သင်က လက်ရှိ Setting Spray ကုန်နေတာပဲဖြစ်ဖြစ် ဒါမှမဟုတ် ကိုယ်တိုင်လုပ်ချင်လို့ ဖြစ်ဖြစ် ခု ပြောပြထားတဲ့ Setting Spray ပြုလုပ်နိုင်ပါတယ်။ Make up Setting Spray ဖြန်းပြီးနောက်နဲ့ မဖြန်းတဲ့ သက်ရောက်မှုက ကွာခြားပါတယ်။ Make up Setting spray ဖြန်းထားတယ်ဆိုရင် ကိုယ်လိမ်းထားတဲ့ Cosmetics တွေက သူ့နေရာနဲ့သူ အတည်တကျ ရှိနေတတ်ပါတယ်။

မဖြန်းဖြစ်ဘူးဆိုရင် လိမ်းထားတာတွေ အလွယ်တကူ ပျက်သွားနိုင်ပါတယ်။

သင့်အနေနဲ့ ဆိုင်မှာ ဝယ်ဖို့ အချိန်မရှိဘူးဆိုရင် DIY Make Up Setting Spray ကို ကိုယ်တိုင် ဖန်တီး နိုင်ပါတယ်။ ဒီအတွက် လိုအပ်တဲ့ ပစ္စည်းတွေကတော့

၁။ Rose Water

Rose Water က မျက်နှာယောင်ယမ်းတာကို ကျစေပြီး ဘတ်တီးရီးယား ကာကွယ်ပေးနိုင်ပါတယ်။ ဝက်ခြံဖြစ်တာ သက်သာစေပါတယ်။ မျက်နှာအသားအရေကို တောက်ပစေတာကြောင့် Setting Spray အနေနဲ့ သုံးသင့်တာပါ။ မျက်နှာကို ရေဓာတ် ပြည့်နေစေပါတယ်။

၂။ Aloe Vera Gel

အလှကုန်အနေနဲ့ ထုတ်လုပ်ထားတဲ့ Aloe Vera Gel ကို အသုံးပြုနိုင်ပါတယ်။ Aloe Vera က မျက်နှာကို အစိုဓာတ် ပြည့်ဝစေပါတယ်။ မိတ်ကပ်လိမ်းပြီးနောက် ဖြန်းလိုက်တဲ့အချိန် စိုစိုလေးနဲ့ Glow Look ရစေမှာပါ။ အဆီပြန်တာ သက်သာစေပါတယ်။ မျက်နှာ အတွက် လိုအပ်တဲ့ အာဟာရ ဓာတ်တွေကို ဖြည့်စွမ်း ပေးနိုင်ပါတယ်။ မိတ်ကပ်သားကို ကြာရှည်ခံစေပါတယ်။

၃။ ပေါင်းခံရည် Distilled Water

၄။ ခွက်အလွတ်

၅။ Spray Bottle အလွတ်

ထည့်ပုံ အချိုးအစားကတော့ ပေါင်းခံရည် ၂ပုံမှာ Rose Water တစ်ပုံ Aloe Vera Gel တစ်ပုံ ထည့်ပေးရပါမယ်။ ပါဝင်ပစ္စည်းတွေကို ခွက်အလွတ်ထဲ ရောပြီးနောက် မွှေပေးရပါမယ်။ ပြီးနောက် Spray Bottle အလွတ်ထဲ ထည့်ပေးရပါမယ်။

Spray Bottle ထဲမှာ ထည့်ပြီးနောက် သေချာ လှုပ်ပေးရပါမယ်။ ပြီးရင်တော့ Setting Spray အနေနဲ့ အသုံးပြုနိုင်ပါပြီ။

Photo Source: Pinterest

By MyStyle Myanmar