ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းရဲ့ အီတလီ လက်ရွေးစင် ကွင်းလယ်လူ ဂျော်ဂျင်ဟိုဟာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ အတွက် UEFA တနှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရရှိဖို့ ရေပန်းအစားဆုံး ဖြစ်နေကြောင်း သိရပါတယ်။

၂၀၂၀-၂၀၂၁ ဘောလုံးရာသီရဲ့ UEFA တနှစ်တာ အကောင်းဆုံး ကစားသမားဆု အတွက် စကာတင် ကစားသမား သုံးဦးစာရင်း ထွက်ပေါ်ထားရာ ချန်ပီယံလိဂ် ချန်ပီယံ ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်လူ နှစ်ဦး ဖြစ်တဲ့ ကန်တီနဲ့ ဂျော်ဂျင်ဟို ၊ ပရီးမီးယားလိဂ် ချန်ပီယံနဲ့ ချန်ပီယံလိဂ် ဒုတိယဆု ပိုင်ရှင် မန်ချက်စတာ စီးတီးအသင်းရဲ့ ကွင်းလယ်လူ ဒီဘရိုင်းတို့ ပါဝင်နေပါတယ်။

Photo Credit: UEFA

၂၀၂၀-၂၀၂၁ ဘောလုံးရာသီ အတွက် UEFA တနှစ်တာ အကောင်းဆုံး ကစားသမားဆုတွေကို ယခု ကြာသပတေးနေ့မှာ ပေးအပ်ချီးမြှင့်ဖို့ စီစဉ်ထားပြီး လက်ရှိမှာတော့ ဆုရမယ့် ကစားသမားတွေကိုလည်း ရွေးချယ်ထားပြီးပါပြီ။

အီတလီ အခြေစိုက် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Tutto Mercato သတင်းဌာနရဲ့ ဖော်ပြချက်အရ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ UEFA တနှစ်တာ အကောင်းဆုံး ကစားသမားဆုကို ချန်ပီယံလိဂ်ဖလား ၊ ယူရို၂၀၂၀ဖလားတို့ကို ရရှိထားတဲ့ အီတလီ လက်ရွေးစင် ကွင်းလယ်လူ ဂျော်ဂျင်ဟိုကို ရရှိဖို့ ကျိန်းသေကြောင်း သိရပါတယ်။

Photo Credit: UEFA

UEFA တနှစ်တာ အကောင်းဆုံး ကစားသမားဆုဟာ ဥရောပရဲ့ အကောင်းဆုံး ကစားသမားဆု ဖြစ်ပြီး အဆိုပါဆုကို ရရှိတဲ့ ကစားသမားတွေဟာ ရွှေဘောလုံးဆုကိုပါ ရရှိတတ်တဲ့ အလေ့အထ ရှိတာကြောင့် အကယ်၍ ဂျော်ဂျင်ဟိုသာ တနှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့ရင် ရွှေဘောလုံးဆုကိုလည်း သူကပဲ ရရှိလိမ့်မယ် ဆိုတဲ့ ထင်ကြေးပေးမှုတွေလည်း မြင့်တက်နေပါတယ်။