သင်က နဂိုကထက် ပိုပြီး သူငယ်ချင်းပီသသူ ဖြစ်ချင်တယ်ဆိုရင်တော့ ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။ ပိုကောင်းတဲ့ မိတ်ဆွေကောင်း တစ်ယောက်ဖြစ်ဖို့ ကိုယ်ရွေးချယ် သုံးနှုန်းလိုက်တဲ့ စကားလုံးတွေကလည်း အရေးပါ နေတတ်ပါတယ်။ သင်ကိုယ်တိုင် မသိလိုက်ဘဲ စကားအသုံးအနှုန်း မှားယွင်းနေတဲ့ အကြောင်းအရာတွေ ရှိတတ်ပါတယ်။ ဒီတော့ ကြည့်လိုက်ရအောင်-

၁။ “ခုလို ကြားရတာ စိတ်မကောင်းပါဘူ:” အစား

သူငယ်ချင်းက တစ်ခုခု အဆင်မပြေ ဖြစ်တဲ့အခါ ကိုယ့်ဘက်က ” စိတ်မကောင်းပါဘူး” ဆိုတဲ့ စကားအစား “ငါနင့်ကို ဘယ်လို ကူညီပေးရမလဲ၊ ဘယ်လို ပံ့ပိုးပေးရမလဲ” ဆိုတဲ့ စကားမျိုးကို ပြောသင့်ပါတယ်။

၂။ “ဆိုးလိုက်တာဟာ” အစား

သူငယ်ချင်းရဲ့ ကံဆိုးခြင်းတွေအတွက် “ခုလို ဖြစ်တာ ဆိုးလိုက်တာ” ဆိုတဲ့ စကားအစား “ဒီကိစ္စ ကနေ နင် ဘာသင်ခန်းစာရလိုက်လဲ..နင် ဘာကို သဘောပေါက်သွားလဲ” စတဲ့ မေးခွန်းမျိုး မေးသင့်ပါတယ်။

၃။ “နင်လုပ်ကြည့်ပါလား” အစား

သူငယ်ချင်း ဖြစ်သူကို တစ်ခုခု စမ်းသပ်ခိုင်း စေချင်တဲ့အခါ “နင်လုပ်ကြည့်ပါလား” ဆိုတဲ့ စကားနေရာမှာ “နင်လုပ်ဖူးလား..နင်ဒါကို ကြုံဖူးလား” ဆိုတဲ့ စကားမျိုးကို အစားထိုးသင့်ပါတယ်။

၄။ “နင်ဒီထက် ပိုလုပ်နိုင်ရမှာ” အစား

သူငယ်ချင်းက တစ်နေရာရာမှာ ရှုံးနိမ့်သွားလို့ စိတ်မကောင်းဖြစ်တဲ့အခါ ကိုယ်က အားမလို အားမရ စိတ်နဲ့ “နင်ဒီထက် ပိုကြိုးစားလိုက်သင့်တာ” ဆိုတဲ့ စကားနေရာမှာ “နင်က ဒီထက် ပိုကောင်းတာနဲ့ ထိုက်တန်တာ” လို့ ပြောင်းပြောသင့်ပါတယ်။

၅။ “ငါလည်း လုပ်ဖူးချင်လိုက်တာ” အစား

သူငယ်ချင်းရဲ့ အောင်မြင်မှုတစ်ခုခု၊ ဒါမှမဟုတ် အဆင်ပြေမှု တစ်ခုခုအတွက် “ငါလည်း နင့်လို ဖြစ်ချင်လိုက်တာ၊ လုပ်ဖူးချင်လိုက်တာ” ဆိုတဲ့ စကားနေရာမှာ “ငါနင့်အတွက် ဝမ်းသာလိုက်တာ” ဆိုတဲ့ စကားကို အစားထိုး ပြောသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar