီဗင်ဒီဘရိုင်းကတော့ အက်စတွန်ဗီလာအသင်းနဲ့ ယှဉ်ပြိင်ကစားခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာ တံကောက်ကြောဒဏ်ရာ ရရှိသွားခဲ့တာကြောင့် ပွဲကိုဆက်လက်ကစားနိုင်ခြင်းမရှိတော့ပဲ ဒုတိယပိုင်း (၅၉)မိနစ်မှာ လူစားလဲခဲ့ရသလို ဒီဒဏ်ရာအခြေအနေလည်း မန်စီးတီး ရှေ့လာမယ့်ပွဲစဉ်တွေကိုပါ လွဲချော်ရနိုင်ပြီး လီဗာပူးလ်အသင်းနဲ့ ရင်ဆိုင်ရမယ့် Biggest Match ကိုပါ လွဲချော်ရဖွယ် ရှိနိုင်တယ်လို့ Daily Mail ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Daily Mail

မန်စီးတီးအသင်းဟာ ဒီနှစ်ဘောလုံးရာသီအစတုန်းက ရလဒ်တွေကောင်းမွန်အောင် ရုန်းကန်ခဲ့ရပေမယ့်လည်း အခုနောက်ပိုင်းပွဲစဉ်တွေမှာ ရလဒ်တွေက ဆက်တိုက်ကိုကောင်းမွန်လာခဲ့ရင်းနဲ့ အမှတ်ပေးဇယား ဒုတိယနေရာကိုထိကိုပင် တတ်လှမ်းလာနိုင်ခဲ့သလို ပွဲကျန်တစ်ပွဲကို အနိုင်ယူလိုက်နိုင်တာနဲ့ ဇယားထိပ်ကိုပါ ရောက်ရှိတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် အသင်းက ဒီလို စည်းချက်ကျကျနဲ့ Form ကောင်းမွန်နေချိန်မှာပဲ အသင်းရဲ့ အဓိက ကစားသမားဖြစ်သူ ဒီဘရိုင်းက ဗီလာနဲ့ပွဲမှာ ရရှိခဲ့တဲ့ တံကောက်ကြောဝေဒနာကြောင့် အသင်းရဲ့ပွဲစဉ်တွေကို လွဲချော်ရတော့မှာဖြစ်ပြီး ဒါက အသင်းအတွက် ထိုးနှက်ချက်ချက်တစ်ခု ဖြစ်လာနိုင်ပါတယ်။

Photo Credit : Daily Mail

အသက်(၂၉)နှစ်အရွှယ်ရှိ ဘယ်ဂျီယံလက်ရွေးစင် ကြယ်ပွင့်ကစားသမားဒီဘရိုင်းဟာ ယခင်ကတည်းက တံကောက်ကြောဒဏ်ရာကို ခံစားခဲ့ဖူးသလို အခုလည်း ဒီဒဏ်ရာကိုပဲ ထပ်မံရရှိခဲ့တာဖြစ်လို့ ရက်သတ္တပတ်ကျော်ကြာ အနားယူရနိုင်ပြီး ဝက်စ်ဘရွန်း ရှက်ဖီးယူနိုက်တက် ဘန်လေအသင်းတို့နဲ့ ယှဉ်ပြိုင်ကစားရမယ့် ပွဲစဉ်တွေအပြင် လာမယ့်ဖေဖော်ဝါရီလ (၇)ရက်နေ့မှာ အန်ဖီးလ်ကွင်းအတွင်း လီဗာပူးလ်အသင်းနဲ့ ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲကျပ်ပွဲစဉ်ကိုပါ လွဲချော်ရဖွယ် ရှိနေတာဖြစ်ပါတယ်။ လက်ရှိမှာတော့ မန်စီးတီးအသင်းအနေနဲ့ ဒီဘရိုင်းကို ဒဏ်ရာပြသာနာကြောင့် ပွဲအနည်းငယ်ခန့်လောက် လက်လွတ်ရမှာတော့ဖြစ်တဲ့အပြင် အသင်းရဲ့ အဓိကတိုက်စစ်ကစားသမားဖြစ်သူ ဆာဂျီယိုအဂွဲရိုးဟာလည်း ကိုဗစ်ကူးစက်နေသူနဲ့ ထိတွေ့မိခဲ့ရာက တစ်ဦးတည်းသီးသန့် နေထိုင်နေရင်းနဲ့ သူကိုယ်တိုင်ပါ ကိုဗစ်ကူးစက်သွားခဲ့တာကြောင့် အသင်းရဲ့ ပွဲစဉ်တွေကို ဆက်လက်လွဲချော်ရဦးမှာဖြစ်ပါတယ်။ အသက်(၃၂)နှစ်အရွှယ်ရှိ အဂွဲရိုးကတော့ ဒီနှစ်ဘောလုံးရာသီမှာ ဒဏ်ရာပြသာနာများစွာနဲ့ ရုန်းကန်နေရပြီး အသင်းအတွက်လည်း ပွဲအနည်းငယ်သာ ကစားထားနိုင်သလို သွင်းဂိုးလည်း နည်းနည်းသာ သွင်းယူထားနိုင်ခဲ့ပါတယ်။ ဒါကြောင့် စာချုပ်သက်တမ်း လပိုင်းသာရှိတော့တဲ့ အဂွဲရိုးကို မန်စီးတီးဘက်က သက်တမ်းထပ်တိုးဖို့အတွက် စောင့်ကြည့်နေဆဲသာဖြစ်ပြီး လက်တွဲဖြုတ်ဖို့ကိုပါ ဖြစ်နိုင်ခြေပိုများလို့နေပါတယ်။

The post ဒဏ်ရာပြသာနာကြောင့် လီဗာပူးလ်အသင်းနဲ့ ရင်ဆိုင်ရမယ့်ပွဲစဉ်ကိုပါ လွဲချော်ရနိုင်တဲ့ ဒီဘရိုင်း appeared first on MySport Myanmar.