စပါးအသင်းရဲ့ အဓိကတိုက်စစ်ကစားသမား ဟာရီကိန်းကတော့ လာမယ့်နွေရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာ အသင်းကနေ ထွက်ခွာသွားချင်ကြောင်း ထပ်မံတောင်းဆိုမှုတွေ ပြုလုပ်ခဲ့တယ်လို့ အင်္ဂလန်နာမည်ကျော် သတင်းမီဒီယာတွေ ဖော်ပြလာခဲ့သလို မန်ချက်စတာယူနိုက်တက်အသင်းဘက်ကနေလည်း ဒီတစ်ပတ်အတွင်းမှာပဲ ဟာရီကိန်းကို ကမ်းလှမ်းမှုတွေ လုပ်ဆောင်လာတော့မယ်လို့ သတင်းထွက်လာခဲ့ပါတယ်။

Photo Credit : Football.London

အသက်(၂၇)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် တိုက်စစ်ကစားသမား ဟာရီကိန်းဟာ စပါးအသင်းမှာ နှစ်ရှည်ကြာ ပါဝင်ကစားပေးထားခဲ့သူဖြစ်ပြီး အသင်းအတွက် သွင်းဂိုးပေါင်းများစွာကိုလည်း သွင်းယူထားသူဖြစ်ပေမယ့် လက်ရှိအချိန်ထိ စပါးအသင်းနဲ့အတူ ဆုဖလားအောင်မြင်မှုတွေ မရယူနိုင်သေးတာကြောင့် လာမယ့်နွေစျေးကွက်ထဲမှာပဲ အသင်းပြောင်းဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဟာရီကိန်းဟာ ပြီးခဲ့တဲ့လပိုင်းလောက်ကတည်းက သူ့ကို ကမ်းလှမ်းလာတဲ့ ကလပ်အသင်းတွေ ရှိလာခဲ့ရင် လက်ခံစဉ်းစားပေးဖို့ စပါးအသင်းဘက်ကို တောင်းဆိုထားခဲ့သလို အခုလည်း နောက်ထပ်တစ်ကြိမ် အသင်းနဲ့ လမ်းခွဲခွင့်ပြုဖို့ကိုပါ တောင်းဆိုလာခဲ့ပါတယ်။

Photo Credit : Goal

ဒီလို အသင်းနဲ့ လမ်းခွဲပြီး အောင်မြင်မှုတွေကို ရှာဖွေချင်နေတဲ့ ဟာရီကိန်းကို အင်္ဂလန်ထိပ်သီး ကလပ်အသင်းများဖြစ်တဲ့ မန်စီးတီး ချယ်လ်ဆီးနဲ့ ယူနိုက်တက်အသင်းတို့ကနေ အပြိုင်အဆိုင်ကို စိတ်ဝင်စားနေကြပြီး သတင်းတစ်ခုရဲ့ ဖော်ပြချက်ထဲမှာဆိုရင် ယူနိုက်တက်အသင်းက ဒီတစ်ပတ်အတွင်းမှာပဲ ဟာရီကိန်းကို ကမ်းလှမ်းမှုတွေ စတင်လုပ်ဆောင်လာတော့မယ်လို့ သိရှိရပါတယ်။ ဟာရီကိန်းကို မန်ချက်စတာ(၂)သင်းလုံးကနေ အပြိုင်အဆိုင် စိတ်ဝင်စားနေခဲ့တဲ့အပြင် လာမယ့်ရာသီမှာ တိုက်စစ်ပိုင်းကို အပြောင်းအလဲကြီး လုပ်ဆောင်သွားချင်နေတဲ့ ချယ်လ်ဆီးအသင်းကပါ ဟာရီကိန်းကို ထပ်တိုးစိတ်ဝင်စားလာခဲ့လို့ ကိန်းကိုယ်တိုင်ကပါ စပါးအသင်းကနေ ထွက်ခွာချင်လာတာဖြစ်ပါတယ်။ လက်ရှိမှာ စပါးအသင်းကလည်း ယူရိုပါလိဂ် ဝင်ခွင့်လောက်သာ ရရှိနိုင်တော့မှာဖြစ်သလို ဆုဖလားလက်မဲ့ရာသီတစ်ခုကိုလည်း ဆက်လက်ဖြတ်သန်းနေရတာဖြစ်လို့ ဟာရီကိန်းလို အသင်းရဲ့ ထိပ်တန်းကစားသမားတွေက အသင်းနဲ့ ဆက်လက်ပူးပေါင်းဖို့ ဆန္ဒမရှိတော့ပဲ အောင်မြင်မှုတွေ ရရှိနေတဲ့ ကလပ်အသင်းကြီးတွေကိုသာ ပြောင်းရွှေ့ချင်နေကြပါတယ်။

The post နွေစျေးကွက်အတွင်းမှာ အသင်းကနေ ထွက်ခွာလိုကြောင်း တောင်းဆိုလာခဲ့ပြန်တဲ့ ဟာရီကိန်း appeared first on MySport Myanmar.