၂၀၁၇ခုနှစ်နောက်ပိုင်းကတည်းက ဆုဖလားတွေနဲ့ အလှမ်းဝေးနေရတဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပြင်သစ်ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာက သူဟာ ဆုဖလားအောင်မြင်မှုတွေကို အလိုရှိသူဖြစ်ပြီး ဆုဖလားတွေကို မကိုင်မြှောက်ရတာဟာ နှစ်အနည်းငယ် ကြာမြင့်နေပြီဖြစ်တာကြောင့် သူအနေနဲ့ ဆုဖလား ဆွတ်ခူးခြင်းတွေကို လွမ်းဆွတ်မိတဲ့အပြင် ဒီရာသီမှာလည်း ယူရိုပါလိဂ်ပြိုင်ပွဲအတွင်း အောင်မြင်မှုရအောင် သေချာပေါက် လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Goal

အသက်(၂၈)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမား ပေါ့ဘာဟာ ယူနိုက်တက်အသင်းနဲ့အတူ ၂၀၁၆-၂၀၁၇ ဘောလုံးရာသီမှာပဲ ယူရိုပါလိဂ်ဖလားနဲ့ လိဂ်ဖလားတို့ကို ရယူနိုင်ခဲ့ပြီးနောက်ပိုင်း ဆုဖလားတွေနဲ့ အလှမ်းဝေးနေခဲ့ရတာဖြစ်ပြီး အမြင့်ဆုံး ဆီမီးဖိုင်နယ်လောက်အထိကိုသာ တတ်လှမ်းခဲ့ရပါတယ်။ ဒါပေမယ့် ဒီရာသီမှာတော့ ယူနိုက်တက်အသင်းဟာ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ အခြေအနေအကောင်းဆုံး ဖြစ်နေရပြီး ဒီအခွင့်အရေးကိုတော့ အကောင်းဆုံး အသုံးချသွားမယ်လို့ ပေါ့ဘာက ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Goal

ပေါ့ဘာက “တစ်ဦးတည်းရဲ့ ပုဂ္ဂိုလ်ရေးအရ ကျွန်တော်ဆုဖလားတွေကို လွမ်းဆွတ်နေမိတယ်။ တစ်စုံတစ်ခုကို လွမ်းဆွတ်သတိရမိနေသလိုမျိုး။ ကျွန်တော် တစ်ခုခုကိုတော့ ရယူသွားချင်ပါတယ်။ ဘာမှ ဆွတ်ခူးမှုမရှိပဲ ကစားနေရတာမျိုးကို ကျွန်တော်သဘောမကျပါဘူး။ ကျွန်တော်က အရှုံးသမားတစ်ယောက်။ အမြဲတမ်း ဆိုးရွှားတဲ့ အရှုံးသမားတစ်ယောက် ဖြစ်နေမှာကို မလိုလားဘူး။ ဒါကြောင့် ကျွန်တော် ကစားနေရချိန်တိုင်းမှာ အနိုင်ရချင်တယ်။ အောင်မြင်ချင်ပါတယ်။ ကျွန်တော်တို့အသင်းအနေနဲ့လည်း ဆုဖလားတွေနဲ့ ပိုပိုပြီး နီးစပ်လာပြီလို့ ကျွန်တော်ထင်မိပါတယ်။ အသင်းက တိုးတတ်မှုတွေ ရှိနေတယ်လို့လည်း ကျွန်တော်ပြောချင်ပါတယ်။ ကျွန်တော်က တိုးတတ်မှုအကြောင်းကို ပြောလာချိန် အသင်းမှာကလည်း ရည်မှန်းချက်တွေ ရည်ရွှယ်ချက်ကြီးတွေ ရှိနေမှာဖြစ်သလို ဒါတွေကတော့ နိုင်ပွဲတွေရဖို့နဲ့ ဆုဖလားတွေကို ရယူနိုင်ဖို့ပါပဲ။ အခုကတော့ ကျွန်တော်တို့အသင်းအနေနဲ့ ယူရိုပါလိဂ်မှာ ကစားနေရသေးတာမို့ တစ်ခုခု အောင်မြင်မှုရအောင် လုပ်ဆောင်နိုင်ဖို့ အခွင့်အရေး ရှိပါသေးတယ်။ အမှတ်ပေးလိဂ်ဘက်မှာလည်း မန်စီးတီးက ဗိုလ်မစွဲသေးတာကြောင့် ကျွန်တော်တို့ဘက်က တစ်ခုခု လုပ်ဆောင်နိုင်ပါသေးတယ်။ ဒီရာသီမှာတော့ ကျွန်တော်တို့ အောင်မြင်တဲ့ ရာသီတစ်ခုအဖြစ် ဖန်တီးနိုင်ဖို့ အခွင့်အရေး ရှိနေပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

The post ဆုဖလားတွေ ဆွတ်ခူးရယူခဲ့ခြင်းကို လွမ်းဆွတ်မိတယ်လို့ ကွင်းလယ်လူပေါ့ဘာ ထုတ်ဖော်ပြောဆို appeared first on MySport Myanmar.